ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက်များ (ဖြေလျှော့ပေးထားသည့် ကိစ္စရပ်များ မပါ)အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။