ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့နှင့် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တို့၌ ကြိုတင်ဆန္ဒမဲ စတင်ပေးပြီးမြန်မာသံရုံး ၁၀ ရုံး၊ အဖွဲ့ရုံး တစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ရုံးတို့၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး

ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့နှင့် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တို့၌ ကြိုတင်ဆန္ဒမဲ စတင်ပေးပြီးမြန်မာသံရုံး ၁၀ ရုံး၊ အဖွဲ့ရုံး တစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ရုံးတို့၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး

================================================================================================================

 

နေပြည်တော် အောက်တိုဘာ ၁၂

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ယ‌နေ့တွင် ချက်သမ္မတနိုင်ငံ၌ ရောက်ရှိနေ‌သော မြန်မာနိုင်ငံသားများသည် ပရာ့ဂ်မြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့ကြရာ မဲဆန္ဒရှင် ၃၀ နှင့် ဩစတြေးလျနိုင်ငံ ကင်ဘာရာ မြို့ရှိ မြန်မာသံရုံးသို့ လာရောက်ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်းမရှိသည့် မြန်မာ နိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲ ဖွင့်လှစ်ခဲ့သည့် Victoria ပြည်နယ် မဲလ်ဘုန်းမြို့ တွင် မဲဆန္ဒရှင် ၁၅၈ ဦး လာရောက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

 

ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေး

 

ထို့အပြင် မြန်မာသံရုံး ၁၀ ရုံး၊ အဖွဲ့ရုံး တစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ရုံး တို့၌ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၈၉၀ ခန့်၊ ကင်ဘာရာမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၂၇ ဦး၊ ကူဝိတ်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ကိုးဦး၊ ဆိုးလ်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၂၀၊ စင်ကာပူ မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၆၃၈ ဦး၊ တိုကျိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၅၉ ဦး၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၆၁ ဦး၊ ကူမင်းမြို့ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၌ မဲဆန္ဒရှင်တစ်ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်းနှင့် ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ဘာလင်မြို့ မြန်မာသံရုံး၊ လန်ဒန်မြို့ မြန်မာသံရုံး၊ အော်တာဝါ မြို့ မြန်မာသံရုံး၊ နယူးယောက်မြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင်လည်း ကြိုတင်ဆန္ဒမဲ များ ဆက်လက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့တွင် ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြသည့် မြန်မာသံရုံးများမှ သတင်းပေးပို့ချက်အရ ဘရပ်ဆဲလ်မြို့ မြန်မာ သံရုံးတွင် မဲဆန္ဒရှင် ၄၃ ဦး၊ ဘာလင်မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၂၈ ဦး၊ လန်ဒန်မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၂၂၇ ဦး၊ အော်တာဝါမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၂၂ ဦး၊ ဗီယင်နာမြို့ မြန်မာ သံရုံးတွင် မဲဆန္ဒရှင် လေးဦး၊ ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၅၇ ဦး၊ နယူးယောက်မြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် မဲဆန္ဒရှင် ၁၅၅ ဦး၊ လော့စ်အိန် ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မဲဆန္ဒရှင် ၁၂၃ ဦး၊ မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲဖွင့်လှစ်ခဲ့သည့် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်း မြို့တွင် မဲဆန္ဒရှင် ၇၉ ဦးနှင့် မော်စကိုမြို့ မြန်မာသံရုံး၌ ဆက်လက်မဲပေးသူ ၃၅ ဦး စုစုပေါင်း ၇၇၃ ဦး ဆန္ဒမဲများ ပေးခဲ့ကြသည်။

 

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများ အား သက်ဆိုင်ရာကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးနှင့် စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ ဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့် စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုး ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင် များကလည်း မြန်မာသံရုံးများမှ စီစဉ်ဆောင်ရွက်ထားရှိ သည့်အတိုင်း လိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြ ကြောင်း သိရသည်။

 

ယနေ့တွင် မြန်မာသံရုံး ၁၁ ရုံး၊ အဖွဲ့ရုံးတစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးနှစ်ရုံး၊ ပြင်ပမဲရုံခွဲတစ်ခုတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြရာ မဲဆန္ဒရှင် စုစုပေါင်း ၄၀၉၃ ဦးနှင့် ယမန်နေ့က ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ဆက်လက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင် စုစုပေါင်း ၇၇၃ ဦး ဆန္ဒမဲများ ပေးခဲ့ကြသဖြင့် မဲဆန္ဒရှင် စုစုပေါင်း ၄၈၆၆ ဦး ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

 

 

သတင်းစဉ်