
ပရီမီယာလိဂ် ပွဲစဉ် (၂၃) ကို ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ယှဉ်ပြိုင်ကစားရာ ချယ်ဆီးနှင့် အာဆင်နယ် သရေပွဲကြုံပြီး လက်စတာက စပါးကို ဂိုးပြတ် အနိုင်ရသည်။
ဝက်စ်ဟမ်းနှင့် ချယ်ဆီးတို့ ပွဲမှာ တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။လန်ဒန်မြို့ခံနှစ်သင်း ယှဉ်ပြိုင် မှုကြောင့် ပွဲမှာ အကြိတ်အနယ် ရှိခဲ့သည်။ ဦးဆောင်ဂိုးကို ချယ်ဆီးမှ ဂျာအိုဖိလစ်က ၁၆ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဝက်စ်ဟမ်းအတွက် ချေပဂိုးကို အီမာဆင်က ၂၈ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ဂိုးထပ်မံမသွင်း နိုင်ဘဲ သရေပွဲဖြစ်ခဲ့သည်။
အာဆင်နယ် သရေကျ
အခြားပွဲစဉ်များတွင် အာဆင် နယ်နှင့် ဘရန့်ဖို့ဒ်ပွဲမှာ တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။ အာဆင်နယ် အတွက်ဂိုးကို ၆၆ မိနစ်တွင် ထရိုဆက်က သွင်းယူပေးပြီး ဝက်စ်ဟမ်းက ၇၄ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ အာဆင်နယ်တို့ ယခုပွဲ သရေကျ သော်လည်း ရမှတ် ၅၁ မှတ်ဖြင့် ဇယားထိပ်က ဦးဆောင်နေဆဲ ဖြစ်သည်။
စပါး ဂိုးပြတ်နိုင်
ခရစ္စတယ် ပဲလေ့စ်နှင့် ဘရိုက်တန်တို့ ပွဲမှာလည်း တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။ ဖူလ်ဟမ်က နော်တင်ဟမ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး လက်စတာက စပါးကို လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရသည်။ ဆောက်သမ်တန်က ဝုလ်ဖ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အောင်ဇော်