
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းတို့အတွက် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် ရည်မှန်းချက်အား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြစ်ဝကျွန်းပေါ်ဒေသ
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိပြီး စတုရန်းမိုင် ၁၃၅၆၈ ကျယ်ဝန်းကာ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံ ခရိုင်၊ လပွတ္တာခရိုင် စသည့် ခရိုင်ခြောက်ခုဖြင့် ဖွဲ့စည်ထားရှိပြီး စုစုပေါင်း မြို့နယ် ၂၆ မြို့နယ် ပါဝင်သည်။ ကျေးရွာအုပ်စု ၁၉၁၇ အုပ်စု၊ ကျေးရွာပေါင်း ၁၁၃၈၃ ရွာ၊ အိမ်ခြေပေါင်း ၁၉၄၆၄၉၉ ၊ လူဦးရေ ၇၆၄၇၉၅၄ ဦးခန့် မှီတင်း နေထိုင်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး သည် မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး အရှေ့ ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် အနောက်မြောက်ဘက်တွင် ရခိုင်ပြည်နယ်တို့နှင့် ဆက်စပ်လျက်ရှိသည်။ ကမ်းရိုးတန်းမှာ အနောက် ဘက် ရခိုင်ပြည်နယ်နယ်စပ်မှ မော်တင်စွန်းအထိ မိုင် ၁၈၀ ခန့် ရှည်လျားပြီး တောင်ဘက်ခြမ်း ကမ်းရိုးတန်းမှာ မိုင် ၁၅၀ ခန့် ရှည်လျားသည်။
မြစ်ချောင်း၊ အင်းအိုင်၊ ရေနက်ကွင်းများ များပြားလှသော ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူများ ရာသီ မရွေးသွားလာနိုင်ရန်အတွက် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက် လမ်း၊ တံတားများကို အသစ်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် တွင် ကွန်ကရစ်လမ်း ၁၃/ ၆ ဒသမ ၀၈ မိုင်၊ ကျောက် လမ်း ၂၄/ ၀ ဒသမ ၅ မိုင်၊ အမာခံလမ်း ၁၉/ ၃ မိုင်၊ မြေသားလမ်း ၁၇/ ၀ ဒသမ ၅ မိုင်၊ ကွန်ကရစ်တံတား အစင်း၂၀ ၊ သစ်သားတံတားငါးစင်း၊ ဘေလီတံတား နှစ်စင်း၊ မြောင်းကူးတံတားခုနစ်စင်း၊ ရေကျော် နှစ်စင်း၊ အခြားနှစ်စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ သည်။
အဆင့်မြှင့်တင်
၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၂၉/ ၄ ဒသမ ၀၈ မိုင်၊ ကတ္တရာလမ်း ၉/ ၀ ဒသမ ၈ မိုင် ကျောက်လမ်း ၄၉/ ၂ ဒသမ ၈၈ မိုင်၊ အမာခံ လမ်း ၁၃/၅ ဒသမ ၅ မိုင်၊ မြေသားလမ်း ၅၂/၇ ဒသမ ၂ မိုင်၊ ကွန်ကရစ်တံတား ၄၃ စင်း၊ သစ်သားတံတား တစ်စင်း၊ မြောင်းကူးတံတား ၈၈ စင်း၊ အခြားငါးစင်း တို့ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၃၄/ ၁ ဒသမ ၄၂ မိုင်၊ ကတ္တရာလမ်း ၆/ ၂ ဒသမ ၇၁ မိုင် ကျောက်လမ်း ၉၄/ ၀ ဒသမ ၆ မိုင်၊ အမာခံ လမ်း ၁၂/ ၄ ဒသမ ၃၆ မိုင် ၊ မြေသားလမ်း ၄၆/၁ ဒသမ ၀၈ မိုင်၊ ကွန်ကရစ်တံတား ၅၂ စင်း၊ မြောင်းကူးတံတား ၇၇ စင်း၊ အခြားငါးစင်းတို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၃၉/၃ ဒသမ ၁၆ မိုင်၊ ကတ္တရာလမ်း ၄ မိုင်၊ ကျောက်လမ်း ၁၀၃ မိုင်၊ အမာခံလမ်း ၃၁/ ၅ ဒသမ ၁ မိုင်၊ မြေသားလမ်း ၇၂/ ၁ ဒသမ ၂၇ မိုင်၊ ကွန်ကရစ်တံတား ၃၉ စင်း၊ မြောင်းကူးတံတား ၄၈ စင်းတို့ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း ၁၁၆/ ၆ ဒသမ ၈၁ မိုင်၊ ကတ္တရာလမ်း ၁၉/ ၄ ဒသမ ၁ မိုင် ကျောက်လမ်း ၂၇၀/၄ ဒသမ ၀၃ မိုင်၊ အမာခံ လမ်း ၇၇/ ၃ ဒသမ ၄၈ မိုင်၊ မြေသားလမ်း ၁၈၈/၂ ဒသမ ၀၇ မိုင်၊ ကွန်ကရစ်တံတား ၁၅၄ စင်း၊ သစ်သားတံတားခြောက်စင်း၊ ဘေလီတံတား နှစ်စင်း၊ မြောင်းကူးတံတား ၂၂၀ ၊ ရေကျော်နှစ်စင်း၊ အခြား ၁၂ စင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ရှေ့ပြေးစီမံကိန်း
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ရှေ့ပြေးစီမံကိန်းအနေဖြင့် ပုသိမ်ခရိုင် သာပေါင်း မြို့နယ် ကြက်သွန်ကွင်းကျေးရွာမှ ပုသိမ်မြို့နယ် (မကျီးဇင်) ကျေးရွာ ပင်လယ်ကမ်းခြေအထိ စုစု ပေါင်း ၄၂/ ၀ မိုင်အား ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ဘဏ္ဍာနှစ်အလိုက် စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကြက်သွန်ကွင်း - သဲဖြူ- မကျီးဇင်လမ်းအား ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြေသာလမ်း ၁၆/၀ မိုင်၊ ကျောက်ချောလမ်း ၅/၆ မိုင်နှင့် မကျီးဇင် ကျေးရွာအထိ (ပင်လယ်ကမ်းခြေထိ) တစ်ကြောင်း ထိုးလမ်းဖောက်လုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၂/ ၀ မိုင်၊ ကျောက်ချောလမ်း ၅/ ၇ မိုင်၊ မြေသားလမ်း ၁၀/၀ မိုင်၊ ကွန်ကရစ်တံတား ၁၀ စင်း၊ မြောင်းကူး တံတား ၅၄ စင်းတို့ ဆောင်ရွက်ခဲ့သည်။ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၃/၀ ဒသမ ၁၈ မိုင် ၊ ကျောက်ချောလမ်း ၆/၀ မိုင်၊ ကွန်ကရစ် တံတားတစ်စင်း ၊ မြောင်းကူးတံတား ၁၇ စင်းတို့ ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်း ၅/ ၀ မိုင်အား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။
ကမ်းခြေပတ်လမ်း
အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၉၈ ရွာ၊ အိမ်ထောင်စု ၉၅၇၅ စု၊ လူဦးရေ ၃၇၅၇၅ ဦး အား အကျိုးပြုမည်ဖြစ်သည်။ ကြက်သွန်ကွင်း- သဲဖြူ - မကျီးဇင်လမ်းမှာ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကမ်းခြေ ပတ်လမ်းသို့ တိုက်ရိုက်ချိတ်ဆက် ဖောက်လုပ်ထား ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာနှင့် ရခိုင်ပြည်နယ် နယ်စပ်တွင်ရှိသော ကျောက်ချွန်တံတားနှင့် ၈/၄ မိုင်ခန့်သာကွာဝေးပြီး ကမ်းခြေပတ်လမ်း စီမံကိန်း ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကြက်သွန်ကွင်း- သဲဖြူ- မကျီးဇင်လမ်းအား အသုံးပြု၍ ဧရာဝတီ တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြို့၊ ငပလီကမ်းခြေတို့အား အချိန်တိုအတွင်း ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် Pilot Project စီမံကိန်းဖြင့် ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပဆင်- တာဂွ- ဘုရားကုန်း- ဓမ္ဘီလမ်း ကတ္တရာခင်း ခြင်း စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်း ၄/၃ မိုင် ၊ ကွန်ကရစ်တံတားလေးစင်း၊ မြောင်းကူးတံတားတစ်စင်း အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်း ၁/၂ မိုင်၊ မြေသားလမ်း ၅/ ၁ မိုင်၊ ကွန်ကရစ်တံတား နှစ်စင်းအား ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်း ၁/ ၀ မိုင် အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလမ်းမှာ ဟင်္သာတမြို့အနီး တာဂွကျေးရွာ တွင် လမ်းဦးစီးဌာနပိုင် ဟင်္သာတ- ဆုံကုန်: - မြန်အောင်လမ်းမှခွဲထွက်၍ တာဂွ၊ သင်္ဃန်းကွင်း၊ အင်းဇရပ်၊ မှော်သေး၊ ဆပ်ပြာအိုင် ဘုရားကုန်း၊ ကင်မွန်းချောင်း၊ ဓမ္ဘီကျေးရွာများကို ဖြတ်သန်းကာ ဓမ္ဘီကျေးရွာအနီးရှိ ဆည်မြောင်းဦးစီးဌာနပိုင် ဆည် မြောင်းရေကာတာသို့ ဆက်သွယ်ထားသော အရှည် ၉/၅ မိုင် ရှိသည့်လမ်းဖြစ်ပြီး ဟင်္သာတမြို့နယ်ရှိ ရေကြီးရေလျှံဒေသများသို့ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်း ကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား နှစ်အလိုက်စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဟင်္သာတမြို့နယ်ရှိ ကျုံတုံး၊ ဘုရား ကုန်း၊ လိပ်ချောင်း၊ ကင်မွန်းချောင်း၊ ငဖယ်တူ၊ ကညင်ကောက် ၊ ရွာသာ၊ ဓမ္ဘီ၊ ခြင်ဘို့၊ သမ္ဘရာတိုင်း၊ ပဲကြီးကျွန်း၊ လက်ပံလှ စသည့် ကျေးရွာအုပ်စု ၁၂ အုပ်စုမှ ကျေးရွာ ၉၉ ရွာ ၊ အိမ်ထောင်စု ၁၂၂၉၁ ၊ လူဦးရေ ၄၈၁၈၂ တို့ကို အကျိုးပြုသောလမ်း ဖြစ်သည်။
ပြန်လည်ထူထောင်ရေးစီမံကိန်း
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်အကူအညီဖြင့် ရေကြီး၊ ရေလျှံနှင့် မြေပြိုမှုများကြောင့် ပြန်လည် ထူထောင်ရေးစီမံကိန်း (Flood and Landslide Emergency Recovery Credit) ဖြင့် ပုသိမ်ခရိုင်ကျုံပျော်မြို့နယ်တွင် ကျေးလက်လမ်း (၁)လမ်းနှင့် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်လမ်း(၁)လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ခဲ့သည်။ ဆောင်ရွက်မှုအနေဖြင့် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်ရှိ ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ်လမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်း ၈/ ၅ မိုင်၊ မြောင်းကူး တံတား ၁၉ စင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကျေးရွာ ၁၇ ရွာ ၊ အိမ်ခြေ ၂၄၅၇ အိမ်၊ လူဦးရေ ၁၀၆၂၇ ဦးတို့အား အကျိုးပြုနိုင်ခဲ့သည်။ မအူပင်ခရိုင် ဓနုဖြူမြို့နယ်အတွင်း စံကင်း− ကလော့သော့လမ်းအား ၂၀၁၈ -၂၀၁၉ ဘဏ္ဍာ နှစ်တွင် ကွန်ကရစ်လမ်း ၂/ ၇ ဒသမ ၉၈ မိုင်၊ မြောင်းကူးတံတားငါးစင်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာ ၂၄ ရွာ၊ အိမ်ခြေ ၂၂၇၁ အိမ်၊ လူဦးရေ ၉၉၅၂ ဦးတို့အား အကျိုးပြု နိုင်ခဲ့သည်။
မဟာဗျူဟာ ရည်မှန်းချက်များ
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြို့ပြနှင့် ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်လမ်း တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက် လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာ စွာဖြင့် စျေးကွက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ရက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွား လာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း အား အထောက်အကူဖြစ်စေရေး၊၂၀၃၀ ပြည့်နှစ် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး ၈၀ ရာခိုင်နှုန်း နှင့်နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင် နှုန်းအတွက် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန်နှစ်စဉ် အဆင့်မြှင့်တင်ဆောင်ရွက်ရေး စသည့်မဟာဗျူဟာ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်
အဆင့်မြှင့်တင်
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ မဟာဗျူဟာရည်မှန်းချက်ကို အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိရာ ရာသီ မရွေး သွားလာနိုင်သော လမ်းများအား ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ၃၅ ရာခိုင်နှုန်းထိ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သည်။ မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် သဘာဝဘေးဆိုင်ရာအရေးပေါ် ပျက်စီးသည့် ကျေးလက်လမ်း၊ တံတားများအား ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် မြန်၊ ကောင်း ၊ သက်သာ နည်းလမ်းဖြင့် အချိန်တိုအတွင်း ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မုန်တိုင်းဒဏ်ခံ Cyclone Shelter များအား ကျေးရွာများမှ ဆက်သွယ် သည့် လမ်းများအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အဆင့် မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အရှိန်အဟုန်ဖြင့်အဆင့်မြှင့်တင်
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ ဒီရေတောများ ပေါများသည့် တိုင်းဧရာရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်လမ်း၊ တံတားများအား ရာသီမရွေး အသုံးပြုနိုင်ရန် အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင် အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းဧရာ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။ ။
- Log in to post comments