
နေပြည်တော် ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ရှိ ပြည်သူနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ပြီး ချောင်းဦး - ပခုက္ကူသွား လမ်းခွဲ တစ်နေရာ၌ ခြေလက်များ ကြိုးတုပ်ထားသည့် အမျိုးသား ရုပ်အလောင်းတစ်လောင်းကို စွန့်ပစ်သွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရ သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် အဆိုပါ မြို့နယ်များအတွင်း ဆက်ကြေးကောက်ခံ ခြင်း၊ လူသစ်စုဆောင်းခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ် များကို အားပေးထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲ၍ ရက်စက်ယုတ်မာစွာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများ ကျူးလွန် လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ ၏ လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် တပ်မတော် အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲစေရန် အတွက် အထောက်အထားမရှိသည့် လုပ်ကြံ သတင်းများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် ရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်