ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပ-ကျော့ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားမည်

 

ဖေဖော်ဝါရီ   ၂၃ ရက် နံနက် ၂နာရီခွဲမှာ ချန်ပီယံလိဂ်  ၁၆   သင်း   အဆင့်ပထမ အကျော့မှ   လိုက်ပ်ဇစ်နဲ့   မန်စီးတီး၊  အင်တာမီလန်နဲ့ ပေါ်တို စတဲ့ပွဲစဉ်တွေကို    ဆက်လက်    ယှဉ်ပြိုင်ကစားသွားမှာ    ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အသင်းက အသာရသွားမလဲဆိုတာ   စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 


လိုက်ပ်ဇစ်မှာ    ဂိုးသွင်းသေချာတဲ့     အင်ခွန်ကူ၊   တီမိုဝါနာနဲ့    ဂိုးဖန်တီးမှု  အားကောင်းတဲ့   ဒိုမီနစ်ခ်၊    အိုလ်မိုတို့ရှိ တယ်။   ဒါပေမယ့်   စုဖွဲ့မှုအားကောင်းတဲ့ မန်စီးတီးအသင်းကို ယှဉ်နိုင်ဖို့ မလွယ်ဘူး။  ချန်ပီယံလိဂ်မှာတော့ နှစ်သင်းစလုံး ထူးခြား တဲ့     ခြေစွမ်းပြသထားနိုင်တာ  တွေ့ရတယ်။  သို့သော်လည်း လိုက်ပ်ဇစ်က  အိမ်ကွင်းမှာ မန်စီးတီးကို       အသာရယူထားနိုင်မှ နောက်တစ်ဆင့်တက်ရေး  မျှော်လင့်ချက် အားကောင်းလာမှာဖြစ်တယ်။ အင်တာမီလန် နဲ့ပေါ်တိုပွဲမှာ   အင်တာမီလန်က ခြေစွမ်း ကောင်းမွန်တာမှန်ပေမယ့်   စုဖွဲ့မှုပိုင်းနဲ့ တည်ငြိမ်မှုပိုင်းမှာ  ပေါ်တိုအသင်းက သာလွန် နေတာ တွေ့ရတယ်။   ဒါကြောင့်  ပထမ အကျော့ အိမ်ကွင်းမှာ  ရလဒ်ကောင်းရရှိရေး ကြိုးစားလာမယ့် အင်တာမီလန် အသင်းထက်  ခြေစွမ်းပြသထား နိုင်တဲ့  တာရီမီ၊  ဂါလီနို၊  အီဗန် နယ်ဆင်၊   ပီပီတို့ရှိတဲ့  ပေါ်တို အသင်းက      အကြိတ်အနယ် ကစားပြီး   အသာရသွားဖွယ်ရှိ တယ်။ ဒါကြောင့် အဆိုပါပွဲစဉ်များ ဟာ       ကြည့်ရှုသူပရိသတ်တွေ အတွက် ပွဲကောင်းများဖြစ်လာမှာ သေချာပါတယ်။        

အောင်ဇော်