
ယခုတစ်ပတ် တနင်္ဂနွေနေ့မှာ ပရီမီယာလိဂ် ပွဲစဉ် (၃၅) ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ မေ ၇ ရက် ည ၁၀ နာရီမှာ နယူးကာဆယ်နှင့် အာဆင်နယ် ယှဉ်ပြိုင်မှာပါ။ ခြေစွမ်းထက်မြက်မှုရှိတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်ပေမယ့် အမှတ်ပေးဖလားဆွတ်ခူး ရေး အမှားခံလို့မရတော့တဲ့ အာဆင်နယ်ကို ကာဆယ်အသင်း ကျော်ဖြတ်ဖို့ခက်မယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရပြီး အာဆင်နယ် အနိုင်ရဖွယ်ရှိတယ်။
မေ ၈ ရက် နံနက် ၀၀:၃၀ နာရီမှာ ဝက်စ်ဟမ်း နှင့် မန်ယူတွေ့ဆုံနေပြီး တန်းဆင်းဇုန်ဖိအား က လွတ်မြောက်ဖို့ ကြိုးစားလာမယ့် ဝက်စ်ဟမ်းကို အဆင့် (၄) အတွင်း ပြတ်သား တဲ့ ရလဒ်နဲ့ ဆက်လက်ရပ်တည်ဖို့ အနိုင်ရရှိ ရေး ဦးတည်လာမယ့် မန်ယူအသင်းအနေနဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရဖွယ်ရှိတယ်။
မေ ၈ ရက် ည ၈ နာရီခွဲ ဖူလ်ဟမ်နှင့် လက်စတာပွဲမှာ နိုင်ပွဲရှာတွေ့ဖို့ ကြိုးစားလာ မယ့် ဖူလ်ဟမ်ထက် မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ် နေတဲ့ လက်စတာ အသာရမယ်။
ည ၁၁ နာရီမှာ ဘရိုက်တန်နှင့် အဲဗာတန် ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဗာတန်က ဒီပွဲစဉ်ရှုံးရင် တန်းဆင်းရမယ့်အရေးနဲ့ ပိုမိုနီးစပ်သွားမှာ ဖြစ်တာကြောင့် ဘရိုက်တန်ကို အနိုင်ရရှိမှ သာ ဖိအားအနည်းငယ် လျှော့ချနိုင်မှာဖြစ် တယ်။
အောင်ဇော်