ခွေးရူးရောဂါအန္တရာယ် သတိပြုဖွယ်

Type
5

 

မေယု-မျိုးအောင် (MANA) 
 

ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်ဟု သိရသည်။ ခွေးရူးရောဂါအကြောင်း ရေးသားခဲ့သည့် ပထမဆုံးမှတ်တမ်းမှာ ဘီစီ ၁၉၃ဝ က မီဆိုပိုတေးမီးယား Codex of Eshnunna အညွှန်းစာအုပ်ထဲတွင်ဖော်ပြပါရှိသည့် မှတ်တမ်းထဲ၌ ခွေးရူးရောဂါ လက္ခဏာများပြနေသည့် ခွေး၏ပိုင်ရှင်သည် အကိုက်မခံရအောင် အကာအကွယ် အတားအဆီးလုပ်ထားသင့်သည်ဟုပါရှိသည်။ မိမိမွေးမြူထားသော ခွေးက ခွေးရူးရောဂါဖြစ်ပွားပြီး အခြားလူတစ်ဦး တစ်ယောက်ကို ကိုက်မိသောကြောင့် ထိုလူသေဆုံးလျှင် ခွေးပိုင်ရှင်အား ကြီးလေးသောဒဏ်ငွေပေးဆောင်စေသည်ဟု မှတ်တမ်းတင်ခဲ့သည်။


ရှေးခေတ်က     ခွေးရူးရောဂါအကြောင်း ကောင်းစွာမသိခဲ့ကြသဖြင့်   ရိုးရာဆေးဝါးများဖြင့် သာ   ကုသခဲ့ကြသည်။    ရိုးရာဆေးဝါးများထဲ၌ ဟိုင်းအီးနားခေါ်  တောရိုင်းတိရစ္ဆာန်၏  အရေပြားကို ပိတ်စနှင့် အုပ်၍ အနာပေါ်အုံပေးခြင်း၊ လူ၏ဦးခေါင်း ရိုးပါဝင်သော ဆေးဖော်ပြီး အနာကို လိမ်းပေးခြင်းတို့ ပါဝင်သည်ဟု သိရသည်။ ခွေးကိုက်ခံရပြီးနောက် ထိုးရသော ကာကွယ်ဆေးအစီအစဉ်များနှင့် Imm-unoglobulin   ခွေးရူးရောဂါခုခံနိုင်သော   စွမ်းအား အသင့်ပါဝင်ပြီး   ဆေးဝါးများ   ပေါ်ထွန်းလာသော် လည်း   ခွေးရူးရောဂါအပေါ်  လူတို့၏  ကြောက်ရွံ့ ထိတ်လန့်မှုမှာ လျော့ကျသွားခြင်း  မရှိကြကြောင်း သိရသည်။


ဘော့စတွန်မြို့မှ စတင်


၁၇၆၈ ခုနှစ်တွင် ဘော့စတွန်မြို့မှ စတင်ဖြစ်ပွား ခဲ့သော ခွေးရူးရောဂါသည်  နှစ်အနည်းငယ်အတွင်း အခြားပြည်နယ်များသို့   ပျံ့နှံ့သွားပြီး   ပြင်သစ်နှင့် မြောက်အမေရိကတိုက်အထိ  ကူးစက်သွားခဲ့သည်။ ၁၉ ရာစုအတွင်းက ခွေးရူးရောဂါ၏  ကြောက်မက် ဖွယ်ကောင်းပုံကို ဘေးဆိုးကပ်ဆိုး တစ်ခုဟုပင် ယူဆ ခဲ့ကြသည်။ ထိုခေတ်တွင် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ ပြည်တို့၌  သူတော်စင်  Saint Hubert  ကို   ရိုသေ ကိုင်းရှိုင်းကြသောကြောင့် စိန့်ဟူးဘတ်၏သော့ (St Hubert's Key) ကို မီးပြင်းပြင်းနှင့် ဖုတ်ပြီး ခွေးကိုက် ခံရသော အနာကို ထိုသော့တံနှင့်ကပ်ကာ ကုသခဲ့ကြ သည်။ ပဉ္စလက်ဆန်သော အတွေးအခေါ်ကို အသုံး ပြုပြီး   ခွေးရူးရောဂါ   ကာကွယ်တားဆီးနိုင်အောင် ခွေးများအား  သော့တံဆိပ်   သံပူကပ်ပေးခြင်းကို လည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။


ခွေးရူးဟု သံသယဖြစ်သော ခွေးကကိုက်လိုက် လျှင်  ထိုလူသည်   သူ့ကိုယ်သူ   သတ်၍သေခြင်း သို့မဟုတ် အခြားသူများက ဝိုင်း၍ သတ်ဖြတ်ခြင်းဖြင့် ကိစ္စတုံးအောင် စီရင်ကြသည်။ လူဝီပါစတာ (Louis Pasteur) ခေါ် သိပ္ပံပညာရှင်ကြီး၏  စမ်းသပ်မှု များလုပ်ရန်   အခွင့်အရေးများရရှိခဲ့သောကြောင့် ၁၈၈၅ ခုနှစ်တွင် “ခွေးကိုက်ခံရပြီးနောက်  ထိုးရ သော ကာကွယ်ဆေး”ကုထုံးကို တီထွင်နိုင်ခဲ့သည်။ ရှေးခေတ်က ခွေးရူးရောဂါသည် လျှာမှ စတင်ဖြစ်ပွား သည်ဟု ယူဆပြီး ခွေးရူးပြန်နေသော လူ၊ တိရစ္ဆာန် တို့၏ လျှာကို အရင်းမှဖြတ်တောက်ဖယ်ရှားသည့် နည်းလမ်းကို အသုံးပြုခဲ့ကြသည်။


ရောဂါကူးစက်ပုံ


လူကို  ရောဂါကူးစက်ပုံမှာ  ခွေးရူးပြန်နေသော တိရစ္ဆာန်ကကိုက်ခြင်း၊ သူ၏ သွားရည်ထဲမှ ဗိုင်းရပ်စ် များ   အနာထဲသို့   ဝင်ရောက်ခြင်းမှ  ကူးစက်သည်။ ခွေးရူးရောဂါဖြစ်ပွားပြီဆိုလျှင် လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ ကုရာနတ္ထိ ဆေးမရှိဘဲ အသက်သေဆုံးကြရ သည်သာဖြစ်သည်။  တစ်ကမ္ဘာလုံးကို   ခြုံ၍ကြည့် လျှင် နှစ်စဉ်နှစ်တိုင်း ခွေးအကိုက်ခံရပြီးနောက် ခွေးရူး ရောဂါကာကွယ်ဆေးထိုးရသော လူဦးရေသည် ၁၀ သန်းခန့်ရှိပြီး ခွေးရူးပြန်ရောဂါကြောင့်  အသက် ဆုံးရှုံးရသူများမှာ ၅၅ဝဝဝ ခန့်ရှိနေကြသည်။ ဖွံ့ဖြိုး ဆဲနိုင်ငံများမှဖြစ်ကြပြီး အများစုသည် အာရှတိုက် နှင့် အာဖရိကတိုက်များမှ ဖြစ်ကြသည်။


ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၅၀  ကျော်၌  ခွေးရူး ရောဂါရှိနေသည်ဟု  သိရသည်။   ခွေးရူးရောဂါ ကင်းစင်သော နိုင်ငံများတွင် ဗြိတိသျှကျွန်းစုများ ၊ အိုင်ယာလန်၊  ဘယ်လ်ဂျီယံ၊  နယ်သာလန်၊  လူဇင် ဘတ်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ အီတလီ၊ ဂရိ၊ မော်လတာ၊ ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန် ၊ အိုက်စလန်စသော ဥရောပနိုင်ငံများပါဝင် ကြသည်။ ကမ္ဘာ့ခွေးရူးရောဂါနေ့၏ အဓိကရည်မှန်း ချက်မှာ “၂ဝ၃ဝ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ခွေးရူး ရောဂါလုံးဝကင်းစင်ရေး  (The goal of Zero by 30)”  ဖြစ်သည်။  အဓိကလုပ်ငန်းစဉ်များအနေဖြင့် “ကာကွယ်ဆေးထိုးခြင်းနှင့်    ပူးပေါင်းဆောင်ရွက် ခြင်း” တို့ ပါဝင်သည်။ တစ်ဦးချင်းတစ်ယောက်ချင်း ဆောင်ရွက်နေသူများ၊ အစိုးရ  မဟုတ်သော  အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ အားလုံး စုပေါင်းပြီး လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ 


ခွေးရူးရောဂါကင်းစင်သော နိုင်ငံများဖြစ်


ဗြိတိန်နိုင်ငံသည်    ပထဝီအနေအထားအရ ကျွန်းစုနိုင်ငံဖြစ်နေသဖြင့် ခွေးရူးရောဂါကို အမြစ် ပြတ် သုတ်သင်ရှင်းလင်းခဲ့ခြင်း၊  ခွေးရူးရောဂါပိုး ပါ ရှိသော တိရစ္ဆာန်များ မဝင်ရောက်နိုင်ရန် တင်းကျပ် စွာ ကာကွယ်တားဆီးထားခြင်းတို့ကြောင့် ခွေးရူး ရောဂါကင်းစင်သောနိုင်ငံအဖြစ်   ဘေးအန္တရာယ် ကင်းစွာ  ရပ်တည်နေနိုင်ခြင်းဖြစ်သည်။  ဥရောပရှိ နိုင်ငံအများစုတို့သည်လည်း ခွေးရူးရောဂါကင်းစင် သော နိုင်ငံများဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင်  အိန္ဒိယနိုင်ငံသည်   ခွေးရူးရောဂါ ကြောင့်  သေဆုံးသူ လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးနိုင်ငံမှာ   ဗီယက်နမ်နိုင်ငံဖြစ်ကာ ထိုင်းနိုင်ငံက   တတိယအများဆုံးနိုင်ငံဖြစ်နေသည်။


မြန်မာနိုင်ငံသည်လည်း  ခွေးရူးရောဂါအန္တရာယ် အများဆုံးနိုင်ငံများထဲတွင် ပါဝင်နေကြောင်း သိရ သည်။ ခွေးရူးရောဂါသည်   Rhabdo  ဟုခေါ်သော ကျည်ဆန်ပုံဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသော ရောဂါ ဖြစ်ပြီး ဦးနှောက်နှင့်   အာရုံကြောအဖွဲ့ကို   အဓိက တိုက်ခိုက်သည်။ ထိုဗိုင်းရပ်စ်သည်  လူအပါအဝင် သွေးနွေးသတ္တဝါအားလုံးတို့အား  ရောဂါကျရောက် စေသည်။ အာရှနှင့်အာဖရိကနိုင်ငံများတွင် ခွေးများ နှင့်ကြောင်များသည် ခွေးရူးရောဂါ  ကူးစက်ပျံ့နှံ့စေ သော အဓိကဇာတ်ကောင်များဖြစ်ကြသည်။


တောင်အမေရိကနိုင်ငံများတွင်မူ       သွေးစုပ် လင်းနို့များမှတစ်ဆင့် ကူးစက်ပျံ့နှံ့စေကြောင်း သိရှိ ရသည်။ အခြားမွေးမြူရေး တိရစ္ဆာန်များဖြစ်ကြသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ မြင်း စသည့် သွေးနွေးသတ္တဝါ တို့မှာ    ခွေးရူးရောဂါဖြစ်ပွားလျှင်လည်း    လူကို ကူးစက်တတ်သည်။


တိရစ္ဆာန်များတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားလျှင် တံတွေးထဲ၌   ခွေးရူးရောဂါဗိုင်းရပ်စ်များစွာပါနေ မည်။      အခြားတိရစ္ဆာန်ကို   ကိုက်လိုက်လျှင်  ကိုက်လိုက်သောအနာထဲသို့  တံတွေးထဲမှ ခွေးရူး ရောဂါဗိုင်းရပ်စ်များ ဝင်သွားပြီး ရောဂါကူးစက်စေ သည်။ ခွေးရူးရောဂါဖြစ်ပွားနေသော  လက္ခဏာများ နှင့်အတူ အမူအရာ ပြောင်းလဲခြင်း၊  အစာမစားနိုင် ခြင်း၊   ရေမသောက်နိုင်ခြင်း၊    အနီးအနားရှိ လူ၊ တိရစ္ဆာန်တို့ကို တိုက်ခိုက်ခြင်း၊ ရန်လိုခြင်း၊ ကိုက်ခဲ ခြင်းတို့ ဖြစ်လာတတ်သည်။ ရောဂါလက္ခဏာပြပြီး ရက်များမကြာမီ တိရစ္ဆာန်သေဆုံးတတ်သည်။ အာရှ နှင့် အာဖရိကတွင် ခွေးရူးရောဂါပျံ့နှံ့စေသော အဓိက တိရစ္ဆာန်မှာ   ခွေးလေ   ခွေးလွင့်များဖြစ်ကြသဖြင့် အိန္ဒိယနိုင်ငံသည် ခွေးလေခွေးလွင့်များကို နှိမ်နင်း ပြီး လူတို့၏ ကျန်းမာရေးအတွက် ဆောင်ရွက်ခဲ့ရာ ခွေးရူးရောဂါကြောင့်   သေဆုံးသူလူဦးရေ   များစွာ လျှော့ချနိုင်ခဲ့သည်။


အိမ်မွေးတိရစ္ဆာန်  ချစ်တတ်သူများက  ခွေးလေ ခွေးလွင့် ရှင်းလင်းခြင်းကို   ကန့်ကွက်လာကြသဖြင့် ခွေးလေခွေးလွင့်များကို    ကာကွယ်ဆေးထိုးခြင်း၊ ခွေးလေခွေးလွင့်ကောင်ရေ       မတိုးပွားအောင် သားဆက်ခြားပေးခြင်း သို့မဟုတ်  သားကြောဖြတ် ခြင်းစသော နည်းလမ်းများကို အစားထိုးလာခဲ့သည်။ တစ်ကမ္ဘာလုံးကို ခြုံ၍ကြည့်လျှင်  ၁၉၉၀  ပြည့်နှစ် တွင် ခွေးရူးရောဂါကြောင့် သေဆုံးသူ ၅၅ဝဝဝ ရှိခဲ့ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြပြီး အများစုသည် အာရှတိုက်နှင့်   အာဖရိကတိုက်တို့မှဖြစ်နေသည်။ အာရှနှင့်အာဖရိကတိုက်တွင်  ခွေးရူးရောဂါပျံ့နှံ့စေ သော အဓိကတိရစ္ဆာန်မှာ  ခွေးလေခွေးလွင့်များဖြစ် ကြသဖြင့် ခွေးလေခွေးလွင့်များကို နှိမ်နင်းပြီး လူတို့ ၏ ကျန်းမာရေးအတွက် ဆောင်ရွက်ခဲ့ရာ  ခွေးရူး ရောဂါကြောင့် သေဆုံးသူ လူဦးရေကို များစွာလျှော့ချ နိုင်ခဲ့သည်။


သာမန်လူများထက်ပို၍ သတိပြုသင့်သူများ


ခွေးရူးရောဂါအပါအဝင်  ခွေးနှင့်ကြောင်တို့မှ ကူးစက်သောရောဂါကို   ကာကွယ်ရန်အတွက် သာမန်လူများထက်ပို၍ သတိပြုသင့်သူများမှာ -
(၁) တိရစ္ဆာန်များကို ကိုင်တွယ်၊ ထိန်းကျောင်း၊ ကုသပေးရသူများ၊ (၂) မွေးကင်းစ ကလေးငယ် များနှင့် နုနယ်ငယ်ရွယ်သော  ကလေးများ၊ (၃) အိုမင်းမစွမ်းဖြစ်နေသော၊ နာမကျန်းဖြစ်နေသော သူများ၊ (၄) စိုက်ပျိုးမွေးမြူရေး   လုပ်ငန်းများမှ လုပ်သားများ၊ (၅) အစားအသောက်ထုတ်လုပ်သော လုပ်ငန်းများမှ အလုပ်သမားများ၊ (၆) ခုခံအားနည်း သော ဝေဒနာရှင်များ၊ (၇) ကိုယ်တွင်းအင်္ဂါအစားထိုး လဲလှယ်ထားရသူများ၊ (၈) ကိုယ်ဝန်ဆောင်မိခင်များ ဖြစ်ကြသည်။


ခွေးကိုက်ခံရသည့် လူနာများ ဆေးကုသမှုခံယူ နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့်  သင်္ဃန်းကျွန်း ဆေးရုံကြီးတို့တွင် Dog-Bite Care Centre များ ဖွင့်လှစ်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။  မြန်မာတစ်နိုင်ငံလုံး၌ ခွေးကိုက်ခံရမှု ဖြစ်စဉ်များ များပြားလာပြီးပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အတွင်းက  ဖြစ်ပွားသူ ၁  ဒသမ  ၉  သိန်းခန့်ရှိရာ ပြည်သူ့ဆေးရုံများတွင်  ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးထောက်ပံ့ထားသော        ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ     ပြတ်လပ်မှုပင်     ကြုံတွေ့ခဲ့ရ ကြောင်း သိရသည်။ ၂၀၁၅  ခုနှစ်တွင်မူ တစ်ကမ္ဘာ လုံးတွင် ခွေးရူးရောဂါကြောင့်  သေဆုံးသူ ၁၇၄ဝဝ သာဖြစ်အောင် လျှော့ချနိုင်ခဲ့သည်။ သေဆုံးသူတို့၏ ၉၅ ရာခိုင်နှုန်းမှာ အာရှနှင့်  အာဖရိကမှဖြစ်ကြပြီး သေဆုံးလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်အောက် ကလေးများ ဖြစ်နေကြသည်။


ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ


၂၀၁၂ ခုနှစ်  ဇူလိုင်လမှစ၍   ခွေးကိုက်ခံရသူ လူနာများအား  ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရေး အတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံ နိုင်ရန်   အစိုးရဘဏ္ဍာငွေဖြင့်   ဖြည့်တင်းပေးခဲ့ပြီး ဗဟိုအဆင့်   ဆေးရုံကြီးများ၊  တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆေးရုံကြီးများ၊  ခရိုင်၊   မြို့နယ်၊ တိုက်နယ်အဆင့် ဆေးရုံများအထိ ဖြန့်ဖြူး၍ ခွေး ကိုက်ခံရသူလူနာများအား       ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ခွေးကိုက်ခံရသူ လူနာ များအား ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေးအတွက် ထိုးနှံပေးသော  Immunoglobulin  များကိုလည်း အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။


ဖိလစ်ပိုင်နိုင်ငံတွင် ခွေးရူးပြန်ရောဂါ ကာကွယ် ဆေးအတုများ တွေ့ရှိခဲ့ခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က  သတိပြုနိုင်ရန်    အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆေးဝါးအတုများမှာ VER-ORAB, Power and Solvent for Suspension for Inje-ction တို့ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Inter-national alert အနေဖြင့် ၂၀၁၈ ခုနှစ်  ဒီဇင်ဘာလ အတွင်းက  ခွေးရူးပြန်ရောဂါကာကွယ်ဆေးအတု များကို  ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရှိမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ  ဆောင်ရွက်ခဲ့သည့်  ဆေးဝါး အတုနှစ်မျိုး၏ Batch No. များမှာ Batch No.35 နှင့် F1 833 တို့ဖြစ်ကြောင်းနှင့် Sanofi Pasteur အနေဖြင့်    အဆိုပါ    ကာကွယ်ဆေးအတုများကို လည်း      ထုတ်လုပ်ခြင်းမရှိဟု      တင်ပြကြသည်ဟု  သိရသည်။


အဆိုပါကြေညာချက်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ပြည်သူ့ကျန်းမာရေးအတွက် ဆောင်ရွက် ပေးနေသည့် ဆေးရုံ၊ ဆေးခန်း၊ ဖြန့်ဖြူးရောင်းချသည့် ဆေးဆိုင်များ၊ လုပ်ငန်းများတွင်  အထူးအလေးထား ရန်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်   လုပ်ငန်းရှင်များ အသင်း၊ ပုဂ္ဂလိကဆေးရုံကြီးများအသင်းများသို့ အသိပေးကြေညာထားကြောင်း သိရသည်။


ခေတ်မီကာကွယ်ဆေးများ


ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက် ပြီး လက်ရှိဈေးကွက်တွင် သုံးစွဲနေသည့်ဆေးများမှာ Human diploid cell vaccine (HDCV), purified vero cell rabies vaccine (PVRV), purified chick embryo cell vaccine (PCECV) and purified duck embryo vaccine (PDEV) တို့ဖြစ်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံအသီးသီးတွင် ငွေကြေးကုန်ကျမှု သက်သာစေသည့် အရေပြားတွင်း ဆေးထိုးစနစ်အစီအစဉ် Intradermal (ID) rabies vaccination schedule ကိုတွန်းအားပေးလျက်ရှိပြီး ၎င်းဆေးထိုးနည်းသည် စိတ်ချရပြီး ထိရောက်မှုရှိ သည့်အပြင် ခေတ်မီကာကွယ်ဆေးများကို လက် လှမ်းမီပြီး ဈေးသက်သက်သာသာဖြင့် သုံးစွဲနိုင် ကြောင်း သိရသည်။


ခွေးရူးပြန်ရောဂါ         ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ      တိုင်းဒေသကြီး/ ပြည်နယ်    ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့်    ဗဟိုအဆင့်ဆေးရုံများသို့   ဖြန့်ဖြူး၍   ခွေးကိုက် လူနာများကို  အခမဲ့ထိုးနှံပေးလျက်ရှိသည့်အတွက် ၂၀၁၁   ခုနှစ်ပိုင်းတွင်   ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ လူနာဦးရေ ၂၄၅ ဦးခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၇၈ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၇ဝ အထိ လျော့ကျလာကြောင်း    ကျန်းမာရေးဝန်ကြီးဌာန    စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်း စနစ်၏ စာရင်းများအရ သိရသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ     ချမှတ်ထားသော ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါပပျောက်ရေး ဆောင်ရွက်နိုင်ရန်အတွက်  ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသ ကြီး ညောင်ဦးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်များတွင်  ခွေးများအား ခွေးရူးပြန် ရောဂါကာကွယ်ဆေး         အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို One  Health  Strategy အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပါဝင်လုပ်ဆောင်ကြသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများကို  လိုအပ်သော         ကြိုတင်ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်း တာဝန်ယူ   ဆောင်ရွက်ပေးလျက်ရှိကြောင်း   သိရ သည်။


(၁) ခွေး၊ ကြောင်တို့၏ ကိုက်ခြင်းခံရလျှင် ၊ (၂) ရေ၊ ဆပ်ပြာ၊ ပိုးသန့်စင်ဆေးရည်တို့နှင့် ဒဏ်ရာကို သေချာစွာ ဆေးကြောပါ။ (၃) ဆရာဝန်ထံ ချက်ချင်း ပြသပြီး ကုသမှုခံယူပါ။ (၄) ဆရာဝန်က ကာကွယ် ဆေးထိုးသင့်သည်ဟု   ဆုံးဖြတ်လျှင်   အမြန်ဆုံးထိုး ပါ။ (၅) အိမ်မွေးတိရစ္ဆာန်      ပိုင်ရှင်များအနေဖြင့်    မိမိ၏ ခွေး၊ ကြောင်တို့ကို   ခွေးရူးကာကွယ်ဆေး မှန်မှန်ထိုးကြပါရန်နှင့်   သက်ဆိုင်ရာ   ကျန်းမာရေး ဌာနများမှ     ကြေညာချက်များကို    လိုက်နာ ဆောင်ရွက်ကြပါရန်     တိုက်တွန်းရေးသားလိုက်ရ ပါသည်။        ။