ခံစစ်နှင့် ဂိုးသမားတို့၏ အမှားမှတစ်ဆင့် ဆီဗီလာကို မန်ယူ ဂိုးပြတ်ရှုံးနိမ့်၊ ပြိုင်ပွဲမှ ထွက်ရ

 

ဧပြီ ၂၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှ ဆီဗီလာနှင့်   မန်ယူအသင်းတို့ပွဲစဉ်တွင် ဆီဗီလာအသင်းက သုံးဂိုးပြတ်အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-နှစ်ဂိုး  ဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ 

 


မန်ယူအသင်း၏ ကစားဟန်သည် သာမန်အောက် ရောက်နေခဲ့ပြီး အသင်း ခေါင်းဆောင် မက်ဂွိုင်းယားနှင့် ဂိုးသမား  ဒီဂီယာတို့၏   အမှားများမှတစ်ဆင့် သွင်းဂိုးများ ခွင့်ပြုပေးခဲ့ရသည့်အတွက် ဂိုးပြတ်ရှုံးနိမ့်ကာ  ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရခြင်း ဖြစ်သည်။ ဆီဗီလာအသင်းအတွက်   သွင်းဂိုးများကို  အန်းနက်စရီနှင့် ဘာဒီတို့က သွင်းယူပေးနိုင်ခဲ့သည်။         

 

 


အခြားသော ပွဲစဉ်ရလဒ်များတွင် ရိုးမားက ဖီယင်နုကို လေးဂိုး- တစ်ဂိုး၊ လေဗာကူဆင်က  ယူနီယံအက်စ်ဂျီ ကို  လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ စပို့တင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ပွဲစဉ်တွင်  တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည်။နှစ်ကျော့ပေါင်းရလဒ်ဖြင့် နောက်တစ်ဆင့်သို့ ရိုးမား၊ ဂျူဗင်တပ်စ် နှင့် လေဗာကူဆင်အသင်းတို့ တက်လှမ်းနိုင်ခဲ့သည်။                                

မိုးဇက်