ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

 

၁။    ကိုဗစ်-၁၉ ကပ်ရောဂါ  ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှု လျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြ မည့် ခရီးသွားများအပေါ်  ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊  အဆိုပါကန့်သတ်ချက်များအားလုံးကို ၃၀-၉-၂၀၂၁ ရက်နေ့အထိ  ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၃၁-၈-၂၀၂၁ ရက်စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါ သည်- 
  

 (က)    မြန်မာနိုင်ငံသို့ လာရောက်ကြသည့်  ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး    ကန့်သတ်ချက်များနှင့် စပ်လျဉ်း ၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ 
    (ခ)    မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး    ထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေး ခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ 
    (ဂ)    ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြ သည့်     ခရီးသွားများအပေါ်   ကြိုတင်ကာကွယ်ရေး  ထပ်တိုးကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ 
    (ဃ)    ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြ မည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေး    ဗီဇာအပါအဝင်   မည်သည့်ပြည်ဝင်ဗီဇာ  အမျိုးအစားကို မဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါကြေညာချက်။


၂။    ကိုဗစ်-၁၉ ကူးစက်ရောဂါ  ပြည်ပမှ   ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ   မြန်မာပြည်သူများအား  ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက်     ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက်  ပြည်ထောင်စု သမ္မတ      မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်          အထက်ဖော်ပြပါ ပြည်ဝင်ခွင့်   ယာယီကန့်သတ်မှုဆိုင်ရာ  အစီအမံများအားလုံးကို ၂၀၂၁ ခုနှစ်၊   အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ပါသည်။ 


၃။    သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာ သော ကိစ္စရပ်များကြောင့်ဖြစ်စေ၊   ပြည်ပနိုင်ငံသားများ  (သံတမန် များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင်)အနေဖြင့်    မြန်မာနိုင်ငံသို့   ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်)     အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက    ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ  ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာ သံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့   ဆက်သွယ်  အကူအညီ တောင်းခံရန် ဖြစ်ပါသည်။ သို့သော်   မြန်မာနိုင်ငံသို့ လာရောက်မည့်   ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ  ထုတ်ပြန်ထားသည့်  ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာ ကြရမည် ဖြစ်ပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်