ချယ်ဆီးကို အနိုင်ရရှိမှ အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်ရေးမျှော်လင့်ချက် ဆက်လက်ရှင်သန်မယ်

 

ယခုတစ်ပတ် တနင်္ဂနွေနေ့မှာ ပရီမီယာလိဂ်ပွဲစဉ် (၃၄) နဲ့ ကြားရက်မှာ ပွဲကျန် (၂၈) ကို  ဆက်လက်ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ လီဗာပူးက စပါး၊ အဲဗာတန်က လက်စတာ၊ အာဆင်နယ်က ချယ်ဆီးနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်တွေ ပါဝင်နေတာကြောင့်  မလွတ်တမ်း  စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ 

 

အာဆင်နယ်ရဲ့ခြေစွမ်းက   နောက်ပိုင်းမှာ  တဖြည်းဖြည်း ကျဆင်းလာသလို  ချယ်ဆီးအသင်း ရဲ့  ခြေစွမ်းကလည်း နည်းပြအပြောင်းအလဲတွေ ပြုလုပ်ထားပေမယ့်  ခြေစွမ်းကောင်းမွန်လာခြင်း မရှိဘူး။ ဒါပေမယ့် အာဆင်နယ်က နိုင်ပွဲရရှိမှသာ ဖလားမျှော်လင့်ချက် ဆက်လက်ရှင်သန်မှာပါ။ 

လီဗာပူးနှင့် စပါး

နှစ်သင်းကြား ရမှတ်ကွာဟမှု တစ်မှတ်သာရှိ ပြီး   ဥရောပဝင်ခွင့် တစ်နေရာရရှိရေး   အပြိုင် ကြိုးစားနေတဲ့ အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ် တာကြောင့်   ပြိုင်ဆိုင်မှု    ပြင်းထန်လာမှာပါ။ ခံစစ်ပိုင်းဆိုးရွားတဲ့ စပါး အရေးနိမ့်ဖွယ်ရှိတယ်။ 

 

ကာဆယ်နှင့် ဆောက်သမ်တန်

ကာဆယ်က ပြီးခဲ့တဲ့ပွဲမှာ စပါးနဲ့ အဲဗာတန်ကို အံ့အားသင့်ဖွယ် ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်ထားနိုင် တယ်။ ဆောက်သမ်တန်က   ဒီပွဲစဉ်   နိုင်မှသာ တန်းဆင်းဇုန်က လွတ်မြောက်ရေးမျှော်လင့်ချက် ဆက်လက်ခိုင်မာလာမှာပါ။    နယူးကာဆယ် အသာရဖွယ်ရှိတယ်။ 

 

လီဗာပူးနှင့် ဖူလ်ဟမ်

ဒီရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ လီဗာပူးအသင်းက  မာကျောကျစ်လျစ်မှုရှိတဲ့ ဖူလ်ဟမ်အသင်းနဲ့   ရင်ဆိုင်ကစားရမှာ   ဖြစ် တာကြောင့် ယခင်ပွဲစဉ်တွေက စွမ်းဆောင်ရည် ထက် ကျဆင်းခဲ့ရင်  ပေးဆပ်မှုကြီးမားသွားနိုင် တယ်။ 

 

မန်ယူနှင့် ဗီလာ

ဗီလာက ပုံမှန်ခြေစွမ်းပြသထားနိုင်ပြီး ဥရောပ ဝင်ခွင့်တစ်နေရာရရှိဖို့အထိ    ဦးတည်နေတဲ့ အသင်းဖြစ်တယ်။ မန်ယူက အဆင့် (၄) အတွင်း မှာ ပြတ်သားတဲ့ရလဒ်နဲ့ ဆက်လက်ရပ်တည်ဖို့ မဖြစ်မနေနိုင်ပွဲရရှိဖို့ လိုအပ်တယ်။ 

 

လက်စတာနှင့် အဲဗာတန်

တန်းဆင်းဇုန်အတွင်း ကျရောက်နေတဲ့အသင်း နှစ်သင်းတွေ့ဆုံမှု   ဖြစ်တာကြောင့်   ပြိုင်ဆိုင်မှု ပြင်းထန်လာမှာ သေချာတယ်။  လက်စတာက အဲဗာတန်ထက်    တိုက်စစ်ထက်မြက်မှုရှိတာ မှန်ပေမယ့် ခံစစ်ပိုင်းမှာ အားနည်းတယ်။ 

 

ဘရိုက်တန်နှင့် မန်ယူ

ဒီနှစ်သင်းက ယခုပွဲစဉ်မတိုင်မီ အက်ဖ်အေ ဖလားဆီမီးဖိုင်နယ်မှာ ပူပူနွေးနွေးတွေ့ဆုံထားပြီး မန်ယူအသင်းက    ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူထားတယ်။ ဘရိုက်တန်အသင်းက အဆိုပါ ရှုံးနိမ့်မှုကို ချေဖျက်ဖို့  ကြိုးစားလာမှာဖြစ်တာ ကြောင့် မန်ယူ  အခက်တွေ့မယ်။ 

 

မိုးစက် - စုစည်းသည်