ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရီးရဲမက်ဒရစ်နှင့် အေစီမီလန် တက်လှမ်း

 

ဧပြီ  ၁၉  ရက် နံနက်  ၁  နာရီခွဲက တစ်ချိန်တည်း   ယှဉ်ပြိုင်ကစားခဲ့ သည့် ယူအီးအက်ဖ်အေ ချန်ပီယံ လိဂ်   ကွာတားဖိုင်နယ်   ဒုတိယ အကျော့ပွဲစဉ်များတွင်      ရီးရဲ မက်ဒရစ်အသင်း       အနိုင်ရပြီး အေစီမီလန်အသင်း    သရေကျခဲ့ သည်။ ချယ်ဆီးနှင့် ရီးရဲမက်ဒရစ် အသင်းတို့ပွဲစဉ်တွင်     ပွဲကြည့် ပရိသတ်    ၃၉၀၀၀    ကျော် လာရောက်ကြည့်ရှုခဲ့ပြီး      ရီးရဲ မက်ဒရစ်အသင်းက     ရိုဒရီဂို၏ သွင်းဂိုးများဖြင့်         နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ 

 


ယှဉ်ပြိုင်ကစားခဲ့သည့်     ပွဲစဉ်တွင်လည်း    ချယ်ဆီးအသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိထားသည်။ ထို့ကြောင့် ရီးရဲမက်ဒရစ်အသင်းသည် နှစ်ကျော့ပေါင်း ရလဒ် လေးဂိုးပြတ်ဖြင့် ချယ်ဆီးအသင်းကို အနိုင်ရရှိကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ စတန်းဖို့ဒ်ဘရစ်တွင် ချယ်ဆီးအသင်း၏ ကစားဟန် တိုးတက်မှုရှိခဲ့သော်လည်း အသင်းကစားသမားများ အဆုံးသတ် လိုအပ် ချက်ရှိနေသည့်အတွက် သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။ 

 


အခြားသောပွဲစဉ်မှ  နာပိုလီနှင့် အေစီမီလန်အသင်းတို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့်  သရေကျခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးဖြင့် အေစီမီလန်အသင်း နောက်တစ်ဆင့် တက်ရောက် နိုင်ခဲ့သည်။ အဆိုပါပွဲစဉ်သို့ ပွဲကြည့်ပရိသတ် ၅၂ ၀၀၀ ကျော် လာရောက် ကြည့်ရှုခဲ့ပြီး  အေစီမီလန်အသင်းက   ဂိုးကန်သွင်းခွင့် ခြောက်ကြိမ် သာ    ရရှိသည်အထိ   ပုံစံကောင်းအချို့  ပျောက်ဆုံးခဲ့သော်လည်း နောက်တစ်ဆင့်တက်ရေးအတွက် အရေးပါသည့်ရလဒ်ကို ဖော်ဆောင် နိုင်ခဲ့သည်။ 

 


ပွဲချိန် ၂၂ မိနစ်တွင် အေစီမီလန်အသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း    အသင်းတိုက်စစ်ကစားသမား   ဂျီရုဒ် အဆုံးသတ် ကန်သွင်းရာ လွဲချော်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။ ပွဲချိန် ၄၃ မိနစ်တွင် အေစီမီလန် အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး လီယို၏ ဖန်တီးမှုကို ဂျီရုဒ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ 

 


ထို့နောက်  ပွဲချိန် ၈၂ မိနစ် တွင် နာပိုလီအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး ကေဗာရာခီလီယာ ကန်သွင်းခဲ့သော်လည်း လွဲချော် ခဲ့သည်။ နာပိုလီအသင်းအတွက် ချေပဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် အသင်း အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ အိုစင်မန်က သွင်းယူပေးခဲ့သည်။                   
                                                                                   

အောင်ဇော်