ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးစေမည်

Type

ချမ်းမြေ့မောင်

=====

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဒက္ခိဏ ခရိုင်နှင့် ဥတ္တရခရိုင်ဟူ၍ ခရိုင်နှစ်ခုရှိပြီး ဒက္ခိဏ ခရိုင်တွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ပါဝင်ပြီး ဥတ္တရခရိုင်တွင် ဇေယျာသီရိမြို့နယ်၊ တပ်ကုန်း မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ ပါဝင်သည်။ 
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြို့ပေါင်း ရှစ်မြို့ရှိပြီး ကျေးရွာစုစုပေါင်း ၇၉၆ ရွာရှိသည့် အနက် ကျေးရွာ ၁၇၉ ရွာသည် ရာသီမရွေးသွား လာနိုင်ပြီး ကျေးရွာ ၆၁၇ ရွာသည် ခြောက်သွေ့ ရာသီမှသာ သွားလာနိုင်သည်။ ထို့ကြောင့် ရာသီ မရွေးသွားလာနိုင်သည့်လမ်းများ    ဖြစ်စေရန် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။


ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးပြီး ရေရှည် တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရန်နှင့် ကျေးလက်လမ်း   စဉ်ဆက်မပြတ်     ဖွံ့ဖြိုးရေး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာ စွာဖြင့် ဈေးကွက်သို့ ကျေးလက်လမ်းကို အသုံးပြု ပြီး အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေ ပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကိစ္စများအတွက် ကျေးလက်လမ်းကွန်ရက်များ အသုံးပြုပြီး အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းကို အထောက် အကူဖြစ်စေရေးတို့သည် ကျေးလက်နေ ပြည်သူ များအတွက် ချမှတ်ထားသည့် ရည်မှန်းချက်များ ဖြစ်သည်။


၂၀၃၀  ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများ အားလုံး၏   ၈၀  ရာခိုင်နှုန်းနှင့်  နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီ မရွေး သွားလာနိုင်သော ကျေးလက်လမ်းများ အဖြစ်   နှစ်စဉ်အဆင့်မြှင့်ဆောင်ရွက်ရေးသည် လည်း     ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ပြည်သူအတွက် မဖြစ်မနေဆောင်ရွက် ပေးရမည့် ရည်မှန်းချက်ဖြစ်ရာ ထိုရည်မှန်းချက် များကို ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို ဆောက် လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်   ဇူလိုင်  ၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


ကျေးလက်လမ်း       ဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေ    နေပြည်တော်အတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူ ၈၇၀၄၃၀ အတွက် မြေသားလမ်းသာရှိသော အခြေအနေမှ ရာသီမရွေးသွားလာနိုင်သည့်    ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်းများ အဖြစ်လည်းကောင်း၊ ဒေသဆောက်  ဝါးတံတား၊ သစ်သားတံတားများမှ သဘာဝဘေးဒဏ်ခံနိုင်သော သံကူကွန်ကရစ်တံတားများအဖြစ်  လည်းကောင်း အဆင့်မြှင့်တင် ဆောက်လုပ်ပေးလျက်ရှိသည်။
ကျေးလက်နှင့်မြို့ပြလူနေမှုဘဝ ကွာဟမှုနည်းပြီး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်းများကို အဆင့်မြှင့်တင်ရာတွင် နေပြည်တော် အတွင်း ကွန်ကရစ်လမ်း ၆၄/၇ ဒသမ ၇၁ မိုင်၊ ကတ္တရာလမ်း ၁၀၄/၃ ဒသမ ၆ မိုင်၊ ကျောက်လမ်း ၁၈၇/၂ ဒသမ ၀၈ မိုင်၊ အမာခံလမ်း ၄၃၇/၄ ဒသမ ၄ မိုင်၊ မြေသားလမ်း ၄၈၆/၆ ဒသမ ၂၇ မိုင်၊ ဆိုင်ကယ် လမ်း ၃၂၇/၀ ဒသမ ၆၃ မိုင် စုစုပေါင်းကျေးလက် လမ်းမိုင် ၁၆၀၈/၀ ဒသမ ၇၂ မိုင်ကို နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။


နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ   ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း ၈၅/၇ ဒသမ ၃ မိုင်၊ ကတ္တရာလမ်း ၅၉/၁ ဒသမ ၆၃ မိုင်၊ ကျောက်ချောလမ်း ၈၇/၄ ဒသမ ၂၃ မိုင်၊ ဂဝံ/ဂျင်းလမ်း ၁၅၁/၄ ဒသမ ၈၈ မိုင်၊ မြေသားလမ်း ၁၂၃/၃ ဒသမ ၈၂ မိုင် စုစုပေါင်း လမ်းမိုင် ၅၀၇/၅ ဒသမ ၈၆ မိုင်ကို ကျေးလက်နေ ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင် ခဲ့သည်။



ကျေးလက်တံတားများ
ထို့ပြင် ကျေးလက်တံတားများအနေဖြင့် နေပြည်တော်အတွင်း ကွန်ကရစ်တံတား ၄၆ စင်း၊ သစ်သားတံတား သုံးစင်း၊ ရေကျော်အစင်း ၃၀၊ Box Culvert ၂၆၆ စင်း စုစုပေါင်း ၃၄၇ စင်းကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။


ဌာန၏ဆောင်ရွက်ချက်များ 


ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို စတင် ဖွဲ့စည်းခဲ့သည့်    ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ     ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အထိ  ကွန်ကရစ်လမ်း ၈၅/၇ ဒသမ ၃ မိုင်၊ ကတ္တရာလမ်း ၅၉/၁ ဒသမ ၆၃ မိုင်၊ ကျောက်ချောလမ်း ၈၇/၄ ဒသမ ၂၃ မိုင်၊ ဂဝံ/ဂျင်းလမ်း ၁၅၁/၄ ဒသမ ၈၈ မိုင်၊ မြေသားလမ်း ၁၂၃/၃ ဒသမ ၈၂ မိုင် စုစုပေါင်းလမ်းမိုင် ၅၀၇/၅ ဒသမ ၈၆ မိုင်ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး နေပြည်တော်အတွင်းရှိ ကျေးလက်လမ်းများအား ရာသီမရွေးသွားလာနိုင်သောလမ်းမှာ ၂၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ခြောက်သွေ့သောရာသီတွင် သွား လာနိုင်သောလမ်း ၇၇ ဒသမ ၅ ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့သည်။


ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မဟာ ဗျူဟာရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံးရှိ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်း ကျေးလက် လမ်းများကို   အသုံးပြုနိုင်ရန်ဖြစ်သည့်အတွက် လက်ရှိစာရင်းကောက်ယူထားသော ကျေးရွာများ ၏ လူဦးရေ ၁၀၀၀ နှင့်အထက်ရှိ ကျေးရွာအားလုံး ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၉၀၀ အထက်ရှိ ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၂၅၀ နှင့်အထက်ရှိ ကျေးရွာများအားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာအားလုံး၏ ၉၀ ရာခိုင်နှုန်းတို့ကို ၂၀၃၀ ပြည့် နှစ်တွင် ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။


ဆက်လက်အဆင့်မြှင့်တင်မည်


ထို့အတူ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျေးလက်လမ်း၊ တံတားများ ရေရှည်တည်တံ့ အောင် ဆောင်ရွက်ပေးခြင်း၊ အဆင့်မြှင့်တင်ဆောင် ရွက်ပေးခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အတွက် ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာ၍ နေပြည်တော် အတွင်းရှိ  ကျေးလက်နေပြည်သူများ၏  လူမှုစီးပွား ဘဝများသည် အရှိန်အဟုန်ဖြင့်  ဖွံ့ဖြိုးတိုးတက် လာမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။        ။