ချမှတ်လိုက်နာ MSME ရှင်သန်ဖွံ့ဖြိုးရေးမဟာဗျူဟာ

Type

မမပစ်တိုင်းထောင် (SME)
================

လက်ရှိအချိန်တွင်  ကမ္ဘာ့နိုင်ငံများနည်းတူ   မြန်မာ နိုင်ငံ၌  ကိုဗစ်-၁၉ ကပ်ရောဂါ  ကျော်လွှားနိုင်ရေး အတွက် ကြိုးစားရင်ဆိုင်လျက်ရှိပါသည်။  ကိုဗစ် ကာလအတွင်း အသေးစား၊  အငယ်စားနှင့်  အလတ် စားစီးပွားရေးလုပ်ငန်းများသည် အခက်အခဲများစွာ ဖြင့် ရင်ဆိုင်ခဲ့ကြပြီး အရှိန်လျော့နည်းကျဆင်းခဲ့ကြ ရသည်မှာ    လက်တွေ့ဖြစ်ပါသည်။   “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်     ထိခိုက်ခဲ့သည့်စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားရန်”  ဟူသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ်   (၅) ရပ် အနက် တတိယမြောက်လုပ်ငန်းစဉ်အရ စီးပွားရေး လုပ်ငန်းများ  ဦးမော့လာစေရေးအတွက်   စတင် ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီဖြစ်ပါသည်။ နိုင်ငံတကာပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ ဆောင်ပုဒ်ဖြစ်သည့်  “ပိုမိုကောင်းမွန်စွာ ပြန်လည် ထူထောင်ရေး (Build Back Better)” ဆိုသည့် အတိုင်း မြန်မာ့စီးပွားရေးလုပ်ငန်းများကို အဟောင်း အတိုင်း    ပြန်လည်ထူထောင်ခြင်းထက်     ပုံမှန် ခေတ်သစ် (New Normal) အခြေအနေနှင့်ကိုက်ညီ မည့်  ပိုမိုသာလွန်ကောင်းမွန်သည့်ပုံစံဖြစ်ပေါ်လာစေရေးအတွက် စီမံကိန်းမဟာဗျူဟာများ ရေးဆွဲ ချမှတ်ကြရန် လိုအပ်လာပြီဖြစ်ပါသည်။


ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများ

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ၏   လက်ရှိရင်ဆိုင်ကြုံတွေ့နေရ သောအခက်အခဲများကို      သိရှိနားလည်စေရန်၊ MSME  များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင် မည့်အခွင့်အလမ်းများ        ပွင့်လန်းလာစေရန်နှင့် ဌာနဆိုင်ရာများမှ    ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်တို့ကို ရည်ရွယ်၍ “ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလ များတွင် MSME လုပ်ငန်းများရှင်သန်ရေးနှင့်  ဖွံ့ဖြိုး ရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရေး” အလုပ်ရုံ ဆွေးနွေးပွဲကို  (၁၄-၁၀-၂၀၂၁) ရက်နေ့မှ (၁၅-၁၀-၂၀၂၁) အထိ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးတွင်   Hybrid Meeting   အသုံးပြုကာ စက်မှုကြီးကြပ်ရေးနှင့်    စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍   ကျင်းပပြုလုပ်ခဲ့ပါသည်။    ထိုအလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားသို့    ဆက်စပ်ဝန်ကြီးဌာနများ ဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊       စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ           ပြည်ထောင်စု ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ မှ ပုဂ္ဂိုလ်များ၊  MSME  များမှ လုပ်ငန်းရှင်များ  စုစု ပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနား၏ ပထမနေ့တွင် တိုင်းဒေသကြီး နှင့်   ပြည်နယ်အသီးသီးရှိ   MSME    များ ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်    အခက်အခဲများ၊     ကြိုးပမ်း ဆောင်ရွက်မှုများ၊ လုပ်ငန်းအခြေအနေများ၊ အတွေ့ အကြုံများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဒုတိယနေ့တွင် ပထမနေ့၏တင်ပြချက် များအပေါ်  အဖွဲ့အစည်းများ၊         ဌာနဆိုင်ရာများ၊ လုပ်ငန်းနယ်ပယ်မှပညာရှင်များက သုံးသပ်ဆွေးနွေး ခဲ့ကြပြီး စီးပွားရေးမဟာဗျူဟာချမှတ်ရေးဆွဲရာ၌ ထည့်သွင်းရေးဆွဲရန်လိုအပ်သည့်  အချက်အလက် များကို ကောက်နုတ်မှတ်တမ်းယူခဲ့ကြပါသည်။
 ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ 
သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး


ကိုဗစ်အလွန်ကာလတွင် ပြည်ပပို့ကုန်တိုးမြှင့် ရေး၊      သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးတို့ အတွက် မိမိတို့၏ MSME လုပ်ငန်းများ ဆက်လက် ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်   လိုအပ်သကဲ့သို့ ပြည်တွင်းဖြစ်ကို အားပေးရန်၊ ပြည်တွင်းထုတ်ကုန် များ   အရည်အသွေးပြည့်မီရန်၊   ဈေးနှုန်းချိုသာစွာ ဖြင့်  ထုတ်လုပ်ရောင်းချနိုင်ရန်တို့လည်း     လိုအပ်ပါ သည်။ ကိုဗစ်ကာလအတွင်း MSME လုပ်ငန်းရှင် များမှာ  ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊    လမ်းပန်း ဆက်သွယ်မှုခက်ခဲခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်း၊   ငွေကြေးစီးဆင်းမှုအဆင်မပြေခြင်း၊ ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှုများပေါ်ပေါက်ခဲ့ခြင်း၊     ကုန်ကြမ်းရရှိမှု ခက်ခဲခြင်း၊ ငွေကြေးအရင်းအနှီး မလုံလောက်ခြင်း၊ အခွန်အခများကြီးမြင့်ခြင်း၊  လုပ်ငန်းများကျဆင်း ချိန်၌ ဘဏ်အတိုးငွေနှင့် ချေးငွေများ ပေးဆောင်ရန် အခက်အခဲရှိခြင်း၊ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့မှုများ ပေါ်ပေါက်ခဲ့ခြင်း၊ ကျွမ်းကျင်လုပ်သား ရရှိရန်ခက်ခဲခြင်း  စသည်ဖြင့် စိန်ခေါ်မှုနှင့်    အခက် အခဲပေါင်းများစွာ ရင်ဆိုင်ကြရလျက်ရှိပါသည်။

တက်ရောက်လာကြသည့်    ပညာရှင်များက အခက်အခဲများအပေါ်  သုံးသပ်၍   ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လုပ်ငန်းကဏ္ဍအသီးသီးအတွက် ဘက်စုံထောင့်စုံမှ  စဉ်းစားခဲ့ကြပါသည်။   MSME လုပ်ငန်းများ မြှင့်တင်ရန်အတွက်        နိုင်ငံတော်၏ အခြေခံအဆောက်အအုံများတွင်           ပါဝင်သည့် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရန်၊ လျှပ်စစ် မီးရရှိရန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်လျော့နည်း ကျဆင်းရန်တို့မှာ  အခြေခံလိုအပ်ချက်များဖြစ်သည့် အတွက် မဖြစ်မနေမြှင့်တင်ကြရမည်ဖြစ်ပါသည်။ ခေတ်နှင့်လျော်ညီသည့်   ဥပဒေ၊   နည်းဥပဒေများ ချမှတ်ဆောင်ရွက်နိုင်ရန်လိုအပ်သကဲ့သို့ အခြားနိုင်ငံ များနည်းတူ ပြည်ပမှတင်သွင်းမည့်ကုန်ပစ္စည်းများအပေါ် စံချိန်စံညွှန်းများ သတ်မှတ်၍လည်းကောင်း၊ အခွန်အကောက်များ စည်းကြပ်၍လည်းကောင်း၊ နယ်စပ်မှတရားမဝင်တင်သွင်းမှုများကို ကာကွယ် ခြင်းဖြင့်လည်းကောင်း   ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများကို အကာအကွယ် ပေးနိုင်ရန်မှာ အရေးကြီးပါသည်။


ကိုဗစ်အလွန်ကာလအတွက် နိုင်ငံတကာတွင် အကြမ်းအားဖြင့် ကုစားရေး (Relief)၊ ထူထောင်ရေး (Recovery) နှင့် ကြံ့ခိုင်ရေး (Resilience) ဟူ၍ သုံးပိုင်းရှိသကဲ့သို့   မြန်မာနိုင်ငံတွင်    COVID-19 Economic Relief Plan (CERP)  ခေါ် ကုစားပေး အစီအစဉ်နှင့်  Myanmar   Economic   Recovery Plan (MERP)  ခေါ်    ပြန်လည်ထူထောင်ရေး အစီအစဉ်တို့ကို ချမှတ်ထားပြီးဖြစ်ပါသည်။ မြန်မာ့ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (MERP) တွင် အကြမ်းအားဖြင့်  ကဏ္ဍနှစ်ခုပါဝင်ရာ   ပထမ တစ်ခုမှာ မက်ခရိုစီးပွားရေးဝန်းကျင်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများဖြစ်ကြသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေး၊ အခွန်အကောက်၊ ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်စသည်များဖြစ်ကြပြီး ဒုတိယတစ်ခုမှာ    စီးပွားရေးကဏ္ဍဆိုင်ရာပြုပြင် ပြောင်းလဲမှုများဖြစ်ကြသည့်    ပို့ဆောင်ရေးနှင့်် ထောက်ပံ့ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  စသည်တို့ဖြစ်ကြပါသည်။ လက်ရှိ ဖြစ်ပေါ်နေသည့်အခြေအနေအရ     ဦးစားပေး ဆောင်ရွက်ကြရမည့်ကိစ္စရပ်များမှာ များပြားလွန်း သည့်အတွက် အမှန်တကယ်ဦးစားပေးဆောင်ရွက် ရမည့်အစီအစဉ် (Sequencing) သတ်မှတ်၍ စနစ် တကျစီစဉ်ဆောင်ရွက်ကြမှသာ နိုင်ငံတော်အတွက် လက်တွေ့ကျရုံသာမက       အမှန်တကယ်အကျိုး ဖြစ်ထွန်းစေမည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို ဆက်လက်ဖော်ထုတ်နိုင်မည်ဖြစ်ပေသည်။ 

အစပျိုးပြုစုပျိုးထောင်ရေးစင်တာ  

လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နိုင်သော    အလား အလာရှိသည့် လက်ရှိလုပ်ငန်းများကို ဦးစားပေး အစီအစဉ်သတ်မှတ်၍  အားပေးကူညီရန်   လိုအပ် သကဲ့သို့  စွန့်ဦးတီထွင်၍   နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဆောင်ရွက်လိုသည့်         လုပ်ငန်းသစ်၊ လုပ်ငန်းငယ်လေးများကိုလည်း      အားပေးပြုစု ပျိုးထောင်ပေးရန်လိုအပ်ပါသည်။ လုပ်ငန်းသစ်၊ လုပ်ငန်းငယ်လေးများကို    အားပေးမြှင့်တင်နိုင်စေ ရန်   ဥပဒေပိုင်းဆိုင်ရာ၊   လုပ်ငန်းလိုင်စင်၊     အသင်း အဖွဲ့များတွင် ပါဝင်နိုင်ခြင်းဆိုင်ရာကိစ္စများ၊ ကုန်ကြမ်း ရရှိနိုင်မှုအခြေအနေများ၊       ဈေးကွက်သတင်းများ    အစရှိသည့်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် များကို  အချိန်နှင့်တစ်ပြေးညီသိရှိစေရေးအတွက်  ဆောင်ရွက်ပေးနိုင်ရန်လည်း         လိုအပ်ပါသည်။ ကျွမ်းကျင်လုပ်သားများ          ပေါ်ထွန်းလာရေး၊ နည်းပညာများပြန့်ပွားနိုင်ရေး၊ လုပ်ငန်းကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေးတို့အတွက် အသေး စား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် အစပျိုးပြုစုပျိုးထောင်ရေးစင်တာ     (MSME Incubation Centre) များ အကောင်အထည်ဖော် ဆောင်ရွက်ရန်သည်လည်း     အရေးတကြီးလိုအပ် လာပြီဖြစ်ပါသည်။

စစ်တမ်းများ၊ ဆန်းစစ်ချက်များ

MSME Business Recovery Survey    ကဲ့သို့ MSME    လုပ်ငန်းကဏ္ဍအသီးသီး၏    လက်ရှိ အနေအထားကို သေချာစေ့ငစွာသိရှိနိုင်ရန်အတွက် စစ်တမ်းများ၊ ဆန်းစစ်ချက်များကိုလည်း အမြန်ဆုံး ကောက်ယူဆောင်ရွက်သင့်ပြီဖြစ်ပါသည်။ ယနေ့ ကိုဗစ်ကာလတွင် Social Distancing ကို လိုက်နာ ကြရာမှ Digital Literacy တိုးတက်မှုရရှိခဲ့သည်နှင့် အညီ e-Commerce နှင့် Digital Solution များကို လည်း ပြည်သူအများစုနှင့် MSME များမှ ကျွမ်းကျင် စွာ   အသုံးချနိုင်ရေးအတွက်  Digital Literacy Campaign များ   ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ကုန်သွယ်မှု       ကူးပြောင်းရေးအသွင်ကိုသာမက ကုန်ထုတ်စွမ်းအားတိုးတက်မှု၊ လူ့စွမ်းအားအရင်း အမြစ်နှင့်    ကျွမ်းကျင်မှုစွမ်းရည်များမြှင့်တင်မှု၊ အသင်းအဖွဲ့များ စုစည်းချိတ်ဆက်ဆောင်ရွက်နိုင်မှုများပါ အကျိုးဖြစ်ထွန်းလာစေနိုင်ပါသည်။
“အကျပ်အတည်းတိုင်းတွင်     အခွင့်အလမ်း ရှိသည်” ဟူသည့်ဆိုရိုးနှင့်အညီ ကိုဗစ်ကပ်ရောဂါ ကြောင့် ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ် မှုများကို အခွင့်အလမ်းအဖြစ်ပြောင်းလဲ၍ ထုတ်လုပ် သူမှ  စားသုံးသူအထိ Supply Chain တစ်လျှောက် ပါဝင်သူအားလုံး၏အကျိုးစီးပွားကို        ရှေးရှုကာ တီထွင်ဆန်းသစ်မှုနှင့်အတူ   ဈေးကွက်ယှဉ်ပြိုင်နိုင် စွမ်းရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွား ရေးဝန်းကျင်ကောင်းကို  ထူထောင်နိုင်စွမ်းရှိသော၊ ပြည်တွင်းထုတ်ကုန်များကို   အခြေခံသည့်အလုပ် အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်သော၊ ရေရှည် တည်တံ့ဖွံ့ဖြိုးနိုင်မည့်ကြံ့ခိုင်သော MSME လုပ်ငန်း များ ထွန်းကားပေါ်ပေါက်လာရေးအတွက်   မဟာ ဗျူဟာများချမှတ်၍          အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်        ရည်ရွယ်မျှော်မှန်းလျက် ရေးသားတိုက်တွန်းတင်ပြလိုက်ရပါသည်။            ။
n