
နေပြည်တော် ဒီဇင်ဘာ ၉
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီး မျက်မှန်ရပ်ကွက် ၃၀x၆၃ လမ်း ထောင့်၌ လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ခိုင်ဇင်ဇူး(၂၀)နှစ်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ Silence Strike Campaign ပြုလုပ်ရန် လှုံ့ဆော် ရေးသားထားသည့် လက်ကမ်း စာစောင်များနှင့် ပိတ်စတစ်ခု တို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနေထိုင်သည့် ချမ်းအေးသာစံ မြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ် အား ထပ်မံရှာဖွေခဲ့ရာ လက်လုပ် မိုင်းမျိုးစုံ အလုံး ၁၀၀ ၊ ယမ်းကြိုး ၃၃ ခု၊ ဒိုင်းကာ အခု ၃၀ ၊ ကျည်ကာအင်္ကျီ သုံးထည်၊ ခွပ်ဒေါင်းပုံပါ ဗကသ အလံ တစ်ခု၊ ဆေးပစ္စည်းမျိုးစုံနှင့် ဆန္ဒပြရာ တွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သည်။
တရားခံ ခိုင်ဇင်ဇူး ၏ ထွက်ဆို ချက်အရ မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြခြင်းများ အဓိက ဦးဆောင်သူမှာ ဖမ်းဆီးရန်ကျန် တရားခံ အစွန်းရောက် NLD ပါတီဝင် သူရအောင် ဖြစ်ပြီး ၎င်းမှ ဆန္ဒပြသူများ စုစည်းနေထိုင် ရန်အတွက် ချမ်းအေးသာစံ မြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ် အား ငှားရမ်းထားခြင်းဖြစ်ပြီး အဆိုပါနေအိမ်တွင် ဖမ်းဆီးရန် ကျန် လှလှ ၊ ဝင့်ဝါ ၊ ငြိမ်းချမ်းပြည့်စုံ၊ ဟိန်းမင်းဇော် နှင့် စိုးလင်းအောင် တို့ ခြောက်ဦး စုစည်းနေထိုင်၍ မန္တလေးမြို့တွင်း ဆူပူဆန္ဒပြ မှုများ ဖြစ်ပေါ်စေရေး လိုက်လံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ခိုင်ဇင်ဇူး ၏ ထွက်ဆို ချက်အရ မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် ဆိုင်းဘုတ်များ၊ ပိုစတာများအား ဟိန်းမင်းဇော် မှ ပိတ်စများ ဝယ်ပေးပြီး အဆိုပါနေအိမ်၌ ဆော့ပင်/မှုတ်ဆေးများအသုံးပြု ၍ ရေးသားပြုလုပ်ကြောင်း၊ ဆူပူဆန္ဒပြရာတွင် အသုံးပြုမည့် လိုအပ်သည့်ပစ္စည်းများ၊ ဆန္ဒပြ လိုက်ပါသူများ၏ စားဝတ်နေရေး အတွက် ငွေကြေးအား သူရအောင် မှ အဓိကထောက်ပံ့၍ စေခိုင်း လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် သူရအောင် ၏ စေခိုင်းချက်အရ ဒီဇင်ဘာ ၁၀ ရက်တွင် ပြည်သူလူထု အထိတ် တလန့်ဖြစ်စေရန်၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်မှု ယန္တရား ပျက်ပြားနေသည်ဟု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ Silence Strike Campaign ပြုလုပ်ရန်နှင့် အဆိုပါနေ့ရက်တွင် ပုံမှန်သွား လာလျက်ရှိသော အများပြည်သူ များကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအဖြစ် သတ်မှတ်ကာ ထိခိုက်ဒဏ်ရာ ရရှိစေရန်အတွက် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်း များဆောင်ရွက်ရန် စီစဉ်လျက် ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ အဆိုပါ ဖမ်းဆီး ရမိတရားခံအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပြီး ပြည်သူလူထု အထိတ် တလန့်ဖြစ်စေရန်နှင့် ထိခိုက် ဒဏ်ရာရရှိစေရန် အကြမ်းဖက် မှု ဆောင်ရွက်နေသူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေး တိုင်ကြားနိုင် ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များအမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံထား ကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။
သတင်းစဉ်