ချောင်းဦးမြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်‌များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော်    မေ    ၁၂


စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့  ရန်အောင်မြေ ရပ်ကွက်အတွင်းရှိ နေအိမ်များအား  PDF အမည်ခံ အကြမ်းဖက်သမားများက   ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ချောင်းဦးမြို့အတွင်း နယ်မြေလုံခြုံရေး  ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက် သမားများက မြန်မာ့စီးပွားရေးဘဏ်၏ အနောက် ဘက်    မီတာ ၃၀၀ ခန့်အကွာမှနေ၍  လက်နက် ငယ်များဖြင့်    လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည်      တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊   ထိုသို့ဆုတ်ခွာ ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက နေအိမ်များအား မီးရှို့သည်ဟု အထင်မြင်လွဲမှားစေရန် ရည်ရွယ်ချက် ဖြင့်    အကြမ်းဖက်သမားများက   ရန်အောင်မြေ  ရပ်ကွက်အတွင်းရှိ   လူနေအိမ်အချို့အား   မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


မီးလောင်ရာနေရာသို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့်    မီးသတ်တပ်ဖွဲ့ဝင်များက  မီးသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ်   လေးစီးတို့ဖြင့်  ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် အလုံး  ၂၀ မီးလောင်ပျက်စီးခဲ့သည်။

 


ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ် များကို    မီးရှို့ဖျက်ဆီးခဲ့သည့်   အကြမ်းဖက်သမား များအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်  လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                       

သတင်းစဉ်