
မန်ယူအသင်းသည် ကာရာဘောင် ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် လိဂ်ဝမ်းကလပ် ချာလ်တန်အသင်း ကို သုံးဂိုးပြတ်အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်ကို ဇန်န ဝါရီ ၁၁ ရက် နံနက် ၂ နာရီခွဲက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည်။
မန်ယူအသင်းသည် ချာလ် တန်ကို အနိုင်ရရှိခဲ့သောကြောင့် နည်းပြ ဆိုးလ်ရှားနောက်ပိုင်း ပထမဆုံးအကြိမ် ရှစ်ပွဲဆက် နိုင်ပွဲရရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။ အဆိုပါ ပွဲစဉ်တွင် မန်ယူ အသင်းမှ အန်တိုနီနှင့် ရက်ဖို့ဒ် တို့ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို ရှစ်ဦးထက်မနည်း အပြောင်းအလဲ ပြုလုပ်ကာ ချာလ်တန်အသင်းကို ရင်ဆိုင်လာခဲ့သည်။
ပွဲစသည်နှင့်တစ်ပြိုင်နက် ချာလ် တန်အသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု (၂၁) ကြိမ် မနည်း ရှိခဲ့သည်။ ချာလ်တန် အသင်းက ရံဖန်ရံခါမှသာ မန်ယူ အသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်ကစားနိုင်ပြီးအသင်း စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက် ရှိနေသည့်အတွက် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရခြင်း ဖြစ်သည်။ မန်ယူအသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ၂၁ မိနစ်တွင် အန်တိုနီနှင့် ပွဲချိန် ပြည့်ခါနီးနှင့် နာကျင်အချိန်ပိုတွင် လူစားဝင်ကစားသမား ရက်ဖို့ဒ်က တစ်ဦးတည်း သွင်းယူနိုင်ခဲ့သည်။
အခြားသောပွဲစဉ်တွင် နယူး ကာဆယ်နှင့် လက်စတာအသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး နယူး ကာဆယ်အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်