ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ် (၂) တွင် လီဗာပူး၊ အင်တာမီလန်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ အနိုင်ရ

 

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ် (၂) ပွဲစဉ်များကို    စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက   ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီး လီဗာပူး၊  အင်တာမီလန်နှင့်   ဘိုင်ယန်မြူးနစ် အသင်းတို့  နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြသည်။ 

 


အုပ်စု (အေ) မှ   လီဗာပူးနှင့်  အိုင်းယက်စ်အသင်းတို့ပွဲစဉ်တွင် လီဗာပူးအသင်းသည် ပြိုင်ဘက်ကို  ခက်ခက်ခဲခဲ  ယှဉ်ပြိုင်ကစားခဲ့ ပြီး  နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့သည်။       လီဗာပူးအသင်းသည် ပြိုင်ဘက်   အိုင်းယက်စ်အသင်းကို    ပွဲချိန်တစ်လျှောက်    ဖိအားပေးကစားနိုင်ခဲ့ပြီး  ဂိုးကန်သွင်းမှု (၂၄) ကြိမ်အထိ ပြုလုပ် နိုင်ခဲ့သည်။ အိုင်းယက်စ်အသင်းက  ယခုပွဲစဉ်တွင် ပုံမှန်ခြေစွမ်း အောက်ရောက်နေခဲ့ပြီး လီဗာပူးအသင်းဘက်သို့  ဂိုးကန်သွင်းမှု သုံးကြိမ်သာ  ပြုလုပ်နိုင်ခဲ့သည်ကို  တွေ့ရသည်။ လီဗာပူးအသင်း အတွက်   သွင်းဂိုးများကို    ဆာလာနှင့် မာတစ်တို့က    ပွဲချိန် ၁၇ မိနစ်နှင့်   ၈၉   မိနစ်တို့တွင်      သွင်းယူပေးခဲ့ကြသည်။  အိုင်းယက်စ်အသင်းအတွက်  တစ်လုံးတည်းသော  ချေပဂိုးကို ပွဲချိန်   ၂၇   မိနစ်တွင်   ကူဒူစ်က သွင်းယူပေးခဲ့သည်။  

 


အုပ်စု  (စီ) မှ   နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ပွဲစဉ်တွင်       အကြိတ်အနယ်ရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက   နှစ်ဂိုးပြတ်    အနိုင်ရရှိခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းအတွက်   သွင်းဂိုးများကို    ဟာနန် ဒက်ဇ်နှင့်    ဆာနေးတို့က  ပွဲချိန် မိနစ်   ၅၀ နှင့် ၅၄  မိနစ် တို့တွင် သွင်းယူပေးခဲ့သည်။ ယခုပွဲစဉ်တွင် ဘာစီလိုနာအသင်း သည် ဘိုင်ယန်မြူးနစ်အသင်းကို ခြေရည်တူကစားနိုင်ခဲ့သော် လည်း    အသင်းတိုက်စစ်ကစားသမားများ   အဆုံးသတ် အားနည်းသည့်အတွက် လိုအပ်သည့် ချေပဂိုးများနှင့်ဝေးကွာ ခဲ့ရကာ ရှုံးပွဲကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ 

 


အဆိုပါ အုပ်စုမှ ပဲလ်ဇန်အသင်းနှင့် အင်တာမီလန်အသင်း တို့ပွဲစဉ်တွင်လည်း   အင်တာမီလန်အသင်းက   နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။   အင်တာမီလန်အသင်းအတွက်   သွင်းဂိုး များကို ဒီဇီကိုနှင့် ဒမ်ဖရိုင်းစ်တို့က ပွဲချိန် မိနစ် ၂၀ နှင့် မိနစ် ၇၀ တို့တွင်  သွင်းယူပေးခဲ့သည်။  အခြားသောပွဲစဉ်ရလဒ် များတွင် စပို့တင်းလစ္စဘွန်းက စပါးကို နှစ်ဂိုးပြတ်၊ ကလပ် ဘရုဂ်က    ပေါ်တိုကို    လေးဂိုးပြတ်၊    လေဗာကူဆင်က အက်သလက်တီကိုမက်ဒရစ်ကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ သလို ဖရန့်ဖတ်ကလည်း မာဆေးလ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။                 


 အောင်ဇော်