ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ မန်စီးတီး၊ အင်တာမီလန်အသင်းတို့ တက်လှမ်း

 

မတ် ၁၅ ရက်   နံနက် ၂ နာရီခွဲက တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်များ တွင်  မန်စီးတီးအသင်း  ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး  အင်တာမီလန်အသင်း သရေကျခဲ့သည်။ သို့သော်လည်း   နှစ်ကျော့ပေါင်း    ရလဒ်များဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် သို့  မန်စီးတီးနှင့်  အင်တာမီလန် အသင်းတို့ တက်လှမ်းနိုင်ခဲ့သည်။  


မန်စီးတီးအသင်းနှင့်   လိုက်ပ် ဇစ်အသင်းတို့  ပွဲစဉ်တွင်  မန်တီးအသင်းက  ခုနစ်ဂိုးပြတ်  အနိုင် ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး -  တစ်ဂိုးဖြင့်    အနိုင်ရရှိကာ   နောက် တစ်ဆင့်သို့  တက်လှမ်းနိုင်ခဲ့ခြင်းဖြစ် သည်။    ပွဲကြည့်ပရိသတ်   ၅၂၀၀၀ ကျော်   လာရောက်ကြည့်ရှုခဲ့သော      အဆိုပါ ပွဲစဉ်တွင် အသင်းမှ အဓိက တိုက်စစ်ကစားသမား     ဟာလန်း    ခြေစွမ်းပြကာ   တစ်ဦးတည်း  ငါးဂိုး အထိ သွင်းယူနိုင်ခဲ့သည်။    ထို့ကြောင့်   ဟာလန်းသည်   ၂၀၁၄  ခုနှစ်တွင် လူးဝစ်အက်ဒရီယာနို၊ ၂၀၁၂ ခုနှစ်တွင် မက်ဆီတို့ပြီးနောက်   ချန်ပီယံလိဂ် ပြိုင်ပွဲ၌   တစ်ရာသီအတွင်း    ငါးဂိုး သွင်းယူနိုင်သည့်   တတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။ 

 


ပြိုင်ဘက်   လိုက်ပ်ဇစ်အသင်း သည်  ပထမအကျော့တွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျအောင် ကစား ထားနိုင်သော်လည်း    ယခုဒုတိယ အကျော့တွင်  မန်စီးတီးအသင်းကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ  ခုနစ်ဂိုးပြတ် ဖြင့်    အရှက်တကွဲ    ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ 

 


အခြားသော ပွဲစဉ်တွင် ပေါ်တိုနှင့် အင်တာမီလန်အသင်းတို့     ယှဉ်ပြိုင် ကစားခဲ့ပြီး  ဂိုးမရှိ  သရေကျခဲ့သည်။ သို့သော်လည်း နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး - ဂိုးမရှိဖြင့်    အင်တာမီလန် အသင်း နောက်တစ်ဆင့် တက်လှမ်း နိုင်ခဲ့သည်။   ယခုပွဲစဉ်တွင်   ပေါ်တို အသင်းသည်   အိမ်ရှင်အသင်းပီပီ ပြိုင်ဘက်ကို ဂိုးကန်သွင်းခွင့်အသာ၊ ခြေအသာဖြင့်  ဖိအားပေးကစားနိုင် ခဲ့သော်လည်း   ဂိုးအဖြစ်   ပြောင်းလဲ နိုင်စွမ်းမရှိသည့်အတွက် သရေကျ ခဲ့ခြင်း ဖြစ်သည်။   ပွဲချိန်ပြည့်ခါနီး တွင်   ပေါ်တိုအသင်းမှ ခံစစ်ကစား သမားပီပီ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။  

            
   အောင်ဇော်