
ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်
====================================
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်-
အစီအစဉ်မှူး။ ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်တဲ့
သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ ကာကွယ်ဆေး၊ ကုသဆေးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ရှာဖွေ ဖော်ထုတ်နေကြပေမယ့်လည်း ယခုချိန်ထိ တရားဝင် ဆေးဝါးဖော်စပ် ထုတ်လုပ်နိုင်ခြင်း မရှိသေးတာတော့ အားလုံးအသိပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံအစိုးရထံ ကိုဗစ်-၁၉ ကူးစက်ရောဂါကုသရေးမှာ အသုံးပြုမယ့် ဆေးဝါးတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။
ဒီနေ့မှာလည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ ပြည်သူလူထုတွေ သိရှိလိုတဲ့ အကြောင်းအရာတွေကို ဖြေကြားပေး နိုင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့က သွေးရည်ကြည်ကုထုံးကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြ(သွေးရောဂါအထူးကုဆရာဝန်ကြီး)၊
b ကိုဗစ်-၁၉ မှ
ခေတ္တညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာသန်းဝင်း တို့နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမြင့်တို့က ပါဝင်ဆွေးနွေးဖြေကြားပေးသွားကြမှာ ဖြစ်ပါတယ်။
ဆရာကြီးတို့ အားလုံး မင်္ဂလာပါ။ ဒီနေ့အစီအစဉ်မှာ အချိန်ပေးပြီး ပါဝင်ဆွေးနွေးပေးတဲ့ ဆရာကြီးတို့အားလုံး ကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာကြီး ဦးထွန်းမြင့်ကနေပြီး ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။
ဒေါက်တာထွန်းမြင့်။ ။ ဒီအစီအစဉ်မှာ ပြည်သူတွေရဲ့
အသံကို နားထောင်ပြီးတော့ ပြည်သူတွေသိလိုတဲ့ အကြောင်းအရာတွေကို ကျွန်တော် တို့ လေးစားရတဲ့ ဆရာကြီးတွေနဲ့ ဖြေဆိုခွင့်ပေးတဲ့ အစီ အစဉ်ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့လည်း ကျွန်တော်တို့ အတူတူ ရင်ဘတ်ချင်းနီးပြီးတော့ ပြည်သူတွေရဲ့ အပူတွေ ကို တစ်စိတ်တစ်ပိုင်း လျှော့ချပေးနိုင်မယ့် အစီအစဉ်ဖြစ်ပါ တယ်။
သတင်းအမှန်တွေ ဒါတွေကိုလည်း တင်ပြနိုင်မယ့် အစီအစဉ်လည်း ဖြစ်နေတာပါ။ ဒီမှာတော့ မီဒီယာတွေ အားလုံးက မေးတာကိုပဲ ကနဦးဖြေဆိုခဲ့ကြတာ များပါ တယ်။ ယခုဒီတစ်ခါမှာ လေးစားရတဲ့ ဆရာကြီးတွေနဲ့ အတူတူပေါ့လေ၊ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခွင့် ရနေတာလည်း ဆရာကြီးတွေကနေ သင်ယူနိုင်မယ့် အခွင့်အလမ်းရတာပါ။
ဆရာကြီးတို့ ခင်ဗျာ၊ ပြည်သူတွေက သိလိုပြီး မေးမြန်းထားတာတွေ၊ မေးခွန်းတွေ တချို့ရှိပါတယ်။ သူတို့ကိုယ်စား မေးမြန်းပေးမှာလဲ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေအရဆိုရင်တော့ အောက်တိုဘာလ ၅ ရက်နေ့အထိဆိုရင် အားလုံးပေါင်း ၁၈၇၈၁ ဦးမှာ ပိုးတွေ့ရှိရတာ ဖြစ်ပါတယ်။
ရန်ကုန်ဆိုလို့ရှိရင် ၁၄၆၇၀ က ရန်ကုန်ကဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ၇၈ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းဒေသကြီး မှာ ပိုးတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးသူတွေအနေနဲ့ ဆိုရင် တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့က ၄၄၄ ဦးရှိတဲ့ အထဲမှာ ရန်ကုန်က ၄၁၃ ဦးပါ။ ဒါကြောင့် သေဆုံးမှုမှာ တစ်နိုင်ငံလုံးရဲ့ ၉၃ ရာခိုင်နှုန်းက ကျွန်တော်တို့စီကပဲ ဖြစ်ပါတယ်။
အဲဒီတော့ ပြည်သူလူထုကလည်း သိချင်လာတဲ့ အထဲမှာ ရောဂါကူးစက်လာမှုတွေကလည်း များလာ တယ်။ ဘာကြောင့်လဲဆိုတာလည်းပဲ ပါဝင်တာ ဖြစ်ပါ တယ်ခင်ဗျာ။ ဒီနေရာမှာ စီမံခန့်ခွဲမှုမှာ လိုအပ်ချက်တွေ၊ ပြည်သူလူထု စည်းကမ်းလိုက်နာမှုတွေ၊ ဒီလိုအပ်ချက် တွေကိုလည်းပဲ ပြည်သူလူထုက သိချင်လာကြတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒီရောဂါထိန်းချုပ်ရေး အခြေ အနေနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့အမြင်ကို ပြည်သူ လူထုကလည်း သိချင်နေပါတယ်။ ဒါကြောင့် ကနဦး ဆွေးနွေးပေးဖို့ ဆရာကြီး ဦးသန်းဝင်းကို ကျွန်တော့် အနေနဲ့ ဖိတ်ခေါ်ပါရစေ။ ဆရာကြီး ဆွေးနွေးပေးပါခင်ဗျာ။
ဒေါက်တာသန်းဝင်း။ ။ ဒီနေ့အထိ အခုတစ်ခါ ကိုဗစ်-၁၉
ကူးစက်ရောဂါ ဖြစ်ပွားမှုမှာ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပွားမှုကရော၊ သေဆုံးမှုရော အများအပြားဖြစ်နေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး မှာ ဖြစ်ပွားနေမှု၊ ဆောင်ရွက်ထားရှိမှုတွေကို နည်းပညာ ရှုထောင့်ကနေ သုံးသပ်ပြီးတင်ပြသွားမှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ အကုန်ပိုင်းနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တချို့မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ရောဂါ တစ်ခါပြန်ပြီး ကူးစက်ပြန့်ပွားလာတာပါ။ အဲဒီလို ကူးစက်ပြန့်ပွားလာမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ မြို့နယ်တချို့မှာ အခြေအနေ အကြောင်း အရာ တချို့ပေါ်ပေါက်ခဲ့ပါတယ်။
အားလုံးသိတဲ့အတိုင်း ရန်ကုန်မြို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့အပြင် ပြည်တွင်း ပြည်ပ ကကော၊ တိုင်းတွင်း၊ တိုင်းပကကော အခြားနေရာက လူတွေလည်း အဝင်အထွက်များပါတယ်။ နောက်တစ်ခါ လူဦးရေကလည်း ထူထပ်ပါတယ်။
အဲဒီအချိန်မှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ မြို့နယ်တချို့မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရပြီး သယ်ဆောင်ထားတဲ့ လူတချို့ကလည်း အကြောင်း ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီအနေအထားမှာပဲ တစ်ဖက်မှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းက လူတွေဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ရေးအတွက် လိုက်နာမှု အပိုင်းမှာလည်း တော်တော်လေး အားလျော့လာတာ ဖြစ်ပါ တယ်။
အဲဒီအချိန်မှာ ဒီဘက်ကလည်း အားလျော့လာတယ်။ ဟိုဘက်ကလည်း ဗိုင်းရပ်စ်ပိုးသယ်ဆောင်လာတဲ့လူတွေ ရှိနေတဲ့အချိန်မှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် တချို့မှာ စတင်ပြီးတော့ ကူးစက်ဖြစ်ပွားလာတာ ဖြစ်ပါ တယ်။
ကျွန်တော်တို့ နိုင်ငံမှာ မကြာသေးခင်က တွေ့ထားတဲ့ နည်းပညာဆိုင်ရာ အချက်အလက် တစ်ခုကလည်း ဒီကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ဖို့အတွက် အထောက်အကူ ပြုသလား၊ ပိုပြီးတော့များ ဖြစ်စေသလားဆိုပြီး ရှိတဲ့အတွက် ကြောင့် တင်ပြသွားမှာ ဖြစ်ပါတယ်။
အဲဒါက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ Genetic Mutations လို့ခေါ်တဲ့ မျိုးရိုးဗီဇပြောင်းလဲမှုပါ။ ပိုပြီးတော့ ကူးစက် လွယ်တဲ့၊ ကူးစက်မြန်တဲ့ မျိုးရိုးဗီဇကို ပြောင်းသွားတယ် ဆိုတာကို ကျွန်တော်တို့နိုင်ငံမှာ ရှာဖွေတွေ့ရှိပြီး ဖြစ်ပါ တယ်။
ထိုနည်းအတိုင်းပဲ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူတချို့ တွေကနေ ဘာရောဂါမှ ကြီးကြီးမားမားမဖြစ်ဘဲ၊ လူထဲမှာ လူကောင်းလို လျှောက်သွားပြီးတော့ ကျွန်တော်တို့ ဒါရောဂါ ကို တခြားသူတွေကို ကူးစက်စေလား၊ ကူးစက်နိုင်သလား ဆိုတဲ့ အချက် နှစ်ချက်ရှိပါတယ်။
အဲဒီအခြေအနေတွေအားလုံးကို ပေါင်းစပ်ပြီး၊ ပေါင်းဆုံသွားပြီးတဲ့အခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ မြို့နယ်တချို့မှာ ကူးစက်မှု စတင်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ကူးစက်မှုစတင်ဖြစ်ပွားလာတာနဲ့ တစ်ပြိုင် နက်တည်း တာဝန်ရှိတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ကော်မတီအဆင့်ဆင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ပြီးတော့ တိုင်းကျန်းမာရေး၊ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ အားလုံးပူးပေါင်းပြီးတော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ညွှန်ကြားထားတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် လူတစ်ဦးချင်းလိုက်နာရမယ့် ကိစ္စရပ်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် လိုက်နာနိုင် ရေးအတွက် ကြပ်မတ်မှုတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဆောင်ရွက်ခဲ့ပေမယ့်၊ ရက်တွေ နည်းနည်း ကြာလာတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကူးစက်တာဆိုရင် မြို့နယ်တွေက တဖြည်းဖြည်းနဲ့ ပိုများ လာတယ်။ ဖြစ်တဲ့ဦးရေကလည်း တဖြည်းဖြည်းနဲ့ ပိုပြီး များလာပါတယ်။ အဲဒါကြောင့် စက်တင်ဘာလ အလယ်ပိုင်း ပေါ့နော်၊ စက်တင်ဘာလ ၂၀ လို့ထင်ပါတယ်။
အဲဒီနောက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ၄၅ မြို့နယ် အနက် ကိုကိုးကျွန်းမြို့နယ် မပါ၊ ၄၄ မြို့နယ်မှာ Stay at Home အစီအစဉ် စတင်ဆောင်ရွက်ဖို့ဆိုပြီး အမိန့်ကြော်ငြာ စာ ထွက်လာတာဖြစ်ပါတယ်။ အဲဒါက တစ်ဦးချင်းလိုက်နာဖို့ ဆောင်ရွက်နေတဲ့နေရာမှာ ကူးစက်မှုက မြင့်လာတဲ့အတွက် ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အားလုံး နီးပါး ကိုကိုးကျွန်းမပါ၊ လူဦးရေ ငါးသန်း လောက်ကို တစ်ပြိုင်နက်တည်း အကျိုးသက်ရောက်မှုရှိဖို့အတွက်ဆို ပြီးတော့ Stay at Home အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။
တတ်နိုင်သမျှ အိမ်ထဲမှာပဲနေပါ။ လူစုလူဝေးလည်း တတ်နိုင်သမျှ မလုပ်ပါနဲ့၊ လူစုလူဝေးရှိလည်း မသွားပါနဲ့၊ မလွှဲသာလို့ ကျန်းမာရေးကြောင့်၊ အိမ်မှာလိုတဲ့ပစ္စည်း ဈေးသွားဝယ်တာမျိုး၊ တခြားမရှိမဖြစ် လုပ်ငန်းတွေကို သွားရတဲ့ လူတွေက၊ အပြင်ထွက်ရတဲ့ လူတွေကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့ ကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ Mask ကို မဖြစ်မနေတပ်ရမှာ ဖြစ်ပါတယ်။ Hand Hygiene (လက် သန့်ရှင်းရေး)ပေါ့နော် လက်ကို မဖြစ်မနေဆေးရမယ်။ လက်သန့်စင်အောင်ထားရမယ်။ တတ်နိုင်သမျှ Social Distancing တစ်ဦးနဲ့ တစ်ဦး ၆ ပေခွာပြီး နေရမယ် ဒါတွေ လည်း လိုက်နာဖို့အတွက် ကျွန်တော်တို့ ကြပ်ကြပ်မတ်မတ်နဲ့ ကော်မတီ အဆင့်ဆင့်နဲ့ တာဝန်ရှိသူတွေက ဆောင်ရွက်ခဲ့ ကြတာ ဖြစ်ပါတယ်။
အဲဒီအတိုင်းပဲ ဒီဘက်မှာလည်း ထိန်းချုပ်ရေးကို ဆောင်ရွက်နေသလို၊ တစ်ဖက်မှာလည်း အားလုံးသိတဲ့ အတိုင်းပဲ ကူးစက်မှုကြောင့် သံသယလူနာတွေ ရှိလာတယ်။ အဲဒါတွေကို ပိုးစစ်တယ်။ ပိုးစစ်ပြီးတော့ ပိုးတွေ့လူနာတွေကို ရှိလာတယ်။ ပိုးတွေ့လူနာတွေကိုလည်း COVID - 19 Care Center လို့ခေါ်တဲ့ ကုသရေးစင်တာတွေ၊ သတ်မှတ်ထားတဲ့ ဆေးရုံကြီးတွေမှာ ကုသပြီးတော့ ပျောက်ကင်းသွားတာ တွေလည်း အများကြီးရှိပါတယ်။
အဲဒီလို ကုသမှုပေးနေတဲ့အပြင် Positive လူနာနဲ့ ထိတွေ့တဲ့ Prime Contact လို့ခေါ်ပါတယ်။ သူတို့ကိုလည်း Quarantine Center တွေမှာ ထားတယ်။ ထားပြီးတဲ့အခါ ကျတော့ သူတို့ကိုလည်း ပိုးစစ်တယ်။ စစ်လို့ပိုးတွေ့ရင် တွေ့တဲ့အတိုင်း ကုသပေးပြီး ပျောက်ကင်းအောင်ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။
သံသယလူနာတွေဟာ ထပ်ပြီးတော့ အကြောင်း အမျိုးမျိုးနဲ့ ထပ်ပြီးပေါ်နိုင်ပါတယ်။ အဲဒီလို ပေါ်လာခဲ့လို့ရှိရင် သက်ဆိုင်ရာကျန်းမာရေးက တာဝန်ရှိတဲ့သူတွေကလည်း သေသေချာချာ စုံစမ်းစစ်ဆေးပြီး Investigation လုပ်ပါ တယ်။ အစုအလိုက်၊ အပြုံလိုက်ဖြစ်တာလား၊ ဘယ်က ကူးနိုင်တယ်။ ပြီးတာနဲ့ တစ်ပြိုင်တည်း ထိတွေ့တဲ့လူ အားလုံးကို Quarantine Center ကို ပို့တယ်။ ပြီးရင် ပိုးတွေ့ အောင်စစ်တယ်။ ပိုးတွေ့လို့ရှိရင်လည်း ကုသပေးတာ ဖြစ်ပါ တယ်။
ကုသရေးဘက်မှာ အဲဒီလိုဆောင်ရွက်ပေးနေတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင် လူထုကြားထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုး၊ ကိုဗစ်-၁၉ သယ်ဆောင်တဲ့လူဦးရေ၊ သူကနေ တစ်ဆင့် တခြားသူတွေကို ကူးနိုင်တဲ့၊ ကူးစေတဲ့ လူဦးရေကို တတ်နိုင်သမျှ လျှော့ချတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာစကားအရ Community ထဲမှာ Circulate လုပ်နေတဲ့၊ ပျံ့နှံ့နေတဲ့ Viral Load ကို လျှော့ချတာ ဖြစ်ပါ တယ်။
အဲဒီတော့ ဒီပျံ့နှံ့နေတဲ့ Viral Load ကို လျှော့ချတာ ကလည်း ကူးစက်ရောဂါတစ်ခုကို ထိန်းချုပ်ဖို့အတွက် မရှိ မဖြစ် အင်မတန်အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ် ပါတယ်။ တစ်ဖက်မှာလည်း Stay at Home အစီအစဉ် ကြေညာထားတဲ့အတွက်ကြောင့် ရန်ကုန်မှာရှိတဲ့လူတွေ တော်တော်များများဟာ အိမ်ထဲမှာပဲနေရတယ်။ ဘယ်လို မှ ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာတဲ့လူနဲ့ ထိတွေ့စရာ အကြောင်း အင်မတန်နည်းသွားတယ်။
အကယ်၍ ထိတွေ့၊ အပြင်ထွက်ပြီး မဖြစ်မနေ ထွက်ရတဲ့သူတွေကလည်း တစ်ကိုယ်ရေကာကွယ်ရေး လုပ်ငန်းတွေ လုပ်သွားတဲ့အတွက်ကြောင့် ထိတွေ့မှုရှိခဲ့ ရင် ကူးစက်မှုနည်းသွားတာ ဖြစ်ပါတယ်။ တစ်ပြိုင်နက် တည်း အချိန်ကိုက် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကြောင့် ဒါဘယ်ကပ်ရောဂါမဆို၊ ကူးစက်ရောဂါမဆို ကျွန်တော်တို့ ထိန်းချုပ်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိလာမှာ ဖြစ်ပါတယ်။
Stay at Home အစီအစဉ်နဲ့ ပတ်သက်ပြီး ဒါက လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တတ်ကျွမ်းကြတဲ့ ပညာရှင်တွေက နိုင်ငံတကာ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး နည်းပညာအထောက်အပံ့ပေးတဲ့ အဖွဲ့တွေဖြစ်တဲ့ WHO, US CDC တို့လို အဖွဲ့တွေက နည်းပညာအထောက်အပံ့ထဲက မြန်မာနိုင်ငံနဲ့ သင့်တော် မယ့်၊ ဒီအသွားအလာကန့်သတ်တဲ့ Stay at Home အစီ အစဉ်ကို ရေးဆွဲပြီးတော့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဒါကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။
ဒေါက်တာထွန်းမြင့်။ ။ ဆရာကြီး ဆွေးနွေးသွားတာ
အထူးပဲ မှတ်သားရပါတယ်။ ပြည်သူလူထုကိုလည်း ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါ တယ်။ ဒီအချက်တွေက အခြေခံလိုအပ်ချက်တွေ ဖြစ်ပါ တယ်။
ဒါကြောင့်မို့ Stay at Home ကို ရန်ကုန်တိုင်း ဒေသကြီးမှာတော့ အားလုံး တစ်တိုင်းလုံးပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ကနေစခဲ့ကြတာ အခုဆိုလို့ရှိရင်လည်း နှစ်ပတ်ကျော်ခဲ့ပါပြီ။ ဒါပေမယ့် ဆက်လက်ပြီး သည်းခံ ပေးကြပါဦး။ သည်းခံပြီးတော့ ဆက်လက် Stay at Home နေပေးဖို့လည်း ပြည်သူလူထုကို ဒါလည်းပဲ အထူးမေတ္တာ ရပ်ခံချင်ပါတယ်။
ဆက်လက်ပြီး ဆရာကြီးပါမောက္ခဒေါက်တာဦးရဲမြ ကို မေးမြန်းချင်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေက တချို့ဆေးတွေက ပြည်သူလူထုကို အကျိုးပြုတာ လည်းပဲ ရှိပါတယ်။ ဒီနေရာမှာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလည်းပဲ ရှိတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူ လူထုက သိချင်နေတာ တစ်ခုကတော့ ဗီတာမင်-ဒီလို ဆေးမျိုးတွေကနေရလာမယ့် အကျိုးကျေးဇူးတွေ၊ နောက်တစ်ခါ ကာကွယ်ရေးနည်းလမ်းက လိုက်နာဖို့ လိုပါတယ် ဆရာကြီး။ အဲဒါကြောင့်မို့ ဒီအကျိုးကျေးဇူး တွေနဲ့ ကာကွယ်ရေး နည်းလမ်းတွေ ဒါတွေလိုက်နာတာ တွေနဲ့ ချိန်ထိုးပြီးတော့ ဆရာကြီးအနေနဲ့ ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
ဒေါက်တာရဲမြ။ ။ အဓိကတော့ ဒီဟာ ဗီတာမင်-ဒီနဲ့
ပတ်သက်ပြီး ဆေးတွေကို ဈေးကွက် ထဲမှာ ပြတ်လုသည်အထိ ဈေးကြီးပေးဝယ်ပြီး သောက်သုံးနေကြတယ်။ ဒီ ဗီတာမင်-ဒီ ဆိုတာ နေရောင်ခြည်ဖြင့်လည်း ရရှိနိုင်ပေမယ့် အသက်အရွယ် ကြီးတဲ့သူတွေက အိမ်ထဲမှာ အပြင်မထွက်ဘဲ အနေကြာ တယ်။ အစားအသောက် ပျက်တယ်၊ အခံရောဂါရှိတယ် ဆိုရင် ဗီတာမင်-ဒီ ဓာတ်နည်းတတ်လို့ သောက်သုံးဖို့ သင့်ပါတယ်။
ဗီတာမင်-ဒီ ဓာတ်ချို့တဲ့ရင် ရောဂါဒဏ်ခံနိုင်ရည် နည်းပါတယ်။ ကိုဗစ်ရောဂါကို ကာကွယ်နိုင်တယ်၊ ပျောက်စေနိုင်တယ် ဆိုတာတော့ မရှိပါဘူး။ နေကောင်း နေတဲ့သူတွေ၊ လူငယ်တွေ သောက်သုံးစရာ မလိုပါဘူး။ အသက်ကြီးတဲ့သူတွေ၊ အိမ်ထဲမှာနေတဲ့သူတွေ၊ ဒီလိုပဲ လူကြီးတွေ ဗီတာမင်-ဒီ နဲ့အတူ ဗီတာမင်-စီတို့၊ ဇင့်တို့ ပါတဲ့ အားဆေးတွေ သောက်သုံးသင့်ပါတယ်။
သောက်သုံး တယ်ဆိုတဲ့နေရာမှာလည်း ပမာဏပေါ့နော်၊ ဗီတာမင်-စီ ဆိုရင် များသောအားဖြင့် မီလီဂရမ် ၅၀ တို့၊ ၁၀၀ တို့လောက်၊ ဗီတာမင်-ဒီ ဆိုရင် ၅၀၀၀ IU အားတို့၊ ၁၀၀၀၀ IU အားတို့လောက်အထိ ဖြည့်စွက်တဲ့အနေနဲ့ သောက်တာရှိပါတယ်။ အားလုံးအနေနဲ့ကတော့၊ အရေး ကြီးဆုံးက မမြင်ရတဲ့ရန်သူကို ကာကွယ်နေရတာပါ။ အဲဒီတော့ အမြဲတမ်းသတိနဲ့နေဖို့၊ အားလုံးက Mask တပ်ဖို့၊ လမ်းမှာ သွားမယ်ဆိုရင် မကြာခဏ လက်ဆေးဖို့၊ တတ်နိုင်ရင် အိမ်မှာနေဖို့၊ ဒီဟာတွေက ကာကွယ်တဲ့ နေရာမှာ အဓိကပဲ ဖြစ်ပါတယ်။
»» စာမျက်နှာ ၈ မှ
ဒေါက်တာထွန်းမြင့်။ ။ ဆရာကြီး ဖြေပေးသွားတဲ့အတွက်
ပြည်သူလူထု အနေနဲ့လည်း မှတ်သားလိုက်နာဖို့ လိုပါတယ်။ ဒီအတွက်လည်း ဆရာကြီး ကျေးဇူးတင်ပါတယ်။ နောက်မေးခွန်းလေး တစ်ခုကို ဆရာကြီးပဲ ဆက်လက်ဖြေကြားပေးဖို့ မေတ္တာ ရပ်ခံလိုပါတယ်။
ယခုပြည်သူလူထုကြားထဲမှာ သတိထားမိတာ တစ်ခုက အနံ့ပျောက်တာပါ။ ဒီအနံ့ပျောက်တာကလည်း ကိုဗစ် - ၁၉ ရဲ့ အဓိကလက္ခဏာတစ်ခုဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒါအပြင် ရောဂါလက္ခဏာတွေမပြဘဲ ကူးစက်ခံရသူတွေကလည်း မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ၇၅ ရာခိုင်နှုန်းကျော်က တွေ့နေရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာကြီးအနေနဲ့ အနံ့ပျောက်တာ၊ ရောဂါ လက္ခဏာမပြဘဲနဲ့ ကူးစက်တာတွေနဲ့ပတ်သက်ပြီး ပြည်သူလူထု သိစေလိုတာလေး ဆွေးနွေးပေးဖို့အတွက် တင်ပြလိုပါတယ်။
ဒေါက်တာရဲမြ။ ။ ဒီကပ်ရောဂါ ဖြစ်နေတဲ့အချိန်မှာတော့
ရက်ပိုင်းအတွင်းမှာ အနံ့ပျောက်သွား ပြီဆိုရင် အခြားရောဂါ ရှိ / မရှိ ဒီရောဂါကူးစက်ခံရတယ်လို့ ယူဆလို့ရပါတယ်။ အနံ့ပျောက်ရင် ကိုယ့်အိမ်မှာ နေရမလား၊ ဆေးရုံသွားရမလားဆိုတာ ရှိလာပါတယ်။
အနံ့ပျောက်တယ်ဆိုရင်ပဲ ကူးစက်ခံရဖို့နှုန်းက သိပ်များနေတဲ့အတွက်ကြောင့် ဆေးရုံ၊ ဆေးခန်းပြဖို့
ရှိ/ မရှိလည်း စစ်ဆေးဖို့လိုပါတယ်။ အဲဒါနဲ့အတူ ရောဂါ လက္ခဏာမပေါ်ဘဲနဲ့ ကူးစက်ခံနေရတဲ့လူတွေ တော်တော် လေးများပါတယ်။ သူတို့ မေးတဲ့အထဲမှာလည်း ပါပါ တယ်။ မသိဘဲနဲ့ရော ဒီရောဂါပိုးဝင်ပြီးတော့ သူ့ဘာသာသူ ပျောက်သွားနိုင်လားတဲ့ ပျောက်သွားနိုင်ပါတယ်။
သူက ရောဂါပိုးကူးစက်တယ်၊ ပိုးကူးစက်ပြီးရင် ဆိုပါစို့ ၄၀ ရာခိုင်နှုန်းလောက်က သူတို့မှာ ရှိမှန်းမသိဘဲနဲ့ သူတို့မှတစ်ဆင့် သူများတွေကို ကူးစက်နေပါတယ်။ အဲဒီတော့ သူတို့တွေဟာ များသောအားဖြင့် နှစ်ပတ် လောက်နေရင် သူ့ဟာသူ ရောဂါက ပျောက်သွားတယ်။ ဒါပေမယ့် ဒီအချိန်ကာလအတွင်းမှာ သူများကို ကူးစက် နေပါတယ်။ ဒါကြောင့် အမြဲတမ်းကာကွယ်မှု ယူနေဖို့ လိုပါတယ်။
ထိတွေ့နေတဲ့လူတွေက လူကောင်းတွေလို့ ထင်နေ ပေမယ့် အဲဒီအထဲမှာ ပိုးရှိတဲ့သူတွေ ပါနေနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီပိုးတွေဟာ ရောဂါလက္ခဏာ မပေါ်တဲ့သူတွေဟာ သယ်ပြီးသွားနေနိုင်တော့၊ ကိုယ်နဲ့ အထိအတွေ့ရှိနေနိုင်တော့ ဘယ်သူ့ကိုမှ ယုံကြည်စိတ် ချလို့ မရပါဘူး။ ဒါကြောင့် အပြင်သွားပြီဆိုရင် အမြဲတမ်း Mask တပ်ဖို့ လိုပါတယ်။ အစစအရာရာ ကိုင်တွယ်မိ၊ ထိမိတယ်ဆိုရင် လက်ဆေးဖို့ လိုပါတယ်။
နောက်တစ်ခုက ဒီရောဂါလက္ခဏာမပြတဲ့သူတွေ ဟာ အများစုက ကောင်းသွားတယ် ဆိုပေမယ့် ရောဂါ လက္ခဏာမပြတဲ့သူတွေထဲကပဲ ဆိုလိုတာက ရောဂါ လက္ခဏာ နည်းနည်းလေးပဲ ပေါ်တယ်။ ရောဂါလက္ခဏာ မပြတဲ့သူတွေထဲကမှ ၁၀ ရာခိုင်နှုန်း၊ တစ်ခါတလေ ၂၀ ရာခိုင်နှုန်းက ဗြုန်းခနဲ ရောဂါပြင်းထန်လာနိုင်ပါတယ်။
အဲဒီတော့ အမြဲတမ်းစောင့်ကြည့်နေဖို့ လိုပါတယ်။ အရေးကြီးဆုံးက စောစောစီးစီး မသင်္ကာတာနဲ့ ဆေးရုံ၊ ဆေးခန်းပြရင် စိတ်အချရဆုံးပါ။ ဒီမှာဖြစ်နေတာက အချို့ဆိုရင် အဖျားဝင်တယ်၊ အဲဒါနဲ့ နေပြန်ကောင်းလို ကောင်းငြား ပါရာစီတမောလ်လေးသောက်ပြီး နေကြ တယ်။ မသက်သာတဲ့အခါကျမှ ခုနစ်ရက်တို့၊ ၁၀ ရက်တို့ ကြာပြီး အဲလောက်အချိန်မှာ ဆေးရုံ၊ ဆေးခန်းကို လာတဲ့အခါကျတော့ စစ်လိုက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် တွေ့တယ်ဆိုရင် တော်တော်လေးနောက်ကျနေတဲ့ အခြေ အနေမှာ ရှိပါတယ်။
ဒီတော့ ဖျားပြီဆိုရင် ဒီကပ်ရောဂါကာလမှာ မသင်္ကာ ဖြစ်ရမှာပါ။ စစ်ဆေးဖို့လိုပါတယ်။ ဆေးရုံ၊ ဆေးခန်း တွေပြဖို့ လိုပါတယ်။ အခက်ခဲဆုံးအပိုင်းက သိပ်နောက်ကျ ပြီး ရောက်လာရင် ကုသရတာ သိပ်ခက်ပါတယ်။ ဥပမာ- ၁၀ ရက်လောက်မှ ရောက်လာတယ်။ ဖျားနေတာလည်း နည်းနည်းကြာတယ်။ အသက်ကလည်း ကြီးတယ်။ အခံရောဂါရှိတယ်ဆိုရင် တော်တော်လေးကို ကုသရတာ ခက်တဲ့အပိုင်းမှာရှိပါတယ်။ အသက်ကြီးတဲ့သူတွေ ဖြစ်တယ်ဆိုပေမယ့် အချို့လည်း ပြင်းပြင်းထန်ထန် ဖြစ်ပါတယ်။ နည်းတော့ နည်းတာပေါ့လေ။
အချို့လည်း မေးနေကြပါတယ်။ သတင်းစာထဲမှာ တွေ့လို့ အသက် ၁၄ / ၁၅ နှစ် အရွယ်လေးတွေ သေတဲ့ ကိစ္စရော ဘာကြောင့်သေတာလဲ။ အခံရောဂါရှိသလား ဆိုတာ ကျွန်တော်သိသလောက်တော့ ၁၅ နှစ်၊ ၁၆ နှစ်နဲ့ ဆုံးသွားတဲ့ကလေးတွေမှာ ကျောက်ကပ်ရောဂါရှိပါတယ်။ နောက်တစ်ခါ သွေးလေးဖက်နာ ရှိပါတယ်။ ၁၃ နှစ် မိန်းကလေးတစ်ယောက် ဆုံးသွားတာဆိုရင် သွေးကင်ဆာ နဲ့ ဆုံးသွားတာပါ။ စစ်လိုက်တော့ ကိုဗစ်ပိုး တွေ့နေတာ ဖြစ်ပါတယ်။
ဒီတော့ ကလေးတွေအများစုက များသောအားဖြင့် ရောဂါလက္ခဏာ ပြင်းထန်တယ်ဆိုတာ မရှိပါဘူး။ တော်တော်များများတော့ ရှိမှန်းတောင်မသိပါဘူး။ ဒါပေမယ့် အခံရောဂါရှိရင် တော်တော်လေးကို ပြင်းထန် ပါတယ်။ ဒါကြောင့် လူကြီးတွေရော၊ လူငယ်တွေရော အခံ ရောဂါရှိရင် ဒီအခံရောဂါကနေ စနစ်တကျ ကုသဖို့လိုပါ တယ်။
အထူးသဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါရှိနေတဲ့သူတွေ သွေးတိုးရောဂါထိန်းထားဖို့ လိုပါတယ်။ ဆီးချိုရောဂါ ထိန်းထားဖို့လိုပါတယ်။ ဆရာတွေ ပြောသလိုပဲ ကျွန်တော် ပြန်ပြောချင်တာက ကာကွယ်ရေးက အရေးကြီးဆုံးပါ။ အချို့ဖြစ်တယ်ဆိုရင်လည်း သံသယဖြစ်ဖြစ်ခြင်းကို ပြကြပါ။
ဒေါက်တာထွန်းမြင့်။ ။ တစ်ဆက်တည်းပဲ ဆရာကြီး
ဆွေးနွေးသွားတဲ့ အချက်တွေ အပေါ်မှာမူတည်ပြီး အနံ့ပျောက်လူနာတွေ ပြည်သူလူထု ကြားထဲမှာလည်း များပါတယ်။
ဒီအတွက်လည်း ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်နေတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါတွေကို ပြည်သူလူထုကိုလည်း အသိပေးတင်ပြလိုပါ တယ်။
အနံ့ပျောက်တဲ့သူတွေအတွက်ကို မြို့နယ်တွေမှာ အနံ့ပျောက်စင်တာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ နောက်ပြီး Call Center တွေက တစ်ဆင့် တယ်လီဖုန်းနဲ့ သတင်းပို့ဆက်သွယ်ပြီး အနံ့ ပျောက်စင်တာတွေကို သွားရောက်ပြီး အစစ်ဆေးခံဖို့၊ အဲဒီမှာသွားပြီး ကွာရန်တင်းလို သီးခြားနေဖို့လည်း ပြင်ဆင် ထားတာ ရှိပါတယ်။ ဒါလည်း အလွန်အရေးကြီးပါတယ်။
နောက်တစ်ခုကလည်း ဆေးရုံတွေသွားပြမယ်ဆိုရင် Test Kit နဲ့ အဖြေထုတ်ပြီး အနံ့ပျောက်စင်တာတွေကို မြို့နယ် ကိုဗစ်ကော်မတီဝင်တွေနဲ့ ဆက်သွယ်ပြီး
သက်ဆိုင်ရာ မြို့နယ်အလိုက် ပို့ဆောင်ပြီး ကွာရန်တင်း
ထားရှိ ဆောင်ရွက်ပေးနေတာရှိပါတယ်။
ပြည်သူလူထုအနေနဲ့က အမြဲ Mask တပ်ရမှာပါ။ ယခု Mask မတပ်ထားဘူးဆိုတာက ကိုယ့်အိမ်၊ ကိုယ့်အခန်းကနေ သီးခြားပြောနေကြလို့သာလျှင် Mask မတပ်ထားတာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့က မိသားစုတွေထဲမှာပဲနေနေ Mask တပ်ထားဖို့က အမြဲလိုအပ် ပါတယ်။ အိမ်မှာနေရင်လည်း ယခု ကျွန်တော်တို့ နေသလို အခြားသူတွေနဲ့ခွဲနေဖို့ လိုအပ်ပါတယ်။ အပြင်ကိုလည်း လုံးဝမထွက်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အနံ့ပျောက်ပြီ ဆိုတာ သေချာပြီဆိုရင် ခုနကတင်ပြခဲ့တဲ့အတိုင်း တာဝန် ရှိတဲ့သူတွေကို ဆက်သွယ်ဆောင်ရွက်ဖို့လိုပါတယ်။ အနံ့ ပျောက်စင်တာတွေကလည်း ဆက်သွယ်ခေါ်ယူမှာ ဖြစ်ပါ တယ်။
ပြည်သူတွေ သိချင်တဲ့မေးခွန်းတွေထဲမှာ တစ်ခု တွေ့တာကတော့ ပြည်သူလူထုအခြေပြု အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့ စင်တာတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း သိချင်တာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးလိုတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေနဲ့ ပိုးတွေ့တဲ့လူနာတွေ၊ အနီးကပ် ထိတွေ့မှုရှိတဲ့သူတွေ ဒါတွေကို အသွားအလာကန့်သတ်တာတွေ ဆောင်ရွက်ပါ တယ်။ ကွာရန်တင်းထားရှိ ဆောင်ရွက်တာကတော့ Facility နဲ့ Hotel ဆိုပြီး နှစ်ခုရှိတာကို သိပြီးလည်းဖြစ်ပါတယ်။ ဒီတော့ တိုးလာတာက Community Base Quarantine Center တွေ ဖြစ်ပါတယ်။ ဒါတွေကလည်း မြို့နယ်တွေကနေ လိုအပ်ချက်အရ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဒါတွေကို မြို့နယ်တွေမှာရှိတဲ့ ကိုဗစ်ရောဂါ ထိန်းချုပ် ရေးနှင့် တုံ့ပြန်ရေးကော်မတီတွေကနေ တာဝန်ယူ ဆောင်ရွက်လာတာပါ။ ဒါကလည်း ပိုးတွေ့လူနာတွေ များလာတယ်။ အနီးကပ်ထိတွေ့မှုတွေကလည်း များလာ တယ်။ ဒါတွေကို အသွားအလာကန့်သတ်ဖို့အတွက် လိုအပ် ချက်အရ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ပိုးတွေ့တဲ့လူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေက တစ်ဆင့် အခြားသူတွေကို ကူးစက်မှုမရှိဖို့ အမြန်ခွဲထား နိုင်ရေးက နေရာအခက်အခဲတွေကြောင့်၊ အလျင်အမြန် ဆောင်ရွက်ရတာကြောင့် လိုအပ်ချက်တွေကတော့ ရှိနေ မှာပဲ ဖြစ်ပါတယ်။
ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး များကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ တတ်နိုင်သလောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတွေရဲ့ နည်းပညာအကြံပေးချက်တွေနဲ့ အနီးစပ် ဆုံး ဖြည့်ဆည်းဆောင်ရွက်ရတာပါ။ ဒီလို ဆောင်ရွက် ပေမယ့်လည်း လိုအပ်ချက်တွေကတော့ ရှိနေတာပါ။ ဥပမာ - နေရာလွတ်တွေကို သုံးရပါတယ်။ အများစုက အခြေခံကျောင်းတွေ သုံးရပါတယ်။ အဲဒီနေရာတွေမှာ သီးသန့်ခန်းတွေ ထားရှိနိုင်တာလည်း နည်းပါးပါတယ်။ နောက်တစ်ခုက အိမ်သာ၊ ရေချိုးခန်းတွေကအစ မလုံ မလောက်ဖြစ်တာတွေ ဒီလို လိုအပ်ချက်တွေရှိနေတဲ့ အတွက် ပြည်သူလူထုကလည်း ကြောက်ရွံ့စိုးရိမ်မှုတွေ ရှိပါတယ်။
ဒီအတွက် သတင်းပို့ဖို့ ပျက်ကွက်တာတွေလည်း တွေ့ရပါတယ်။ နောက်ပြီး ပုန်းရှောင်မှုတွေလည်း ကြုံနေ ရတာ ဖြစ်ပါတယ်။ ဒီတော့ ပြည်သူလူထုတွေအနေနဲ့ ဒီလို လိုအပ်ချက်တွေရှိပါလျက်နဲ့ နားလည်မှုပေးပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ အထူးတင်ပြလိုတဲ့အချက်ဖြစ်ပါတယ်။
အများနဲ့အတူနေရပေမယ့်လည်း ကိုယ့်ဘာသာကိုယ် စကားမပြောဘဲနဲ့ ကိုယ်ဝါသနာပါရာကို အချိန်ပေးထား မယ်။ Mask ကိုလည်း အမြဲတပ်ထားမယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာလည်း အကာအရံတွေမရှိဘူးဆိုရင် ကိုယ့်ရဲ့ ကန့်လန့်ကာတွေ ယူဆောင်သွားကြမယ်။ ပြီးရင် ခြားထားကြမယ်။ ရေချိုးချိန်မှာလည်း အလှည့်ကျချိုးမယ်။
နောက်ပြီး ဘာနဲ့ထိထိ၊ အိမ်သာက ပြန်လာရင်လည်း လက်ဆေးဖို့လိုတယ်။ ဘာကိုကိုင်ကိုင် ကိုင်ပြီးရင် လက်ဆေးကြမယ်။ ဒါတွေကိုလည်း လိုက်နာပေးဖို့ လိုပါ တယ်။ စင်တာတွေမှာ စည်းကမ်းတွေ လိုက်နာဖို့ ထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။ ဒါတွေကိုသာ လိုက်နာခဲ့မယ်ဆိုရင်တော့ ကိုယ်ချစ်တဲ့မိသားစုတွေကို ကိုဗစ်ရန်ကနေ ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ယခုအချိန်အထိ ဒီနေရာမှာ ပြည်သူလူထုသိချင်တဲ့ မေးခွန်းတစ်ခုက Swab စစ်ဆေးတာနဲ့ ပတ်သက်တာပါ။ အိမ်ထောင်စုအားလုံးကို အလှည့်ကျ လိုက်လံစစ်ဆေး ပေးဖို့ အစီအစဉ်ရှိလားဆိုတဲ့ မေးခွန်းပါ။ ဒါအတွက် တော့ ကျွန်တော်တို့မှာ လတ်တလော မရှိသေးပါဘူး။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ကလည်း Resource တွေကအစ Limitation ရှိနေပါတယ်။ သံသယလူနာတွေ ကလည်း များပါတယ်။ Contact တွေကလည်း များပါတယ်။ နိုင်ငံရပ်ခြားကနေ ကိုယ့်နိုင်ငံကို ပြန်လာ တဲ့လူတွေကလည်း တအားများပါတယ်။ ဒီလိုလူတွေကို ဦးစားပေး စစ်ဆေးပေးနေရပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ဒီလိုလူတွေကို ဦးစားပေးစစ်ဆေးရတဲ့အတွက် အိမ်ထောင်စုအားလုံးကို အလှည့်ကျစစ်ဆေးပေးဖို့ကတော့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက Swab ကလည်း တစ်ခါစစ်ဆေး ပေးပြီးရုံနဲ့ကို ပိုးမရှိပါဆိုရင် အဲဒီအချိန်မှာပဲ ပိုးမရှိတာ ဖြစ်ပါတယ်။ လိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာ ဘူးဆိုရင် နောင်တစ်ချိန်မှာ ကူးစက်ခံရနိုင်တဲ့ အခြေအနေ ရှိပါတယ်။
ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေး မှာလည်း ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ စစ်ဆေးပေးနေတာတွေလည်း ဆောင်ရွက်ပေးနေရတာ ရှိပါတယ်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ အဲဒီတော့ ပိုးတွေ့ပြီဆိုတာနဲ့ တချို့လည်း ဆေးရုံ မသွားချင်တာတွေ၊ နောက်ကျပြီးမှ ရောက်လာတာတွေ ဒါတွေကတော့ မဖြစ်သင့်ပါဘူး။ စောစောစီးစီးသွားမယ်၊ အိမ်မှာ မနေဘူး၊ စင်တာတွေ၊ ဆေးရုံတွေမှာ စောစော သွားပြီးတော့ ကွာရန်တင်းထားမယ်၊ စောစောကုသမှု ခံယူမယ်ဆိုရင်တော့ ကုသရေးမှာ အလွန်အောင်မြင် လာမယ့် အချက်ဖြစ်ပါတယ်။
အိမ်မှာပဲနေမယ်၊ လက္ခဏာကလည်း မပြသေးဘူး၊ ကျန်းမာရေးကလည်း ကောင်းသေးတယ်၊ ပိုးကတော့ တွေ့တယ်၊ အနံ့ကတော့ ပျောက်တယ်၊ အိမ်မှာပဲ နေမယ် ဆိုရင် ရုတ်တရက် အောက်ဆီဂျင်ကျတဲ့ ပြဿနာရှိပါ တယ်။ ဒါနဲ့ပတ်သက်ပြီး သေဆုံးနိုင်တဲ့ အခြေအနေတွေ လည်းရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုဗစ်
စင်တာတွေမှာ စောစောစီးစီးကုသမှု လာရောက်ခံယူဖို့ အသိပေးမေတ္တာရပ်ခံချင်ပါတယ်။
နောက်တစ်ခုက ပြည်သူလူထုရဲ့ အမေးအများဆုံး မေးခွန်းတစ်ခုပါ။ ကိုဗစ် - ၁၉ ကပ်ရောဂါကြီး ဘယ်တော့ အောင်မြင်မလဲဆိုတာ မေးကြတာရှိပါတယ်။ ဒါဟာဆိုရင် ဆရာကြီး ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းရဲ့ အဆိုအရ တော့ အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံးနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမယ်၊ နောက်ပြီး ပြည်သူလူထု
အနေနဲ့လည်း အရေးကြီးပါတယ်။
ပြည်သူလူထုအနေနဲ့ကလည်း ဆရာကြီးတွေ တိုက်တွန်းသွားသလို အရင်အပတ်ကလည်း ဒုတိယ ဝန်ကြီး(ငြိမ်း) ဆရာကြီးဦးဝင်းမြင့် ဆွေးနွေးသွားတာ ရှိပါတယ်။ စပ်ဆေးကြီး ငါးမျိုးဖြစ်တဲ့ လူစုလူဝေး ရှောင်တာ၊ အိမ်မှာနေတာ၊ ခပ်ခွာခွာ ခြောက်ပေအကွာမှာ နေတာ၊ Mask တပ်တာ၊ လက်ကို မကြာခဏဆေးတာ ဒီစပ်ဆေးကြီး ငါးမျိုးကို လိုက်နာကျင့်သုံးကြမယ်ဆိုရင် မကြာခင်ကာလမှာ ကိုဗစ် - ၁၉ ကပ်ရောဂါဘေးဆိုးကြီးကို ကျော်ဖြတ်အောင်မြင်ကြမှာပါ။
ဒီအတွက် ကျန်းမာရေးဝန်ထမ်းတွေ ရှေ့တန်းမှာ ရှိနေတာကို တစ်နိုင်ငံလုံးက ဂုဏ်ပြုအားပေးနေတာကို အထူးကျေးဇူးတင်ပါတယ်။ ဒီတော့ ရှေ့တန်းကို ကျန်းမာရေးဝန်ထမ်းတွေသာမက ဌာနဆိုင်ရာတွေ အားလုံး၊ အဖွဲ့အစည်းတွေအားလုံး၊ ကူညီပေးကြတဲ့ သူတွေအားလုံး၊ လုပ်ငန်းရှင်တွေအားလုံး၊ ပြည်သူ လူထုအားလုံးက ရှေ့တန်းကိုထွက်လာပြီး တစ်သား တည်းဖြစ်တဲ့အချိန်မှာ ကိုဗစ် - ၁၉ ကပ်ရောဂါဘေးဆိုး ကြီးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မယ့်အချိန်က မဝေးမယ့်အချိန်ဖြစ်တယ်လို့ တင်ပြချင်ပါတယ်။
အားလုံး ကိုဗစ် - ၁၉ ကပ်ရောဂါဘေးဆိုးကြီးကနေ ကာကွယ်ပြီး အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပါတယ်။ ဆရာကြီးတို့
အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူလူထုအားလုံး ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ နှလုံးစိတ်ဝမ်း အေးချမ်းသာယာရှိကြပါစေလို့ မေတ္တာပို့ရင်း နိဂုံးချုပ်အပ် ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။