ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကျော် ထိုးနှံပေးပြီးဖြစ်

ဆန်တီယေဂို  နိုဝင်ဘာ  ၂၃
ချီလီနိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကျော်   ထိုးနှံပေးပြီးဖြစ်ကြောင်း ချီလီနိုင်ငံ   ကျန်းမာရေးဝန်ကြီး  အင်းနရစ်ပါရစ်က  ယမန်နေ့တွင် ပြောကြားသည်။
ထိုးနှံမှု ခံယူပြီးဖြစ်
လက်ရှိတွင်  ချီလီနိုင်ငံ၌ အသက် ၁၈ နှစ်နှင့်အထက်     အသက် အရွယ်ရှိသူ ၁၃ ဒသမ ၇၈ သန်းခန့် သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး     ထိုးနှံပေးရန် ရည်ရွယ်ထားသည့် လူဦးရေ ၁၅ ဒသမ ၂ သန်းအနက်မှ ၉၀ ဒသမ ၇၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း   ချီလီ ကျန်းမာရေးဝန်ကြီးက ပြောကြား သည်။
ထို့ပြင်  ချီလီနိုင်ငံ၌  အသက် ခြောက်နှစ်မှ    ၁၇ နှစ်အကြား အသက်အရွယ်ရှိသူများအတွက် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး အလုံးရေ     ၄ ဒသမ ၇၇ သန်း အသုံးပြုပြီးဖြစ်ကြောင်းလည်း       ချီလီကျန်းမာရေးဝန်ကြီးက  ပြော ကြားသည်။
ချီလီနိုင်ငံ၌        လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၅၂ ဦးနှင့် သေဆုံးသူ  ၃၂ ဦးရှိခြင်းကြောင့်  ရောဂါ      ကူးစက်ခံရသူပေါင်း ၁၇၄၅၃၀၅ ဦး   ရှိလာကာ သေဆုံး သူပေါင်း  ၃၈၁၄၉ ဦးရှိလာကြောင်း   သိရသည်။                                      
ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်
n