
နေပြည်တော် နိုဝင်ဘာ ၁၂
အစွန်းရောက် အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်း စွာနေထိုင်သော ပြည်သူလူထု များနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဝိုင်းဝန်းဆောင်ရွက် နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များကို ထိခိုက်ဒဏ်ရာရရှိစေ ရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ် များ လုပ်ဆောင်လျက်ရှိသည့် အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်း နှောင့်ယှက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့အဝင်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ရေးအတွက် တားဆီးစစ်ဆေးခြင်းများ ဆောင် ရွက်နေသည့် ဒင်္ဂါးချောင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်အနီး လမ်း ဘေး၌ အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးသည် ယနေ့ နံနက် ၈ နာရီ မိနစ် ၅၀ တွင် ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ထို့အတူ မင်းတပ်မြို့ရှိ ပြည်သူများအနက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုခံထားရသူ ၆၃ ဦးကို အနောက်ရပ်ကွက်ရှိ မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ ဝန်ထမ်းအိမ်ရာ ရှစ်ခန်း တွဲနှစ်ထပ်ဆောင်နှင့် လေးခန်းတွဲ နှစ်ထပ်ဆောင်တို့၌ ထားရှိကာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေး လျက်ရှိရာ အဆိုပါအဆောင်များ ကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် CDF အကြမ်းဖက် သမားများက လက်နက်ငယ်များ ဖြင့် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါ အဆောင်များတွင် တပ်ဆင်ထား သည့် ရေပိုက်များ၊ ပြတင်း တံခါးမှန်များနှင့် အဆောက်အဦ နံရံတို့၌ ကျည်ထိမှန် ပျက်စီးခဲ့ သဖြင့် ပိုးတွေ့လူနာ ၆၃ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်ရှိ မြို့မနှစ်ခြင်း ဘုရားကျောင်းဝင်း အတွင်းရှိ သီးသန့်ဆောင်သို့ ရွှေ့ပြောင်းကာ ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထား ရသူများကို ကုသပေးလျက်ရှိ သည့် ကုသရေးစင်တာများအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်း ဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက တပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်းကာ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်