ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံကြရာဝယ်

Type
99999


 

မင်းလှိုင်ထော

 

ကိုဗစ် - ၁၉ ၏ အစွမ်းနှင့် နောက်ဆက်တွဲ ဒုက္ခပင်လယ်ဝေခဲ့ရမှုသည် တတိယလှိုင်းတွင် ပို၍ထင်သာမြင်သာ ရှိခဲ့ကြလေသည်။ မိမိ ချစ်သူခင်သူ မြတ်နိုးရသူတို့ အနားမှာ မရှိနိုင်ကြတော့ပေ။ ကိုဗစ် ပြင်းထန်ရောဂါ အခြေအနေမှ လွတ်မြောက်လာခဲ့လျှင်လည်း နာလန်ထူရန် အချိန်ပေးရသေးသည်။ ကိုဗစ် - ၁၉ ရောဂါ ကြောင့် လူမှု၊ စီးပွားနှင့် ဘဝများစွာ ဆုံးရှုံးခဲ့ရသည်။ နစ်နာခဲ့ရလေသည်။ ရွှေရင်ဆို့၊ မျက်ရည်ဆို့ခဲ့ရသော၊ ပူလောင်ခဲ့ရသော အဖြစ်အပျက်များ မိသားစုကိုယ်စီ နှင့် မိမိပတ်ဝန်းကျင်တို့တွင် ရှိခဲ့ပြီးလေသည်။ ထို့ကြောင့်...ထို့ကြောင့်... ထို အတိတ်ဆိုး၊ ကိုဗစ် ၁၉ ရန်သူဆိုး၏ အောင်နိုင်ရာ လက်နက်မှာ ကာကွယ်ဆေး ပင်ဖြစ်ပါသည်။ 
အမျိုးအစားများစွာရှိ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization-WHO) က အသိအမှတ်ပြုထားသော၊ နိုင်ငံပေါင်းများစွာက        ထုတ်လုပ်ထားသော ကိုဗစ် - ၁၉   ကာကွယ်ဆေး  အမျိုးအစားများစွာ ရှိလေသည်။ သို့သော် ကိုဗစ် - ၁၉ ကာကွယ်ဆေး အမျိုးအစားများထဲမှ မိမိကြိုက်နှစ်သက်သော အမျိုး အစားကို စိတ်ကြိုက် ရွေးချယ်ထိုးနှံရန် လက်ရှိ အခြေအနေတွင် ခက်ခဲနေသေးသည်။ ရွေးချယ်ရန် မရှိ သောကြောင့် Something is better than nothing အချို့တစ်ဝက်က ဘာမှ မရှိတာထက်  ပိုကောင်းပါ သည်။ ထို့ကြောင့်   ကိုဗစ် - ၁၉  ကို  အနိုင်တိုက်ရန် ကာကွယ်ဆေးကို ထိုးနှံကြပါစို့လို့  တိုက်တွန်းလို ပါသည်။ 
ယခုအခါ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အစိုးရ အစီအစဉ်ဖြင့် အသက် ၆၅ နှစ်နှင့်အထက် လူကြီး များကို စတင်ထိုးနှံပေးနေလေသည်။ ထို့ပြင် ပြင်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ကာကွယ်ဆေး ရရန် အကောင်အထည်ဖော်နေကြလေသည်။ မဝေး တော့တဲ့ အချိန်တစ်ခုမှာ ကာကွယ်ဆေးထိုးနှံခွင့် ရရှိရန် ကြိုးစားကြရပေမည်။ 
အတည်ပြု ယုံကြည်စေလို
ကိုဗစ် - ၁၉ သည် မာယာများသော ပိုးဖြစ်သည်။ လူတို့ကို ခြောက်လှန့် ထိုးနှက်ဖို့ ရောက်ရှိလာသည် မှာ အချိန်ကာလအားဖြင့် နှစ်နှစ်ပင် မပြည့်သေးပါ။ ထို့ကြောင့် ဆေးပညာရှင်များသာမက လူထုအတွက် အရာရာသည်  အဆန်းတကြယ် ဖြစ်နေပေသည်။ သူ့အကြောင်းကို  လုံးစေ့ပတ်စေ့  မသိနိုင်သေးပါ။ မသိရှိခြင်း၏ နောက်ဆက်တွဲသည် ၎င်းကို ကြောက် လန့် စိုးရိမ်ခြင်းဖြစ်သည်။ ကိုဗစ် - ၁၉ အကြောင်း သာမက  ကိုဗစ် - ၁၉  ကာကွယ်ဆေးသည်လည်း အတူတူပင်ဖြစ်သည်။   ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍  အခြေအမြစ်မရှိသော   ပတ်ဝန်းကျင်မှ မှတ်ချက်များကို  အတည်မယူစေလိုပါ။  နားလည် တတ်ကျွမ်းသော  ကျန်းမာရေးဝန်ထမ်းများကိုသာ ဆွေးနွေးတိုင်ပင် မေးမြန်းသင့်ပါသည်။ (တရားဝင်) ထုတ်ပြန်ထားသော ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ကြေညာချက်များကိုသာ အတည်ပြု ယုံကြည်ကြစေ လိုသည်။ 
ဆေးအတုကြောင့်  ရောဂါကူးစက်နိုင်ခြေများ
ယခုလက်တစ်ကမ်းတွင်ရှိသော    ကိုဗစ် - ၁၉ ကာကွယ်ဆေးသည်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသောကြောင့်  ယုံကြည်မှုရှိကာ သံသယရှင်းစေချင်သည်။ တရားမဝင် တင်သွင်းလာ ခဲ့သော ကာကွယ်ဆေးများကို မယုံကြည်ကြစေလိုပါ။ တရားမဝင် သယ်ဆောင်လာရသောကြောင့် စစ်မှန် မှု၊ အရည်အသွေးပိုင်းဆိုင်ရာနှင့်  ငွေကြေးတန်ဖိုးများ ကို  (အပြည့်အဝ) ယုံကြည်မှု ရရှိနိုင်ရန် မဖြစ်နိုင် ကြောင်း သတိပြုစေလိုပါသည်။ ထို့ပြင် နောက်ဆက် တွဲအနေဖြင့် ရောဂါကာကွယ်မှုပိုင်းဆိုင်ရာ မအောင် မြင်မှုသည် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်သည်။ သတိချပ်ရန် လိုပါသည်။ မိမိမှာ ကာကွယ်ဆေးထိုးပြီး ၍ ယုံကြည်မှုလွန်ကဲကာ ကိုဗစ် - ၁၉ ကာကွယ်မှုဆိုင် ရာများကို  ပေါ့လျော့သွားတတ်ပြီး ကိုဗစ်ကာကွယ် ဆေးအတုကြောင့်   ရောဂါပိုမိုကူးစက်နိုင်ခြေများ သွားလေသည်။
ကာကွယ်ဆေး မထိုးမီ  ဂရုပြုရမည့်အချက်များ ကို တင်ပြလိုပါသည်။
၁။     ကိုဗစ်ကာကွယ်ဆေးထိုးနှံရတော့မည် ဆိုလျှင် မိမိထိုးရမည့်   ကာကွယ်ဆေးမှာ  မည်သည့် ကာကွယ်ဆေးအမျိုးအစားဖြစ်သလဲ၊ ဘယ်နိုင်ငံက ထုတ်လုပ်ထားသလဲဆိုတာ သိရှိသင့်သည်။ 
၂။     ကိုဗစ်ကာကွယ်ဆေးက  ဘယ်လို  ထုတ်လုပ် ထားကြောင်းလဲ   သိရန်လိုပါသည်။  (သက်မဲ့ပိုးမှ ထုတ်လုပ်ထားခြင်း၊ သက်ရှိပိုးမှ ထုတ်လုပ်ထားခြင်း၊ ပိုးအခွံ ပိုးအပိုင်းအစကို သုံး၍ ထုတ်လုပ်ထားခြင်း စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်။) သာမန်နေကောင်း ကျန်းမာနေသူအဖို့  အဆိုပါအချက်က အရေးမကြီး သော်လည်း  အောက်ပါရောဂါအခံ    ရှိသူတို့အဖို့ အရေးကြီးသည်။ 
(က)     အေအိုင်ဒီအက်စ်နှင့်   အေအာရ်တီဆေး ပုံမှန်သောက်နေရသူများ
( ခ )     စတီးရိုက် ဆိုသော ဆေးများကို ထိုးဆေး၊ သောက်ဆေးတို့ဖြင့်   ပုံမှန်ဆေးကုသမှု ခံယူနေရသူများ
( ဂ )     ကင်ဆာရောဂါဝေဒနာရှင်များ
(ဃ)     သွေးမခဲဆေး ပုံမှန်သောက်နေရသူများ
( င )     ခုခံမှုစံလွဲ၊ ခုခံမှု ပုံမှန်မဟုတ်သော ရောဂါ ရှင်များနှင့် လေးဖက်နာရောဂါ ဝေဒနာ ရှင်များ
( စ )    နာတာရှည် ရောဂါဝေဒနာတစ်ခုခု ရှိသူ များ
(ဆ)     ကိုယ်ဝန်ဆောင်မိခင်များ
ထိုးနှံရန်   သင့်  မသင့်၊ လက်ရှိသောက်နေရသော ဆေးတို့နှင့်   တည့်/ မတည့်၊   ကာကွယ်ဆေး ဆေးစွမ်း/မစွမ်း တို့မှာ အရေးကြီးသည်။ သက်ဆိုင် ရာ အထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး အကြံဉာဏ်ယူ သင့်သည်။ 
၃။    ကိုဗစ်ကာကွယ်ဆေးသည် လူတိုင်းလက်လှမ်း မီရန် ခက်ခဲသောကြောင့် အစိုးရမှတစ်ဆင့် ဖြစ်စေ၊ (တရားဝင်) ပုဂ္ဂလိက ကျန်းမာရေးဌာနတွင်ဖြစ်စေ ကိုဗစ်ကာကွယ်ဆေး ရနိုင်မည်ဆိုလျှင် Appoin-tment ရက်ချိန်းကို မဆိုင်းမတွဘဲ မြန်မြန်ရယူစေ လိုသည်။ ကိုဗစ်ကာကွယ်ဆေးကြောင့် ရရှိနိုင်သော ဆိုးကျိုးများရှိနိုင်သည်။ ဆိုးကျိုးများရှိတိုင်း မိမိမှာ ဧကန်မုချ ဖြစ်လာနိုင်သည်ဟူ၍ အတွေးမမှားစေလို ပါ။ စိုးရိမ်စိတ်သောကများ မများစေလိုပါ။ ကာကွယ် ဆေးထိုးနှံရာတွင် ကြုံတွေ့လာနိုင်သည့် ကျန်းမာ ရေးပြဿနာများကို ဖြေရှင်းပေးရန် ကာကွယ်ဆေး ထိုးနှံရာတွင် လုပ်ကိုင်ဆောင်ရွက်ရသော ကျန်းမာ ရေးဝန်ထမ်းများက သေသေချာချာ ပြင်ဆင်ပြီး ကူညီဖို့ အသင့်ရှိနေပါသည်။ ကိုဗစ် - ၁၉ ကာကွယ် ဆေး ထိုးနှံရမည့်ရက်တွင် လုပ်ဆောင်ရမည့် အလုပ် များ၊ ဆောင်ရွက်စရာများကို “ကိုဗစ်ပြဿနာသည် ယခုအချိန်တွင်    အရေးကြီးဆုံး  ပြဿနာဖြစ် ကြောင်း” စိတ်ထဲမှတ်ယူပြီး ခဏတာ နောက်ဆုတ် (သို့မဟုတ်) ရှေ့တိုးထားကာ အစီအမံများ ကြိုတင် ၍ ပြင်ဆင်ထားရမည်။  ကာကွယ်ဆေးထိုးရမည့် အချိန်၊ ရက်တို့ကို သိရှိရပြီးလျှင် ထိုနေ့၊ထိုအချိန်၊ ထိုနေရာကို အချိန်မီ အရောက်သွားနိုင်မည့် နည်း လမ်းကို ကြိုတင် စီစဉ်ထားရဦးမည်။ မိမိညွှန်းဆိုရရှိ သော  နေရာကို  သတ်မှတ်ထားသောအချိန်ထက် အနည်းဆုံး ၁၅ မိနစ်ခန့် စောရောက်စေလိုသည်။ အဘယ့်ကြောင့်ဆိုသော်    ကိုဗစ်ကာကွယ်ဆေး မထိုးနှံမီ  စာရင်းဖြည့်သွင်းခြင်း၊  ထိုးနှံပြီးကြောင်း လက်မှတ်အတွက် အချက်အလက် ဖြည့်သွင်းခြင်း၊ ရောဂါရာဇဝင်အကျဉ်းမေးမြန်းရန်နှင့် လိုအပ်ပါက စမ်းသပ်ရန်အတွက် ပြင်ဆင်လုပ်ဆောင်ရန် ကိစ္စ များလည်း ရှိသေးသည်။ 
၄။    မိမိမှာ   ဓာတ်မတည့်တတ်သော    ရောဂါနှင့် သွေးမတိတ်တတ်သောရောဂါအပါအဝင် တခြား သော  ရောဂါရာဇဝင်နှင့်   လက်ရှိသောက်နေရသော ဆေးများကို အတိုဆုံးနှင့် သေသေချာချာ ပြောဆို တတ်ရန်   ပြင်ဆင်ထားသင့်သည်။  လိုအပ်ပါက တာဝန်ကျဆရာဝန်က   တောင်းယူကြည့်သည့်အခါ ချက်ချင်းပြသနိုင်ရန်    နောက်ဆုံးပြသထားသော ဆေးမှတ်တမ်းနှင့် လက်ရှိသောက်သုံးနေရသော ဆရာဝန်ဆေးညွှန်းစာများကိုလည်း တစ်ပါတည်းယူ သွားနိုင်ရန် ပြင်ဆင်ထားရမည်။ 
၅။     ကိုဗစ်ကာကွယ်ဆေးမထိုးမီ     တခြားသော ရောဂါကာကွယ်ဆေးထိုးခြင်းကို အတူတကွ ထိုးနှံ ခြင်း (လုံးဝ) မပြုလုပ်ရပါ။ ခေတ္တခဏ အချိန်ကို ရှေ့တိုးနောက်ဆုတ်   လုပ်ရပေမည်။   သက်ဆိုင်ရာ အထူးကုဆရာဝန်ကို       ကိုဗစ်ကာကွယ်ဆေးနှင့် တခြားကာကွယ်ဆေး   အချိန်ခြားရမည့်ကိစ္စကို သေသေချာချာ    တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ယေဘုယျအားဖြင့် မတူသော ကာကွယ်ဆေး ၂ ခု သည် အနည်းဆုံး ၂ ပတ်ခြားပြီးမှ  ထိုးနှံသင့်ပါသည်။ ကိုဗစ်ကာကွယ်ဆေးသည်  ယခုအချိန်တွင် တခြား အမျိုးအစား   ရောဂါကာကွယ်ဆေးထက်   ပိုမို အရေးကြီးပါသည်။
၆။    ကိုဗစ်ကာကွယ်ဆေး   ထိုးနှံရမည့်ရက်တွင် ကျန်းမာလန်းဆန်းစေရန် အိပ်ရေးဝဝ အိပ်ရန်လည်း အရေးကြီးသည်။ 
ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည့်ရက်တွင် ပြင်ဆင်၊ သတိပြုရမည့် အချက်များ-
၁။     ကာကွယ်ဆေးထိုးနှံရမည့် ရက်တွင် အိပ်ရေးဝဝ ဖြင့် နိုးထစေချင်သည်။
၂။ မိမိနှင့် သက်ဆိုင်သော မှတ်ပုံတင်၊ အိမ်ထောင်စု ဇယား နှင့်  လိုအပ်သော  စာရွတ်စာတမ်းများကိုလည်း တပါတည်း   မမေ့မလျော့  ယူဆောင်သွားရမည်။ လက်ကိုင်အိတ်တစ်ခုထဲ ကြိုတင်စုစည်း ထားသင့်ပါ သည်။
၃။ လူစုလူဝေး ရှိနိုင်သောကြောင့် မိမိ၏ နှာခေါင်း စည်း၊ ပါးစပ်စည်းကို  မိမိအိမ်မှ  ထွက်သွားသည့် အချိန်မှစ၍   ဆေးထိုးပြီး  အိမ်ရောက်သည်အထိ သေသေချာချာ တပ်ဆင်ထားသင့်သည်။ နှာခေါင်း စည်း၊ ပါးစပ်စည်းကို သေသေချာချာ ဝတ်ဆင်ထား ခြင်းအပြင် ဖြစ်နိုင်လျှင် မျက်နှာအကာ (Face Shield )နှင့် ခေါင်းစွပ်များ ဝတ်ဆင်သွားသင့်သည်။ 
၄။     မိမိမှာ  အမြင်အာရုံချို့တဲ့ပြီး  ကောင်းမွန်စွာ၊ ပေါ့ပါးစွာ   မလှုပ်ရှားနိုင်ပါက   အကူ၊   အဖော် တစ်ယောက်ကို ကာကွယ်ဆေးထိုးနှံရာနေရာသို့ တစ်ပါတည်း ခေါ်ဆောင်သွားသင့်သည်။
၅။     ကာကွယ်ဆေး ထိုးနှံမှုသည် အချိန်ခဏသာဖြစ် သော်လည်း အများနှင့် လုပ်ကိုင်ရပြီး စာရင်းဇယား ဖြည့်သွင်းရသောကြောင့် အချိန်စုစုပေါင်း မိနစ် ၃၀ ခန့် (အနည်းဆုံး) ကြာနိုင်ပါသည်။ တစ်ခါတစ်ရံ အခန့်မသင့်ပါက ပိုမိုအချိန် စောင့်ဆိုင်းရနိုင်ဖွယ်ရှိ သောကြောင့် ၁  နာရီလောက်အထိ  အချိန်ပေးရ နိုင်သည်။                             ထို့ကြောင့် ရေ၊ အစားအစာတို့ကို ကြိုတင်ဗိုက်ပြည့် အောင်    စီမံထားသင့်သည်။   ကြိုတင် အစား အသောက်များ စားထားစေလိုသည်။ ကာကွယ်ဆေး ထိုးသော နေရာတွင်မှ ရေ၊ အစားအသောက်တို့ကို စားသောက်ပါက   နှာခေါင်းစည်း၊  ပါးစပ်စည်းကို  ဖြုတ်ရလျှင်   အဆင်မပြေပေ။  ရောဂါပိုးကူးစက် နိုင်သော ဝင်ပေါက်ကို ဖွင့်ပေးလိုက်သလို   ဖြစ်သွား နိုင်သည်။    အိမ်ကမထွက်ခင်    ရေအိမ်ဝင်ပြီး   အပေါ့အလေးကိစ္စကိုလည်း ကြိုတင်လုပ်ထားလျှင် ပိုကောင်းသည်။
၆။     (မဖြစ်မနေ)   ရေမလို   လက်သန့်ဆေးရည် အသေးတစ်ဘူးကိုလည်း လိုအပ်လျှင် သုံးနိုင်ရန် တစ်ပါတည်း ယူဆောင်သွားသင့်သည်။
၇။     အဝတ်အစားနှင့် ပတ်သက်လျှင် အရမ်းကျပ် ထုပ်နေသော Fitting ခန္ဓာကိုယ်တိုင်းနှင့် အတိဖြစ်နေ သော အဝတ်အစားကို ရှောင်သင့်သည်။ ပွယောင်း ယောင်း၊ ပေါ့ပေါ့ပါးပါးဖြစ်သော အဝတ်အစားကိုသာ ရွေးချယ်ဝတ်ဆင်သင့်သည်။  လက်ရှည်  အင်္ကျီ (လုံးဝ) မဝတ်သွားသင့်ပေ။ လက်မောင်းနေရာတွင် ဆေးထိုးမည်ဖြစ်သောကြောင့်   ဆေးထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းက   ဆေးထိုးရမည့်နေရာ အတွက် အလွယ်တကူ စမ်းသပ်ပြီး ဆေးထိုးနှံပေးနိုင် ရန်အတွက်ဖြစ်သည်။   မိမိမှာ  အေးတတ်သည်၊ ပတ်ဝန်းကျင် ရာသီဥတုက   အေးနေချိန်တွင် အင်္ကျီ လက်ရှည်မဝတ်သွားဘဲအပေါ်က   အနွေးထည် ဝတ်သွားပြီး အောက်ခံအင်္ကျီမှာ လက်တို၊ လက်ပြတ် သာ ဖြစ်သင့်သည်။ အဝတ်အစားကိုလည်း သပ်သပ် ရပ်ရပ်ဝတ်သွားသင့်သေးသည်။ သို့မှသာ မိမိဓာတ်ပုံ မှတ်တမ်းထဲတွင် လှပသပ်ရပ်နေပေမည်။
၈။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလျှင်   တချို့မှာ နောက်ဆက်တွဲကျန်းမာရေး ပြဿနာ အသေးအဖွဲ ရနိုင်သည်။ ဥပမာ- ထိုးနှံထားသော နေရာတွင် နာခြင်း၊  ဖျားခြင်း၊  အော့အန်ခြင်းတို့ဖြစ်နိုင်သည်။ ထိုပြဿနာများ   ခံစားရမည်   စိုးရိမ်သောကြောင့် ပါရာစီတမောဆေး၊     အကိုက်အခဲပျောက်ဆေး များ   ကြိုတင်သောက်ထားခြင်းမျိုး   ရှောင်ရှား သင့်သည်။    ဆေးထိုးပြီး   လက္ခဏာခံစားရမှ သောက်စေချင်သည်။  ဆေးထိုးပြီးနောက်  ခံစား ရသော   ဝေဒနာသည် ပြင်းထန်၍  မိမိမှာ  မခံစား နိုင်လောက်အောင်ဖြစ်လျှင်၊ စိုးရိမ်ကြီးလျှင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့်   သွားရောက်ပြသသင့် ပါသည်။ 
၉။     ကာကွယ်ဆေးထိုးပြီးနောက် ရက်အနည်းငယ် အတွင်း ပြင်းထန်သော အားကစားများ၊ ကိုယ်လက် လှုပ်ရှားမှုများ  ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်သေး သည်။ သွေးလှူခြင်းကိုလည်း ချက်ချင်းမလုပ်သင့် သေးပေ။  ကာကွယ်ဆေးထိုးပြီး  နောက်ထပ် ၂၄ နာရီအတွင်း (တချို့မှာ)    အင်အားနုံးချည့်နေတတ် သည့်အတွက် အလုပ်များစွာ ချက်ချင်းမလုပ်သင့်ပေ။ နားနားနေနေနေပြီးမှ   မိမိ၏   ပုံမှန်လူမှုဘဝကို ပြန်လည်စတင်သင့်သည်။
၁၀။ အရေးကြီးဆုံးအချက်မှာ ကိုဗစ်ကာကွယ်ဆေး ကို သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်အတိုင်း ပြည့်ပြည့်စုံစုံ ထိုးနှံသင့်ပါသည်။ ထို့ပြင် ကာကွယ် ဆေးထိုးနှံပြီး နောက်ပိုင်းတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ     အချက်အလက်များကို ဆက်လက်လိုက်နာ           ဆောင်ရွက်ကြရပေ မည်။    အဘယ့်ကြောင့်ဆိုသော်   ကာကွယ်ဆေးထိုး ပြီးနောက်  ချက်ချင်းခုခံအားပေါ်ကာ  မကာကွယ်နိုင် သကဲ့သို့ ဆေးအောင်/   မအောင်လည်း  မသေချာ သေးပေ။
ကာကွယ်ခြင်းသည်ကား   ကုသခြင်းထက်  ပိုမို ကောင်းမွန်ပါသည်။   လာမည့်ဘေး     ပြေးတွေ့ ဆိုသော   မြန်မာစကားပုံ   ရှိပါသည်။  သို့သော် ကိုဗစ်သည်   ပြေးတွေ့ကာ   ကူးစက်ခံသင့်သော အမျိုးအစားတွင်   မပါဝင်ပါ။   ထို့ကြောင့်  ကမ္ဘာ့ ကပ်ရောဂါ  ကိုဗစ်ကို   အနိုင်ပိုင်းဖို့၊   မိမိချစ်သူ၊ ခင်သူ၊     မြတ်နိုးတန်ဖိုး    ထားရသူတို့အတွက် ကိုဗစ်  - ၁၉ ကာကွယ်ဆေး ထိုးနှံကြပါရန် အကြံပြု အပ်ပါသည်။     ။