ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာစေရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြပါစို့

Type
9999

 

 

နန္ဒာတိုး

 

ကိုဗစ် - ၁၉  ရောဂါ  ကူးစက်ပြန့်ပွားမှုသည်  တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်  ကူးစက်ပျံ့နှံ့သော  ကပ်ရောဂါ (Pandemic) အဖြစ်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ပထမဆုံး စတင်တွေ့ရှိခဲ့ရပါသည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းအဖြစ် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးကို ရခိုင်ပြည်နယ်၌ တွေ့ရှိခဲ့ပါသည်။ 
လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကူးစက်မှုမှာ လူမှတစ်ဆင့်သာ ကူးစက် ခြင်းဖြစ်သဖြင့်     လူသားအားလုံး     တစ်ဦးချင်း အသိစိတ်ဖြင့်   သွားလာနေထိုင်ကြရန်   လိုအပ်ပါ သည်။  ကျန်းမာရေး  အသိပညာပေးမှုများလည်း လိုအပ်ပြီး ပြည်သူလူထုကလည်း လိုက်နာဆောင် ရွက်မှု    အားကောင်းမှသာ   ရောဂါကူးစက်မှုနှုန်း လျော့ပါးကျဆင်းလာမည် ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေချိန်   မြန်မာနိုင်ငံ၌လည်း မေလ ၂၇  ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ    ပြန်လည်များပြားလာပြီး     ဇွန်လအတွင်း ပိုးတွေ့   လူနာ ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ  ရှိလာခဲ့ပါသည်။   ဇူလိုင်လတွင်    ပိုးတွေ့ရှိမှုနှုန်း အမြင့်ဆုံးဖြစ်ကာ ရက်အလိုက်သေဆုံးသူ မြင့်တက် ခဲ့ပြီး   သေဆုံးသူ ၁၃  ဦးမှ  ၄၀၀  နီးပါးရှိခဲ့ကာ စုစုပေါင်း သေဆုံးသူ ၆၀၀၀  ကျော်အထိ ရှိခဲ့ပါသည်။ ဇူလိုင်လ ၁ ရက်နေ့တွင် ပိုးတွေ့ရှိမှု ၂၁ ဒသမ ၈၉ ရာခိုင်နှုန်းမှ တဖြည်းဖြည်း မြင့်တက်ခဲ့ရာ ဇူလိုင်လ တတိယပတ်တွင်     ပိုးတွေ့ရှိမှုနှုန်း   အမြင့်ဆုံး ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါသည်။ 
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုမှာ မြင့်မားပြီး ရောဂါဗီဇ နှစ်မျိုး၊ သုံးမျိုး ကွဲပြားလျက် ရှိကာ  ကူးစက်ပြန့်ပွားမှုနှုန်းမှာလည်း   နှစ်ဆမှ လေးဆ၊ လေးဆမှ ရှစ်ဆအထိ မြန်ဆန်နေသည်ကို တွေ့ရပါသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင်       မြင့်တက်နေဆဲဖြစ်ပြီး သေဆုံးမှုနှုန်း များနေဆဲဖြစ်ပါသည်။  
မူဝါဒများ ထိထိရောက်ရောက်ချမှတ်
မြန်မာနိုင်ငံတွင်     ဗီဇပြောင်း     ကိုဗစ်-၁၉  ဗိုင်းရပ်စ်ကြောင့် ပိုးတွေ့အတည်ပြုလူနာသစ် ဦးရေ အချိန်တိုကာလအတွင်း     များပြားလာကြောင်း၊ ရောဂါကာကွယ်၊       ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက   သတိပေးခဲ့ပါသည်။ ကပ်ရောဂါ ဂယက်ကို  တုံ့ပြန်ရန်  လျင်မြန်ပြီး  ခိုင်မာသည့် မူဝါဒများကို ထိထိရောက်ရောက် ချမှတ်လုပ်ဆောင် ရန်သည် အရေးအကြီးဆုံး မဖြစ်မနေ လုပ်ဆောင် ရမည့် အချက်ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမို ထိရောက်စွာ  ကာကွယ်၊  ထိန်းချုပ်၊  ကုသနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ     ကူးစက်မှု     ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန်      တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို သတ်မှတ် ပေးခဲ့ပါသည်။   ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး  ဝါဆို လပြည့်နေ့     ရုံးပိတ်ရက်များနှင့်    ဆက်စပ်ကာ တစ်နိုင်ငံလုံး Stay at Home အစီအစဉ်ကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ရုံးပိတ်ရက်ရှည် များ ဆက်လက်ကြေညာပြီး ဆောင်ရွက်ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း ဩဂုတ်လ ၂၄ ရက်နေ့အထိ Stay at Home ကြေညာသည့် မြို့နယ် ၁၁၉ မြို့နယ် ရှိသွားပြီဖြစ်သည်။  
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး  လုပ်ငန်းစဉ်များကို  အစိုးရ၊ တပ်မတော်၊ ပြည်သူနှင့်  လူမှုရေးအသင်းအဖွဲ့များ အားလုံးက   ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ တတိယလှိုင်းအရှိန် မြင့်တက် နေစဉ်က    အောက်ဆီဂျင်နှင့်     ပတ်သက်သည့် အခြေခံအဆောက်အဦများလည်း    နည်းပါးပြီး ဆေးရုံ၊ ဆေးခန်းများ၌ အောက်ဆီဂျင် လိုအပ်ချက် များ ရှိခဲ့သည်။    နိုင်ငံရေးပယောဂဖြင့်   ဖျက်ဆီး လိုသူများ၊ ပြည်သူများကို စာနာမှုကင်းမဲ့သူအချို့ ကလည်း ပြည်သူ့ကျန်းမာရေးစနစ် ယိုင်လဲအောင် ပြုလုပ်ခဲ့ကြရာ    အောက်ဆီဂျင်ပိုက်လိုင်းများကို ဖျက်ဆီးခြင်း၊ မဟုတ်မမှန် ကောလာဟလသတင်း များ ထုတ်လွှင့်ခြင်း၊ အကြမ်းဖက်မှုများကိုပါ ပြုလုပ် လာကြခြင်းများလည်း ကြုံတွေ့ခဲ့ကြရပါသည်။
အကြမ်းဖက်မှုများမှာ ဆိုးရွားလွန်း
ကိုဗစ်စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်ခြင်း၊ ကာကွယ်ဆေးထိုးနှံသည့် နေရာများကို ချိန်ကိုက် မိုင်းဖောက်ခွဲခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပြီး ကာကွယ်ရေးပစ္စည်း များ    ဝေငှပေးသည့်     စေတနာ့ဝန်ထမ်းများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများကို ရင်ဆိုင် ခဲ့ကြရပါသည်။ ပြည်သူလူထုတစ်ရပ်လုံးနှင့် တာဝန် သိသူ၊ တာဝန်ရှိသူများက အမျိုးသားရေးဖြစ်သော ကပ်ရောဂါကို  ထိန်းချုပ်၊  ကာကွယ်  ကုသနိုင်ရန် ပေါင်းစည်းဆောင်ရွက်နေသည့်အချိန်တွင် ကိုယ်ထိ လက်ရောက် အကြမ်းဖက်သတ်ဖြတ်မှုများမှာ မယုံ နိုင်လောက်အောင် ဆိုးရွားလွန်းလှပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးသည်  နိုင်ငံ့အရေး၊  အမျိုးသားရေး ကိစ္စဖြစ် ပါသည်။ တစ်နိုင်ငံလုံးရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ၊ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို    နေ့စဉ်သတင်းထုတ်ပြန်ပေးလျက် ရှိပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာ သည့်   ဇူလိုင်လ ၁၂ ရက်နေ့မှစ၍  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများကို     ဦးစားပေး    တင်သွင်းခွင့်ပြုပြီး အများပြည်သူ     အလုပ်ပိတ်ရက်များတွင်လည်း အဆင်ပြေချောမွေ့စွာ    ဆောင်ရွက်ပေးလျက် ရှိပါသည်။
အောက်ဆီဂျင် လိုအပ်ချက်များနှင့် ပတ်သက် ပြီး  အရေးပေါ်ဖြေရှင်းရန်    အိမ်နီးချင်းနိုင်ငံများမှ Liquid Oxygen များ တင်သွင်းခဲ့ပါသည်။ Oxygen Concentrator များ  တင်သွင်းမှုကိုလည်း   အစား အသောက်နှင့်    ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင် လျှောက်ထား ရန်  မလိုဘဲ  ကုန်သွယ်လုပ်ငန်းခွန်   ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လျင်မြန်စွာတင်သွင်း ခွင့်ပြုပေး လျက် ရှိပါသည်။ နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ ပုဂ္ဂလိက ပိုင် Oxygen Plant များမှ ဆေးရုံသုံး အောက်ဆီဂျင် များရရှိရေး အင်အားပြည့်ထုတ်လုပ်ခြင်း၊ အသစ် တည်ဆောက်ခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လိုအပ်သော ဆေးရုံများ ၌ပါ ဆေးရုံသုံး အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရန် ရေရှည်မျှော်မှန်း   ဆောင်ရွက်နေကြောင်းလည်း သိရှိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည်    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအတွက်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အသိအမှတ်ပြုထားသော အရည်အသွေး ကောင်းမွန်၍ ဘေးကင်းစိတ်ချရသည့်   ကာကွယ် ဆေးများ       ဝယ်ယူကာ     ဦးစားပေးအုပ်စုများ သတ်မှတ်ပြီး ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ထိုးနှံပေးလျက်ရှိပါသည်။ လက်ရှိဈေးကွက်အတွင်း ကာကွယ်ဆေးအတုအပ များကို    Online မှသော်လည်းကောင်း၊  အခြား နည်းလမ်းများဖြင့် သော်လည်းကောင်း ရောင်းချ နေကြပြီး   တရားဝင်တင်သွင်းလာသည့်  ဆေးများ မဟုတ်ဘဲ  ဘေးအန္တရာယ်ဖြစ်ပွားနိုင်၍ ကျန်းမာ ရေး  ဝန်ကြီးဌာနက   အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကိုသာ      ထိုးနှံကြရမည်ဖြစ် ပါသည်။
မည်သူတစ်ဦးတစ်ယောက်မျှချန်လှပ်မည်မဟုတ်
ကာကွယ်ဆေးထိုးပြီးသူများအနေဖြင့် ရောဂါ ကူးစက်နိုင်ခြေရှိသော်လည်း အောက်ဆီဂျင် ရှူရ ခြင်း၊      ဆေးရုံတက်ရခြင်း    စသည့်ဆိုးကျိုးများ နည်းပါးကြောင်း   သိရှိရပါသည်။   တတိယလှိုင်း ကာလတွင် အိမ်တစ်အိမ်၌ တစ်ယောက်ကူးစက် ပါက တစ်အိမ်လုံး ကူးစက်ခံရကာ သက်ကြီးရွယ်အို များ ကူးစက်သေဆုံးပြီး အသက်ဆုံးရှုံးရသူအများစု သည်     ကာကွယ်ဆေး   မထိုးနှံရသေးသူများဖြစ် ကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၁ ဒသမ ၈သန်းခန့်ရှိပြီး    လက်ရှိတွင်    ဦးတည် အုပ်စုများဖြစ်သည့်     စက်ရုံ၊   အလုပ်ရုံများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိပါသည်။  နိုင်ငံတော် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ် တွင် အားလုံးလွှမ်းခြုံမှုရရှိစေရန် ဆောင်ရွက်မည် ဖြစ်ပြီး  မည်သူတစ်ဦးတစ်ယောက်ကိုမျှ  ချန်လှပ် ထားမည် မဟုတ်ပါ။ 
ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးအဆက် မပြတ် ထိုးနှံနိုင်ရန်   အစိုးရက  ဆောင်ရွက်လျက် ရှိရာ    တရုတ်နိုင်ငံမှ     ကာကွယ်ဆေး လေးသန်း ဝယ်ယူရရှိခဲ့ပြီး ကာကွယ်ဆေး နှစ်သန်း လှူဒါန်း ခဲ့ကြောင်း၊ ယခုလက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဦးစားပေးအုပ်စု ၁၂ စု ခွဲခြားပြီး ထိုးနှံပေး လျက်ရှိကြောင်း၊ ဆေးများအသုတ်လိုက် ရောက်ရှိ လာမည်ဖြစ်ပြီး နောက်ထပ်ဆေး ၂၄ သန်း ဝယ်ယူ ရရှိနိုင်ရေး ဆောင်ရွက်ထားကြောင်းလည်း သိရှိရပါ သည်။     ရုရှားနိုင်ငံမှ     ကာကွယ်ဆေး နှစ်သန်း ရောက်ရှိလာမည်   ဖြစ်ပါသည်။   ယခုနှစ်အတွင်း ပြည်သူလူထု၏ ၅၀ ရာခိုင်နှုန်းကို ဆေးအပြီးထိုးနှံ နိုင်ရေးနှင့်   အခြေအနေပေးပါက   ၅၀ ရာခိုင်နှုန်း ထက် ကျော်လွန်အောင် ကာကွယ်ဆေးထိုးနိုင်ရန် ရည်မှန်းချက်ထား    ဆောင်ရွက်လျက်ရှိပါသည်။ စစ်ဘေးရှောင်စခန်း (IDP Camp)မှ ပြည်သူများ ကိုလည်း     ကာကွယ်ဆေး     ထိုးနှံပေးလျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်     အဖွဲ့အစည်းများ (EAO) အဖွဲ့များ    ရှိရာနေရာက    အကျုံးဝင်သော
ပြည်သူများ၊ ဘူးသီးတောင်၊ မောင်တောဒေသနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကိုလည်း ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါသည်။
ဆေးဝါးများ လက်လီလက်ကားရောင်းချပေး
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန် အခြေခံ စားသောက်ကုန်များကို  ရွေ့လျားဈေးကား (Mobile Market)    များဖြင့်    လိုက်လံရောင်းချပေးခြင်း၊    ဆေးဝါးများ   ဈေးနှုန်းမှန်ကန်စွာရရှိရေး  တိုင်းဒေသ ကြီး/ ပြည်နယ်   အစိုးရအဖွဲ့များနှင့်   မြန်မာနိုင်ငံ ဆေးနှင့်    ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်  ဆေးဝါးများ   လက်လီလက်ကားရောင်းချ ပေးလျက်ရှိပါသည်။
အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေပြီး ဩဂုတ်လဆန်းတွင် ထိုင်း၊   မလေးရှား၊  ဂျပန်တို့တွင်လည်း  စံချိန်တင် ကူးစက်မှုများ  ဖြစ်ပွားခဲ့သည်ကို  တွေ့ရပါသည်။ ဩစတြေးလျတွင်လည်း       ဩဂုတ်လကုန်အထိ တင်းကျပ်သော Lockdown စည်းမျဉ်းများ ချမှတ် မည်ဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်းတွင်လည်း Delta Virus ကူးစက်ပြန့်ပွားနေပါသည်။ ဗီယက်နမ်တွင် လည်း အဆိုးရွားဆုံးရင်ဆိုင်နေရ၍ ဟိုချီမင်းစီးတီး နှင့် တောင်ပိုင်းဒေသတစ်လျှောက် အခြားမြို့နှင့် ပြည်နယ် ၁၈ ခုတွင် တင်းကျပ်သည့် အသွားအလာ ကန့်သတ်မှုချမှတ်ခဲ့ကာ ဂျပန်တွင်လည်း ကိုဗစ်-၁၉ ရောဂါကြောင့်  အရေးပေါ်အခြေအနေ  ကြေညာမှု ကို     ဩဂုတ်လကုန်အထိ   သက်တမ်းတိုးခဲ့ပါသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင်  ဇူလိုင်လကုန်၌  ရောဂါ ကူးစက်ခံရသူနှင့် သေဆုံးသူ စံချိန်တင်မြင့်တက်ခဲ့ပြီး ဆေးရုံများတွင်   ခုတင်နေရာ  ပြတ်လပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရသည်။
သေဆုံးနိုင်ခြေ မြင့်တက်နိုင် 
ကူးစက်မှုမြန်သည့်   ကိုဗစ်-၁၉  ဗီဇပြောင်းပိုး Delta Virus သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိနေကြောင်း၊ ကမ္ဘာ့စိုးရိမ် ဖွယ်     ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအဖြစ်     WHO   က သတ်မှတ်ကြေညာထားသော  ဗိုင်းရပ်စ်လေးမျိုးထဲမှ Alpha နှင့် Delta တို့သည် ရောဂါပိုးကူးစက်နိုင်မှု၊ ထပ်မံကူးစက်နိုင်မှု ပိုမိုမြင့်မားပြီး ရောဂါပြင်းထန်မှု အခြေအနေဖြင့်       ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိကြောင်း    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က  ထုတ်ပြန်ထားပါသည်။ ကမ္ဘာ့ နိုင်ငံများတွင်    ကိုဗစ်-၁၉  ရောဂါ   ဖြစ်ပွားမှု   ဆက်လက် မြင့်တက်နေပြီး ဩဂုတ် ၂၄ ရက်နေ့က တစ်ရက်အတွင်း လူနာသစ် ၆၅၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၀၀၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၌   ကိုဗစ်-၁၉  ကူးစက်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး     လုပ်ငန်းစဉ်များတွင် ဆေးပညာရှင်များ၊ ဆရာဝန်၊ သူနာပြုများ၊တာဝန်သိ ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အခြားသက်ဆိုင်ရာဌာနများနှင့်အတူ ပရဟိတ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက လည်း ပါဝင်ဆောင်ရွက်နေကြပါသည်။ PPE ဝတ်ရုံ ဖြူအောက်မှ ဖြူစင်သောစိတ်ထားနှင့် ပရဟိတအဖွဲ့ အစည်းများသည် Positive လူနာများ၊ Contact Person များနှင့် ပတ်သက်ပြီး သယ်ယူပို့ဆောင်ပေး ခြင်း၊ သေဆုံးမှုနှုန်းများပြားချိန်တွင် Dead Body များအား ကူညီသယ်ဆောင် သင်္ဂြိုဟ်ပေးခြင်းများ၊ အောက်ဆီဂျင်   လိုအပ်သူများကို   အောက်ဆီဂျင် ရရှိအောင် ရှာဖွေဆောင်ရွက်ပေးခြင်းများကို ကူညီ လုပ်ဆောင်ပေးနေကြသည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရ ပါသည်။ 
 မိမိကစ၍ကာကွယ်ကြရမည်
ကိုဗစ်-၁၉  ရောဂါ     ကာကွယ်၊    ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသည်  အမျိုးသားရေးပင်ဖြစ်၍ အားလုံးပူးပေါင်းပါဝင်ကာ မိမိကစ၍ ကာကွယ်ကြ ရမည်ဖြစ်ပါသည်။ ပြည်သူများကလည်း စည်းကမ်း နှင့်အညီ လိုက်နာနေထိုင်ခဲ့ကြရာ ဩဂုတ်လတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှု  ၂၅ ရာခိုင်နှုန်းအောက် လျော့ကျလာပြီး      ဩဂုတ်လ ၂၆   ရက်နေ့တွင် ၂၁ ရာခိုင်နှုန်းရှိကြောင်း သိရ၍ ရာခိုင်နှုန်း ၂၀ ကျော် ကျဆင်းသွားကြောင်း     တွေ့ရှိရပါသည်။    တာဝန် သိသူ၊ တာဝန်ရှိသူများက လက်တွဲဆောင်ရွက်ခဲ့၍ တတိယလှိုင်း၏    အမြင့်ဆုံးကာလ    ဇူလိုင်လ ၂၃ ရက်နေ့မှ   ဩဂုတ်လ၂၆ ရက်နေ့အထိ တစ်လ တာအချိန်အတွင်း      ရာခိုင်နှုန်းထက်ဝက်ခန့်  လျှော့ချနိုင်ခဲ့ပြီး   ဆက်လက်၍   ကူးစက်မှုသိသာစွာ   လျော့နည်းလာစေရေး  စုပေါင်းညီညွတ်စွာ  ကြိုးစား လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။