ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁၃ ဦး တွေ့ရှိ

 

(၁၈-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနသည်  ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၄၂၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၃၄) ရာခိုင်နှုန်း ရှိပါသည်။ 
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၅၄၈,၄၁၅) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၇,၇၃၅) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်း နှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ ရာ ယနေ့တွင်   ပြန်လည်ကောင်းမွန်လာသူ (၁၃၁)    ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၆,၅၇၃) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင်   ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၄) ဦး ရှိပါသည်။
ကိုဗစ်-၁၉  ရောဂါဆိုင်ရာ   သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။        

ကျန်းမာရေးဝန်ကြီးဌာန