
ပရီမီယာလိဂ် ပွဲစဉ် (၃၁) မှ အစော ဆုံးပွဲစဉ်ဖြစ်သည့် အက်စ်တွန် ဗီလာနှင့် နယူးကာဆယ်အသင်း တို့ ပွဲစဉ်တွင် ဗီလာအသင်းက သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို ဧပြီ ၁၅ ရက် ည ၆ နာရီက ဗီလာပတ်ခ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ရာသီ ပရီမီယာလိဂ် တွင် ခံစစ်အကောင်းဆုံးအသင်း အဖြစ် ရပ်တည်နေသည့် နယူး ကာဆယ်အသင်းသည် ယခုပွဲစဉ် တွင် ပြိုင်ဘက်အသင်း၏ ဖိအား ပေးမှုအောက် ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး ဂိုးပြတ်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။
နယူးကာဆယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ်တွင် ရရှိခဲ့ပြီး ဝက်ကင်စ်၏ ဖန်တီးမှုမှ ဂျာကော့ဘ်ရမ်ဆေးက သွင်းယူ နိုင်ခဲ့သည်။ ပွဲချိန် ၆၁ မိနစ်တွင် ဗီလာအသင်း ဒုတိယသွင်းဂိုး ရရှိခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာခဲ့ ရသည်။ သို့သော်လည်း ပွဲချိန် ၆၅ မိနစ်တွင် မော်ရီနို၏ ဖန်တီးမှုကို ဝက်ကင်စ်က ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့သည့်အတွက် ဒုတိယသွင်းဂိုး ရရှိခဲ့သည်။
ထို့အပြင် ပွဲချိန် ၈၃ မိနစ်၌ အသင်းအတွက် အနိုင်သေချာစေ မည့် တတိယဂိုးကို ဝက်ကင်စ်က ပင် သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် ဗီလာအသင်းသည် လိဂ် ၃၁ ပွဲ ကစားပြီး ရမှတ် ၅၀ ဖြင့် နာမည် ကြီး လီဗာပူး၊ ချယ်ဆီးအသင်းတို့ အထက်တွင် ရပ်တည်နိုင်ခဲ့ပြီး ဥရောပဝင်ခွင့်တစ်နေရာ ရရှိရန် အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ယခုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ပြိုင်ဘက် နယူးကာဆယ်အသင်း က ရမှတ် ၅၆ မှတ် ရရှိပြီး မန်ယူ ထက် ဂိုးကွာခြားချက်အသာဖြင့် တတိယနေရာတွင် ဆက်လက် ရပ်တည်နေခဲ့သည်။
အခြားပွဲစဉ် ရလဒ်များတွင် ချယ်ဆီးက ဘရိုက်တန်ကို နှစ်ဂိုး- တစ်ဂိုးဖြင့်ရှုံးကာ စပါးကလည်း အိမ်ကွင်းတွင် ဘုန်းမောက်ကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဲဗာတန်က အိမ်ကွင်း၌ ဖူလ်ဟမ် ကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးကာ ဆောက်သမ်တန်ကလည်း အိမ် ကွင်း၌ ပဲလေ့စ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးသည်။ ဝုလ်က ဘရန့်ဖို့ဒ်ကို နှစ် ဂိုး-ဂိုးမရှိဖြင့် နိုင်သည်။အောင်ဇော်