ကြေညာချက်

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
ကြေညာချက်(၉/၂၀၂၁)
၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၄) ရက်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်၊ ဗုဒ္ဓဟူးနေ့

 


၁။    သတင်းမီဒီယာသမားများသည် သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများကို လိုက်နာလျက် ကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ သတင်းရယူ ရေးသားဖော်ပြနိုင်ခွင့်ရှိပါသည်။

 


၂။    သတင်းမီဒီယာဌာနများအနေဖြင့် ကျင့်ဝတ်နှင့်အညီ သတင်းရေးသားဖော်ပြရာတွင် တည်ဆဲ အစိုးရအဖွဲ့၏ အမည်၊ ရာထူး၊ ဌာနနှင့် အင်္ဂါစဉ်များကိုလည်းကောင်း၊ ယခင်အစိုးရအဖွဲ့နှင့် ပတ်သက် သည့် ရာထူး၊ ဌာန၊ လူပုဂ္ဂိုလ် အသုံးအနှုန်းများကိုလည်းကောင်း သိရှိလေ့လာပြီး လျော်ညီမှန်ကန်စွာ သတင်းရေးသားဖော်ပြရန် လိုအပ်ပါသည်။

 

၃။    သို့ရာတွင် အချို့သတင်းမီဒီယာသမားများအနေဖြင့် သတင်းရေးသားဖော်ပြမှုများတွင် ယခင် အစိုးရလက်ထက်မှ တာဝန်ယူခဲ့သော လူပုဂ္ဂိုလ် အမည်၊ ရာထူး၊ ဌာနများကို ယခင်သုံးစွဲခေါ်ဝေါ်မှု အတိုင်း ဆက်လက်သုံးစွဲ၍ လက်ရှိရာထူးရှိနေသည့်သဖွယ် ဖော်ပြနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ ဖော်ပြခြင်းသည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများအရ ကိုက်ညီမှုမရှိသဖြင့် ယင်းသို့ ဆက်လက်ရေးသားဖော်ပြခြင်း မပြုကြရန် အသိပေးအပ်ပါသည်။

 


၄။    ထိုကဲ့သို့ ဖော်ပြမှုကြောင့် ဥပဒေအရ ငြိစွန်းမှုများဖြစ်ပေါ်လာပါက မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့် တစ်စုံတစ်ရာ ကူညီဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

 


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ