
ချမ်းမြေ့မောင်
၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် (သို့မဟုတ်) နွေနှောင်း ကာလ မိုးဦးကာလ နေ့တစ်နေ့.........။
ကရင်ပြည်နယ်ကို လက်ပြနှုတ်ဆက်၍ မွန် ပြည်နယ်သို့သွားရန် ကျွန်တော် ကားကို မြို့တော် ဘားအံ၏ သံလွင်မြစ်ကမ်းနားလမ်းအတိုင်း မြောက် မှတောင်သို့ ဦးတည်မောင်းနှင်လာခဲ့သည်။ ဇွဲကပင် ဟိုတယ်အကျော် ဘားအံတံတား(သံလွင်)၏ ဘားအံဘက် ချဉ်းကပ်လမ်းပေါ် အရောက်တွင် တံတားကို ကွေ့မတက်ဘဲ လမ်းဆုံ၌တွေ့ရသည့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ဆိုသည့် ဆိုင်းဘုတ် လမ်းညွှန်အတိုင်း မောင်းလာခဲ့သည်။
ဘားအံ - မော်လမြိုင် ကားလမ်းသည် ဖြောင့် တန်းလွန်းသောလမ်းဖြစ်ပြီး ဖောက်လုပ်ထားသည် မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သော်လည်း ထိန်း သိမ်းပြုပြင်မှု ကောင်းမွန်သည့်အတွက် ယနေ့တိုင် ကောင်းစွာ အသုံးပြုနေဆဲပင်ဖြစ်သည်။ အတ္ထရံ တံတား အပါအဝင် ကြိုးတံတား နှစ်စင်းကို ဖြတ် ကျော်ပြီးသောအခါ မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်သို့ ကျွန်တော် ရောက်ရှိပါသည်။
မွန်ပြည်နယ်သည် ခရိုင် နှစ်ခု၊ မြို့နယ် ၁ဝ မြို့နယ်၊ မြို့ ၁၇ မြို့၊ ရပ်ကွက် ၁ဝ၆ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၆၈ အုပ်စုနှင့် ကျေးရွာပေါင်း ၁၁၄၃ ရွာရှိပြီး လူဦးရေမှာ ၂၂၃၅၁၆၂ (နှစ်ဆယ့်နှစ်သိန်း ကျော်)ရှိ၍ မြို့နေပြည်သူ ၈၄၈၉၈၃ ဦး၊ ကျေး လက်နေ လူဦးရေ ၁၅၄၁၄၆၅ ဦးရှိသည်။
ထိုသို့ ပြည်နယ်အတွင်းရှိ လူဦးရေစုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းကျော်သော ကျေးရွာ ၇၃၃ ရွာမှ ကျေးလက်ပြည်သူတို့အတွက် မွန်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာနှစ်၌ ကျေးရွာပေါင်း ၅၃၈ ရွာကို ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်း/ကွန်ကရစ်လမ်း အဖြစ် ဖောက်လုပ်ပေးခဲ့သည်။ ထို့ပြင် ခြောက်သွေ့ ရာသီမှသာ သွားလာနိုင်သောလမ်းများရှိသည့် ကျေးရွာများကိုလည်း ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်းများဖြစ်စေရန် ကြိုးပမ်းဖော်ဆောင် လျက်ရှိသည်။
ပြည်နယ်တစ်ခုလုံး၌ ကျေးလက်လမ်းမိုင် စုစု ပေါင်း (၉၆ဝ/၄ ဒသမ ၄) မိုင်ရှိသည့် အနက် ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်ကုန်တွင် ကွန်ကရစ်လမ်း (၁၁ဝ/ဝ) မိုင်၊ ကတ္တရာလမ်း (၃၂၃/ဝ) မိုင်၊ ကျောက် ချောလမ်း (၄ဝ/၁ ဒသမ ၃)မိုင်၊ ဂဝံ/ဂျင်းလမ်း (၈၅/ ၃ ဒသမ ၁) မိုင်၊ မြေသားလမ်း (၄ဝ၂/ဝ) မိုင် ရှိ၍ မွန်ပြည်နယ်အတွင်း နေထိုင်ကြသော ကျေးလက် နေပြည်သူ ၁ ဒသမ ၅ သန်းကျော်အတွက် မြေသားလမ်းသာရှိသော အခြေအနေမှ ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ ဂဝံအမာခံလမ်းများနှင့် ဒေသ ဆောက် ဝါးတံတား၊ သစ်သားတံတားများမှ သဘာဝဘေးဒဏ်ခံနိုင်သည့် သံကူကွန်ကရစ် တံတားများအဖြစ် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ လျာထား၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွား မည်ဟု သိရသည်။
ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန သည် ဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂ဝ၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်း (၃၅/၆ ဒသမ ၁၁၉) မိုင်၊ ကတ္တရာ လမ်း (၁၁၁/ဝ ဒသမ ၆၄၈) မိုင်၊ ကတ္တရာထပ်ပိုး လွှာခင်းခြင်း (၁၇/၆ ဒသမ ၄၆) မိုင်၊ ကျောက်ချော လမ်း (၁၄/ဝ ဒသမ ၇၆) မိုင်၊ မြေသားလမ်း (၃၉/၂ ဒသမ ၆၁) မိုင်၊ စုစုပေါင်းလမ်းမိုင် (၂၁၈/ဝ ဒသမ ၅၉၇) မိုင်ကို ကျေးလက်နေပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးလက်တံတား များအနေဖြင့် ကွန်ကရစ်တံတား ၅၄ စင်း၊ Box Culvert ၆၈ စင်း၊ ဘေလီတံတား တစ်စင်း၊ အခြား တံတားလုပ်ငန်း ရှစ်ခု၊ စုစုပေါင်းတံတား၁၂၃စင်းကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂ဝ၁၃ ဒသမ ၅၂၆ သန်းဖြင့် ကတ္တရာလမ်း (၅/၆ ဒသမ ၇) မိုင်၊ ကတ္တရာ ထပ်ပိုးလွှာ (၁/ဝ) မိုင်၊ မြေသား/ မြေချဲ့ခြင်း (၅/၅ ဒသမ ၅) မိုင် စုစုပေါင်း (၁၂/၄ ဒသမ ၂) မိုင်နှင့် ကွန်ကရစ်တံတား တစ်စင်းကို ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်နယ်ရန်ပုံငွေ ကျပ် ၁၆၆၈၃ ဒသမ ၂၃၄၁ သန်းဖြင့် ကွန်ကရစ်လမ်း (၉/၇ ဒသမ ၇) မိုင်၊ ကတ္တရာလမ်း (၄၆/၁ ဒသမ ၅) မိုင်၊ ကတ္တရာ ထပ်ပိုးလွှာ (၁၄/ဝ ဒသမ ၃) မိုင်၊ ကျောက်လမ်း (၇/၄) မိုင်၊ ဂဝံ/ဂျင်းလမ်း (၁၀/၅ ဒသမ ၈) မိုင်၊ မြေသားလမ်း (ဝ/၇ ဒသမ ၂) မိုင်၊ မြေသားလမ်း ချဲ့ခြင်း (၆/၆ ဒသမ ၃) မိုင်၊ စုစုပေါင်း (၉၆/၁ ဒသမ ၁၅) မိုင်နှင့် ကွန်ကရစ်တံတားအစင်း ၄ဝ၊ Box Culvert ၂၁ စင်း၊ စုစုပေါင်း ၆၁ စင်းကို ဆောင် ရွက်လျက်ရှိသည်။
၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂၇၃ ဒသမ ၇၁၈၅ သန်းဖြင့် ကွန်ကရစ်လမ်း ဝ/၃ ဒသမ ၇ မိုင်၊ ကတ္တရာလမ်း (၁/၄ ဒသမ ၆) မိုင်၊ စုစုပေါင်း (၂/ဝ ဒသမ ၄) မိုင်နှင့် Box Culvert တစ်စင်းနှင့် အခြား လုပ်ငန်း တစ်ခုတို့ကို ဆောင်ရွက်လျက်ရှိသည့် အပြင် မွန်ပြည်နယ်ရှိ ကျေးလက်နေပြည်သူလူထု အကျိုးအတွက် အဓိကလမ်းမကြီးများ၊ မြို့များသို့ ဆက်သွယ်သွားလာနိုင်သည့် ကျေးလက်လမ်းများ ကို Pilot Project လုပ်ငန်းအဖြစ် ဆောင်ရွက် လျက်ရှိသည်။
ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ Pilot Project လုပ်ငန်းအဖြစ် မော်လမြိုင် ခရိုင် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ပင-ကရုပ္ပိ-ဝဲ ကလောင် - အံခဲ-ကော့လေး-ထင်းရှူး - ကျောင်းရွာ - အနင်း ကျေးရွာချင်းဆက်လမ်း (၂၆/၅) မိုင်ကို ကတ္တရာလမ်း၊ ကတ္တရာထပ်ပိုးလွှာ၊ မြေသားတာ ပေါင်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၂ဝ၁၇ - ၂၀၁၈ မှ ၂ဝ၂ဝ - ၂ဝ၂၁ အထိ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၄၄ဝ၃ ဒသမ ၂၉၆ သန်း သုံးစွဲခဲ့ပြီး ဖြစ်သည်။
၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း (၃/၄) မိုင်၊ မြေသားတာပေါင်ချဲ့ခြင်း (၃/ဝ) မိုင်နှင့် လမ်းပေါ်ရှိ သပြေချောင်းအားဖြတ်ကူးမည့် အရှည် ပေ ၁၃ဝ ရှိ ကွန်ကရစ်တံတားတစ်စင်းကို ဆောင် ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်သည်။ အဆိုပါလမ်းပေါ်ရှိ ပေ ၁ဝဝ ကျော် တံတားနှစ်စင်း အပါအဝင် စုစုပေါင်း တံတားခြောက်စင်း ဆောင်ရွက်ရန် ကျန်ရှိသေးမည် ဖြစ်ပြီး လာမည့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။
အဆိုပါ သံဖြူဇရပ် - ပင - ကရုပ္ပိ - ဝဲကလောင် - အံခဲ - ကော့လေး - ထင်းရှူး - ကျောင်းရွာ - အနင်း ကျေးရွာချင်းဆက်လမ်းသည် သံဖြူဇရပ်နှင့် ရေး မြို့နယ်ရှိ ရေနက် ဆိပ်ကမ်းသို့သွားရာ နှစ်ကရင် လမ်းဆုံကို ချိတ်ဆက်ထားသောလမ်းဖြစ်ပြီး ယခင် က မြေသားတာပေါင်ချဲ့ရန်နှင့် အသစ်ထပ်ပိုးတည် ဆောက်ရန် လိုအပ်သော ကတ္တရာခင်းနှင့် လမ်းသစ် တည်ဆောက်ရန် လိုအပ်သော မြေသားလမ်းဖြစ် သည့်အတွက် သွားလာရန် ခက်ခဲကြမ်းတမ်းသော လမ်းဖြစ်သည်။
ထို့ကြောင့် လမ်းအား ဒေသခံပြည်သူများ သွား လာရေး လွယ်ကူအဆင်ပြေစေရန်အတွက် ရာသီ မရွေး သွားလာနိုင်သော ကတ္တရာလမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရရှိသည့် အကျိုးရလဒ်များမှာ ဒေသခံပြည်သူများနှင့် ဥယျာဉ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတို့အတွက် ပညာ ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စများတွင် လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်သည်။ သံဖြူဇရပ်မြို့နယ် သာမက ရေးမြို့နယ်အတွက် အသုံးဝင်သော လမ်းတစ်လမ်းဖြစ်သည်။
ပင ဆားကွင်း၏ အဓိက အားထားအသုံးပြုသည့် လမ်းမကြီးဖြစ်ပြီး ယင်းလမ်းပေါ်ရှိ ကျေးရွာ ၂၈ ရွာ၊ အိမ်ခြေ ၁၈၃၈၁ အိမ်နှင့် လူဦးရေ ၁ဝ၉၄၄၇ ဦး၏ ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူ ပြုသော လမ်းဖြစ်သည်။ ၎င်းလမ်းသည် မြိတ်လမ်းမ ကြီးနှင့် ချိတ်ဆက်ထားသည့် လမ်းတစ်လမ်းလည်း ဖြစ်သည်။
မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ်ရှိ ကျုံ ဟော်-ရာမ ဆိပ်တံတားသည် Class(A) လမ်း အမျိုး အစားဖြစ်သော ဖြူဘ - သဲကုန်း - ညောင်ကုန်းကြီး - မြလေးချောင် - ရင်းငြိမ် (မြောက်)လမ်း မိုင်တိုင် (၄/၆) မိုင်နှင့် (၄/၇) မိုင်ကြားတွင် တည်ရှိသော တံတားဖြစ်ပြီး ရာမဆိပ်တံတားနေရာသည် ရှေး ယခင်က ကူးတို့ဆိပ်ဖြစ်သည်။
ကျုံဟော်-ရာမဆိပ် သံကူကွန်ကရစ်တံတား သည် ဖြူဘ - သဲကုန်း - ညောင်ကုန်းကြီး - မြလေး ချောင်-ရင်းငြိမ်(မြောက်)လမ်း စုစုပေါင်း (၁၈/၄) မိုင်ပေါ်ရှိပြီး ရန်ကုန် - မော်လမြိုင် လမ်းမကြီး၏ မိုင်တိုင် (၁၆၃/၄ - ၁၆၃/၅)နှင့် ဆက်သွယ်ထားသည့် အရေးပါသော တံတားတစ်စင်းဖြစ်သည့်အတွက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တို့တွင် ပြည်ထောင်စု/ပြည်နယ်ရန်ပုံ ငွေကျပ် စုစုပေါင်း ၁၄၂၂ သန်းဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးခဲ့သည်။
အဆိုပါတံတားသည် ဒေသခံပြည်သူများ၏ လယ်ယာထွက်ကုန်များအတွက် ရာသီမရွေး လွယ် ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၂၄၉၆ အိမ်၊ လူဦးရေ ၁၆၁၄၄ ဦးအား အကျိုးပြုသော တံတားတစ်စင်း ဖြစ်သည်။
မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ကျေးလက်ပြည်သူတို့အတွက် ဘဏ္ဍာငွေ သုံးစွဲမှုမှာ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၃၃၉၅ ဒသမ ၅၅၃ သန်း၊ ၂ဝ၁၈ - ၂ဝ၁၉(၆-လ) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေမှ ငွေကျပ် ၂၂၅ဝ ဒသမ ဝ၅၅ သန်း၊ ၂၀၁၈ - ၂ဝ၁၉ (၁၂-လ) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု နှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၁၃၈၅၂ ဒသမ ၈၃၆ သန်း၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု လမ်းရန်ပုံငွေမှ ငွေကျပ် ၁၅၆၅ ဒသမ ၆၂၉ သန်း၊ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်ထောင်စု)မှ ငွေကျပ် ၁၁၁၈ ဒသမ ၂ သန်း၊ ၂၀၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် လမ်းရန်ပုံငွေ (ပြည်နယ်)မှ ငွေကျပ် ၁၃၅၆၄ ဒသမ ၁၂၅၅ သန်း၊ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်နယ်)မှ ငွေကျပ် ၂၇၁၇ ဒသမ ၁၇ သန်း၊ ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းရန်ပုံငွေ (ပြည်ထောင်စု)မှ ငွေကျပ် ၁၅၉၃ ဒသမ ၅၂၆ သန်း၊ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်ထောင်စု)မှ ငွေကျပ် သန်း ၄၂ဝ၊ ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းရန်ပုံငွေ(ပြည်နယ်)မှ ငွေကျပ် ၁၃၇၁ဝ ဒသမ ၄၇၂၁ သန်း၊ ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ(ပြည်နယ်)မှ ငွေကျပ် ၂၉၇၂ ဒသမ ၇၆၂ သန်းတို့ကို အသီးသီး သုံးစွဲခဲ့သည်။
အချုပ်အားဖြင့် မွန်ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် မိမိတို့ ဦးစီးဌာန၏ မဟာ ဗျူဟာ ရည်မှန်းချက်ဖြစ်သော ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာတစ်ပြည်လုံးရှိ ကျေးရွာများ၏ ၈ဝ ရာခိုင် နှုန်းနှင့် ကျေးလက်လူဦးရေ ၉ဝ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ အသုံးပြုနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ ကျေးရွာများ၌ လူဦးရေ ၁ဝဝဝ နှင့် အထက်ရှိ ကျေးရွာများကို ၂ဝ၂ဝ ပြည့်နှစ်တွင်လည်းကောင်း၊ လူဦးရေ ၅ဝဝ နှင့်အထက်ရှိ ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅ဝ အောက်ရှိ ကျေးရွာအားလုံး၏ ၅ဝ ရာခိုင်နှုန်းကို ၂ဝ၂၅ ခုနှစ်တွင် ရာသီမရွေး သွားလာ နိုင်သောလမ်းများအဖြစ်လည်းကောင်း ဆောင်ရွက် ပေးရန် စီစဉ်ထားကြောင်း သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။ ။
- Log in to post comments