
ညိုချော
ကေသမုတ္တိကို ရွာကြီးတစ်ရွာ ဒါမှမဟုတ် မြို့ပြနိုင်ငံငယ်လို့ ဖွင့်ဆို ကြပါတယ်။ ဗုဒ္ဓမြတ်စွာပွင့်တော်မူတဲ့အချိန်တုန်းက ထိုဒေသဟာ အလွန်ကိုသာယာဝပြောပြီး အယူဝါဒအမျိုးမျိုးကိုလည်း ကိုးကွယ် ယူဆကြတာရှိပါတယ်။ မြတ်ဗုဒ္ဓက ကေသမုတ္တိကို ကြွရောက်လာ တဲ့အခါ ဒေသခံကာလာမလူမျိုးတွေဟာ ဘုရားရှင်ကို မေးခွန်းတွေ မေးမြန်းလျှောက်ထားပါတယ်။ မြတ်စွာဘုရားက လူ့လောကသဘာဝ အခြေအနေအရလည်း အမှန်ဆုံး၊ သံသရာကောင်းကျိုးအတွက် လည်း အမှန်ဆုံးဖြစ်တော်မူတဲ့ Universal Truth လည်းဖြစ်တဲ့ ကာလာမသုတ္တန်ကို ဟောကြားခဲ့ဖူးပါတယ်။
လောကမှာ အယူဝါဒမတူညီတဲ့အတွက် ငြင်းကြ၊ ခုံကြရတာဟာ ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တာပါ။ တစ်အုပ်စုနှင့်တစ်အုပ်စု အမြင်မတူ၊ အသွင်ကွဲပြားတာကို မိမိကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ပိုင်းခြား ကျင့်သုံးကြည့်ပြီးမှသာ လက်ခံသင့်တဲ့အကြောင်းနဲ့ ယင်းအတွက် စစ်ထုတ်ရမယ့် အချက်တွေကို ညွှန်ကြားပြသပေးခဲ့ခြင်း ဖြစ်ပါ တယ်။ မြတ်ဗုဒ္ဓရဲ့တရားတော်တွေဟာ လက်ရှိကာလအထိ အသုံးဝင် ဆဲ၊ ကျင့်သုံးရန်သစ်လွင်နေဆဲ အယူအဆ ဒဿနတရားတော်တွေ ဖြစ်ပါတယ်။
“ဝါဒအယူမှားတဲ့သူက အဆူဆူဗုဒ္ဓ ကယ်မရသည် လေးဝပယ်ဘုံ ဘေးတွေ့ကြုံသည် စိတ်ကိုဉာဏ်ဖြင့် မျှော်ထောက်ချင့်က တစ်ဆင့် ကြားသိ မိရိုးဖလာကောလာဟလ ကျမ်းစာမျှနှင့် ကြံဆနည်းမှီ ဆီလျော်သုံးသပ် လူချင်းထပ်၍ ယုံအပ်သည်ဘဲ ဆရာစွဲဖြင့် လွဲပုံစိတ်ချ မယူကြနှင့် ဒိဋ္ဌသိဌာန် ကိုယ်ပိုင်ဉာဏ်ဖြင့် မှားမှန်ကောင်းဆိုး သိအောင်ကြိုးဟု မျိုးကာလာမ ဟောညွှန်ပြသည် ဝါဒအယူစစ်တမ်း နည်း” လို့ ဆရာတော်ကြီးများက ဟောကြားခဲ့ကြပါတယ်။
ကာလာမလူမျိုးတို့ကို မြတ်စွာဘုရားက “အို..ကာလာမလူမျိုး၊ အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤဆယ်ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ် အားထုတ်ကြကုန်လော့..” ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။
ရှေးစကားဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံပါနှင့်။ ဓလေ့ထုံးစံဖြစ်ရုံနဲ့ အားလုံးကို အမှန်လို့လက်မခံပါနှင့်။ လူအများ ပြောနေကြရုံ၊ နာမည်ကျော်ကြားရုံနဲ့ မစုံစမ်းမဆင်ခြင်ဘဲ အယူဝါဒ ကို လက်မခံပါနှင့်။ ရှေးဟောင်းစာပေကျမ်းဂန်တွေမှာ ပါတိုင်းလည်း လက်မခံပါနှင့်။ မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆတဲ့အယူဝါဒဆိုတိုင်း မှန်တယ်လို့ လက်မခံပါနှင့်။ အဲဒီအယူဝါဒမှာ ထောက်ပံ့အမှီပြုနိုင် တဲ့ နည်းနာနိဿယတွေရှိတယ်ဆိုပြီး အလွယ်တကူလက်မခံပါနှင့်။ မိမိဘာသာတွေးတောကြံစည်မိတိုင်း ဟုတ်ပြီဆိုပြီး လက်မခံပါနှင့်။ ဒီအယူဝါဒတွေဟာ မိမိတွေးတောတာနဲ့ တူညီတယ်ဆိုပြီးလည်း လက်မခံပါနှင့်။ အများက လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ စကားမို့ဆိုပြီးလည်း လက်မခံပါနှင့်။ မိမိတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့ ဆရာသမားတွေစကားပဲ ဆိုပြီးလည်း အပြီးသတ်လက်ခံယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦးလို့ မြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်။
မြတ်စွာဘုရားရှင်က “ကာလာမလူမျိုးတို့…သင်၏ ကိုယ်ပိုင်ဉာဏ် ဖြင့် ဦးစွာစဉ်းစား ဆင်ခြင်သုံးသပ်ကာ ဤတရားသည် မကောင်းမှု တရားတို့ပေတည်း၊ ဤတရားတို့ကား.. အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေ သော တရားတို့တည်း။ ဤတရားတို့ကား .. ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကား.. ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်းမဟုတ်သော တရားတို့ပေတည်း..ဟု ရှောင်ရှား ပယ်စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူး အမှန်တကယ်ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ”လို့ မိန့်တော်မူခဲ့တာဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ၏ မိန့်ဆိုချက်တွေက နှစ်ပေါင်းများစွာကြာမြင့်ခဲ့ချိန် ယနေ့အထိပင် တန်ဖိုးရှိနေဆဲဖြစ်ပါတယ်။ မိမိတို့ဟာ အယူဝါဒတစ်ခု၊ ယုံကြည်မှုတစ်ခုကို ရွေးချယ်ဆုပ်ကိုင်ဖို့အတွက် အရေးအကြီးဆုံး ကတော့ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားဆင်ခြင် သုံးသပ်ပြီးမှသာ အဖြေ တစ်ခုကိုချမှတ်ပြီး လက်တွေ့လိုက်နာကျင့်သုံးကြည့်ကြဖို့ လိုအပ် ပါတယ်။
မိမိတို့နိုင်ငံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ ဦးတည် ချက် ၉ ရပ်နဲ့ လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန် ချမှတ်ဆောင်ရွက် နေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များအနက် နိုင်ငံရေးဦးတည်ချက်များအဖြစ် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်ရေး၊ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား လုပ်ဆောင်ရေး၊ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံ ခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက်လိုက်နာကျင့်သုံးရေးဆိုပြီး ချမှတ်ထားတာကို မြင်တွေ့ရပါတယ်။
တရားမျှတမှုရှိရှိနဲ့ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ဖို့၊ ငြိမ်းချမ်းဖို့နဲ့ နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အတိအကျဖော်ထုတ်ထားပြီး ဖြစ်တဲ့ အတွက် ဒီလိုဦးတည်ချက်တွေ မမှိတ်မသုန်ဆောင်ရွက်နိုင်စေဖို့ ပြည်သူအားလုံးက လက်တွဲညီညီနဲ့ ဆောင်ရွက်နေကြရမည့်အချိန်လို့ မှတ်ယူပါတယ်။ ဒီအချိန်မှာ တိုင်းပြည်အတွက် ပိုမိုဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ကြရမည့်အစား တိုင်းပြည်ထိခိုက်အောင်၊ မငြိမ် သက်အောင်၊ ပြည်သူတွေပင်ပန်းနစ်နာအောင် သွေးထိုးမြှောက်ပင့် ဆောင်ရွက်နေကြသူတွေကို ရှုတ်ချမိပါတယ်။
ယခုအချိန်မှာ မိမိတို့နိုင်ငံက ပြည်သူတွေဟာ ခေါင်းအေးအေးနဲ့ ဆင်ခြင်သုံးသပ်ပြီး နေထိုင်သွားခြင်းကသာ အကောင်းဆုံးဆောင်ရွက် မှုဖြစ်မှာပါ။ “ဆူပူလျှင် စစ်သက်ပိုရှည်မယ်”ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ ဖူးပါတယ်။ ယခုအခြေအနေဟာ မလိုလားသူအချို့ ပြောဆိုနေကြတဲ့ Military Coup အာဏာသိမ်းတာ မဟုတ်ဘူးဆိုတာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လက်တွေ့ဆောင်ရွက်နေမှု၊ မြန်မြန် ဆန်ဆန် လုပ်ငန်း အကောင်အထည်ဖော်မှုတွေကိုကြည့်ရင် သိရှိနိုင် ပါတယ်။ တစ်နှစ်တာကာလ နိုင်ငံတော်အာဏာကို အရေးပေါ်အခြေ အနေ ကြေညာထိန်းထားတာသာဖြစ်ပြီး မကြာခင်မှာ ပြည်သူတွေ အတွက် စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီတစ်ရပ်ကို ရရှိမယ်လို့ ယုံကြည် ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား စတင် လည်ပတ်နေခဲ့တာ သီတင်းပတ်သုံးပတ်ကျော်လာခဲ့ပါပြီ။ ဒီလိုအခြေ အနေမှာ အနှောင့်အယှက်မျိုးစုံနဲ့ ပြည်သူတွေကို ခြောက်လှန့်၊ မြှောက်ပင့်ပေးတာဟာ အရေးပေါ်ကာလ ပိုမိုတာရှည်နိုင်တာကို သတိပြုသင့်ပါတယ်။ လူမှုနိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မှသာ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်လျက် ရှိတဲ့ လုပ်ငန်းစဉ်များကို အပြည့်အဝအကောင် အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းစဉ်ငါးရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့ပြီး လုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပစ်ပယ်ထားလို့ မရပါ ဘူး။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ ရှေ့ဆောင်ရွက်ရမယ့်အရာတွေကို ငြိမ်းငြိမ်းချမ်းချမ်းသိမ်သိမ်မွေ့ မွေ့ ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေနဲ့ တည်ငြိမ်အေးချမ်းမှုကို အဆုံးစွန်သော စိတ်ရှည် မှု (Maximum Reframe) နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် နေတယ်လို့ စာရေးသူကတော့ ယူဆမိပါတယ်။ ဒီလိုအခြေအနေကို ပြည်သူအားလုံးက နားလည်လက်ခံပြီး ပူးပေါင်းပါဝင်ပေးကြဖို့ အထူး လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။
ပြည်သူလူထုအများစုရဲ့တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဥပဒေမဲ့၊ မင်းမဲ့စရိုက်အသွင်ရောက်ရှိစေဖို့ အရှိန် မြှင့်တင်လာခြင်းက နိုင်ငံတော်နဲ့ အများပြည်သူရဲ့ အကျိုးစီးပွားတွေ အားလုံးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကြာရှည်လာတဲ့ လူထု လှုပ်ရှားမှုတွေဟာ ရေရှည်မှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝကို ထိခိုက်လာနိုင်စေတဲ့အပြင် ထိခိုက်ဆုံးရှုံးမှုများ ရှိလာစေနိုင်တဲ့အတွက် ဥပဒေနဲ့အညီ မလွှဲမရှောင်သာ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အသိပေးထားပြီးလည်း ဖြစ်ပါတယ်။
“လူတစ်ယောက်ကို အကဲဖြတ်တိုင်းတာချင်ရင် သူ့မှာရှိတဲ့ အာဏာပါဝါကိုသုံးပြီး ဘာလုပ်သလဲဆိုတာကိုကြည့်ပါ”လို့ ပလေတို က ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာ ပြည်သူတွေရဲ့ ဘုံလိုလား တောင့်တမှုဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ရွေးချယ်နိုင်အောင်၊ ကြားကာလမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ အားလုံး ပူးပေါင်းခြင်းဖြင့်သာ ပကတိအခြေအနေကို အကောင်းဆုံးအခြေအနေ အဖြစ် ပြောင်းလဲမှတ်ယူဆောင်ရွက်ကြပါဟု တိုက်တွန်းလိုက်ပါရစေ။
- Log in to post comments