
နေပြည်တော် စက်တင်ဘာ ၁၇
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲက ကော့သောင်းမြို့ ရွှေစင်ယော် ရပ်ကွက် အင်ကြင်းလမ်း အိမ်အမှတ် ၄၈၄ ဖြိုးကိုကို(ခ) ကိုဖြိုး ၏နေအိမ်ကို ရှာဖွေစစ်ဆေးရာ ၎င်းနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၈ နာရီခွဲတွင် ကော့သောင်းမြို့နယ် ဘန်းကချွန်ကျေးရွာ အုပ်စု (၁၄)မိုင်ကျေးရွာ အနီး ခရီးသည်တင်ယာဉ်ပေါ်၌ မစိုးသင်္ကြန်မျိုးကို ဆက်လက်ဖမ်းဆီး ရမိခဲ့ကာ ၎င်း၏ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် ၁၂၈ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားတွင် ကိုကို(ခ)ဖိုးခွား မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၁၉၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား