ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်

 

ဆိုရှယ်မီဒီယာတွေမှာပြောနေသလို   ဗိုင်းရပ်စ်က  တကယ်ကိုပုံစံပြောင်းသွားပြီ   ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ရှာလို့တောင်မတွေ့တော့ဘူးဆိုတာ   မရှိသေးပါဘူးဆိုတာ ရှင်းပြချင်ပါတယ်

ထက်လျှံ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၆ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး    ။    ။    နိုင်ငံတစ်ဝန်း    ကိုဗစ် - ၁၉ 
            တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး   ကျန်းမာရေးဝန်ကြီးဌာန   ပြည်သူ့ ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်မျိုးကွဲတွေ ကြေညာထား တာရှိပါတယ်။ ကိုဗစ် - ၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်တွေ နဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး    ။    ။    ဒီနေ့ဆွေးနွေးသွား 
            မယ့်   အကြောင်း အရာက   ကိုဗစ်ရောဂါရဲ့    ဗီဇပြောင်းမျိုးကွဲတွေ မြန်မာနိုင်ငံနဲ့ ကမ္ဘာပေါ်မှာ  တွေ့ရှိနေရတဲ့   အ‌နေ အထားတွေကို ဦးစွာအကျဉ်းချုံး တင်ပြပါမယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ  မျိုးဗီဇပြောင်းလဲတာတွေကို ထုတ်ပြန်ခဲ့တာသုံးကြိမ်ရှိပြီဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်မှာ ပထမအကြိမ် ထုတ်ပြန်ခဲ့တာက ဇွန်လ ၃ ရက်မှာ တပ်မတော်ဆေးသုတေသနတပ်ဖွဲ့ ဓာတ်ခွဲ ခန်းနဲ့  စင်ကာပူနိုင်ငံမှာရှိတဲ့     ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းတို့က ရတဲ့အဖြေတွေ အရ   ကလေးမြို့က  တစ်ဦး၊ မြိတ်မြို့က သုံးဦး၊ မန္တလေးမြို့က လေးဦး၊ တမူးမြို့က နှစ်ဦးနဲ့ ရန်ကုန် မြို့က ပြည်ပပြန် တစ်ဦး  စုစုပေါင်း မျိုးဗီဇပြောင်း ပိုးတွေ့တဲ့သူ   ၁၁ ဦး ရှိခဲ့ကြောင်းဖြစ်ပါတယ်။ 
ဒီမျိုးဗီဇပြောင်းပိုးတွေ့ရှိမှုမှာ  ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က    သတ်မှတ်ထားတဲ့   စိုးရိမ်ဖွယ်ရှိတဲ့ မျိုးဗီဇပြောင်းလဲမှု Variant of Concern (VOC) အနေနဲ့ ‘အယ်လ်ဖာ’ နှစ်ဦးနဲ့ ‘ဒယ်လ်တာ’ ငါးဦး၊ စိတ်ဝင်စားဖွယ်ကောင်းပြီး နောက်ပိုင်းပြင်းထန်လာ နိုင်တဲ့ စောင့်ကြည့်ရမယ့်အနေအထားရှိတဲ့ Variant of Interest (VOI)အနေနဲ့ ‘ကပ်ပါ’ လေးဦး စုစုပေါင်း ၁၁ ဦး တွေ့ရှိပါတယ်။
ဇူလိုင်လထဲမှာ စင်ကာပူနိုင်ငံရှိ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့   ရည်ညွှန်းဓာတ်ခွဲခန်းကနေ    နောက် တစ်သုတ်  အဖြေရတဲ့အခါ ‘ဘီတာ’ ဗိုင်းရပ်စ်ကိုပါ တွေ့ရှိရကြောင်း သိရှိခဲ့ရပါတယ်။  ဩဂုတ်လ  ၃၁ ရက်   သတင်းထုတ်ပြန်ချက်မှာ   ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကို    နေပြည်တော်  ငါးဦး၊ ရန်ကုန် နှစ်ဦး၊ မန္တလေး နှစ်ဦး၊ စစ်တွေ၊  တောင်ငူ၊  လားရှိုး၊  မော်လမြိုင်၊  မုံရွာနဲ့ ကလေးမြို့တို့ကနေ တစ်ဦးစီ စုစုပေါင်း ၁၅ ဦး တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲတွေနဲ့   ပတ်သက်ပြီး    ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ သတင်းထုတ်ပြန်ချက်တွေအရ   မြန်မာနိုင်ငံမှာ ‘အယ်လ်ဖာ’၊ ‘ဘီတာ’၊ ‘ဒယ်လ်တာ’နဲ့ ‘ကပ်ပါ’ တို့ ကို ရှေးဦးစွာ  တွေ့ရပါတယ်။   အခု နောက်ပိုင်းမှာ  ‘ဒယ်လ်တာ’  ဗိုင်းရပ်စ်မျိုးကွဲက အများဆုံးဖြစ်ပွားတာ  တွေ့လာရပါတယ်။
ဒီလိုမျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေ နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိက အုပ်စုနှစ်ခု ခွဲခြား သတ်မှတ်ထားပါတယ်။ နံပါတ်တစ်အုပ်စုက  စိုးရိမ် ဖွယ်ကောင်းပြီး   ကူးစက်မှုနှုန်း    အလွန်မြန်တဲ့ အတွက် စောင့်ကြပ်ကြည့်ရှုရမယ့် မျိုးဗီဇပြောင်းလဲ မှုကို Variant of Concern လို့  သတ်မှတ်ပါတယ်။ နံပါတ်နှစ်အုပ်စုက   စိတ်ဝင်တစားနဲ့   စောင့်ကြပ် ကြည့်ရှုရပြီး မကြာခင်မှာ Variant of Concern ထဲ မှာ ပါဝင်နိုင်တဲ့ အလားအလာရှိတဲ့ ဗိုင်းရပ်စ်တွေကို Variant of Interest လို့  သတ်မှတ်စောင့်ကြည့်ပါ တယ်။  အမေရိကန်ရောဂါ    ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန    (US CDC)အနေနဲ့ စောင့်ကြည့်တာကို Variant of High Consequence ဆိုပြီး နောက်တစ်မျိုး ထပ်တိုးပါတယ်။ Variant of   High   Consequence က    ဗိုင်းရပ်စ်မျိုးဗီဇ ပြောင်းလဲမှုကြောင့် လက်ရှိကာကွယ်   ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ် တစ်ခုလုံးကို ပြောင်းလဲသွား နိုင်ကာ ကျန်းမာရေးဆိုင်ရာ ပြဿနာအများကြီးရှိ နိုင်တဲ့  ဗိုင်းရပ်စ်အသစ်တစ်မျိုး ပေါ်ထွက်လာပါက Variant of High Consequence ဆိုပြီး သတ်မှတ်မှာ ဖြစ်ပါတယ်။  လက်ရှိကမ္ဘာပေါ်မှာ  ပေါ်ထွက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်  မျိုးကွဲတွေက  Variant of High Consequence လို့ သတ်မှတ်ရမယ့် ဗိုင်းရပ်စ်တစ်ခုမှ မရှိသေးပါဘူး။
စိတ်ဝင်တစားစောင့်ကြည့်ရတဲ့   Variant of Interest အဖြစ် စာရင်းဝင်ဖို့အတွက်  (၁) မူလ ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးပြောင်းလာပြီး ရောဂါ ကူးစက်မှုနဲ့   ပြင်းထန်မှုအပေါ်   ပြောင်းလဲလာနိုင် တယ်၊ (၂) ကာကွယ်ဆေးတွေ  ထိုးနှံထားခြင်းနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရခြင်းတို့ကြောင့်  ရရှိထား တဲ့ခန္ဓာကိုယ်ရဲ့    ခုခံအားစနစ်ကို   ပြန်လည်ပြီး ရှောင်လွှဲနိုင်တဲ့ အစွမ်းရှိလာနိုင်မယ်၊   (၃) ရောဂါ ကုသရေးနဲ့  ရောဂါရှာဖွေရေးမှာ   ထိခိုက်နိုင်တဲ့ အလားအလာရှိလာတယ်၊  (၄)  ကူးစက်မှုတွေက လည်း အချိန်နှင့်အမျှ နေရာဒေသအလိုက် များလာ တယ်လို့  သတ်မှတ်ရင် Variant of Interest ထဲကို စာရင်းသွင်းဖို့  စတင်စောင့်ကြည့်ပါတယ်။ Variant of Interest ထဲမှာ စာရင်းဝင်နေပြီဖြစ်တဲ့ ဗိုင်းရပ်စ် အနေနဲ့ကလည်း  ခုနကတင်ပြခဲ့တဲ့  အချက်တွေနဲ့ ပြည့်စုံကြောင်း သက်သေခိုင်လုံလာတယ်။ကူးစက်မှု တွေက နိုင်ငံနဲ့ဒေသတွေ တော်တော်များများကို ကူးစက်ပြန့်ပွားလာတယ်။ ရောဂါအနေနဲ့ ပြင်းပြင်း ထန်ထန်ဖြစ်ပွားတာ တွေ့ရှိလာရပါတယ်။  ဒီလို အစွမ်းတွေပြလာတယ်ဆိုရင် Variant of Concern လို့ စိုးရိမ်စွာနဲ့စောင့်ကြည့်ရမယ့်   ဗိုင်းရပ်စ်မျိုးကွဲ စာရင်းထဲကို တစ်ဆင့်မြှင့်ပြီး  ထည့်သွင်းသတ်မှတ် ပါတယ်။ Variant  of  Concern  တွေက   တရုတ် ပြည်သူ့သမ္မတနိုင်ငံ   ဝူဟန်မြို့မှာ  စတင်တွေ့ရှိတဲ့ မူလ ကိုရိုနာဗိုင်းရပ်စ်ထက်ပိုပြီး ကူးစက်တဲ့နေရာနဲ့ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်တဲ့အပေါ်မှာ  သိသိ သာသာ အစွမ်းထက်ကြပါတယ်။ 
Variant of Concern တွေထဲမှာ အရင်ဆုံးပါတဲ့ ‘အယ်လ်ဖာ’ ဗိုင်းရပ်စ်က မူလဗိုင်းရပ်စ်ထက် ၅၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ပြီး ဆေးရုံတက်ရတဲ့နှုန်းနဲ့ ရောဂါကြောင့်သေဆုံးတာ ပိုမိုမြင့်မားစေပါတယ်။ ကာကွယ်ဆေးတွေရဲ့  အာနိသင်ထက်မြက်မှုအပေါ် ကို ပြင်းပြင်းထန်ထန် သက်ရောက်မှု မတွေ့ခဲ့ရဘူး။  ဒုတိယစာရင်းထဲပါတဲ့ ‘ဘီတာ’ ဗိုင်းရပ်စ်က မူလ ဗိုင်းရပ်စ်ထက်   ၅၀ရာခိုင်နှုန်း    ပိုမိုကူးစက်ပြီး အသက်(၆၀)အောက်တွေမှာ ဆေးရုံတက်ရတဲ့နှုန်းနဲ့ ရောဂါကြောင့်သေဆုံးတာ ပိုမိုမြင့်မားစေပါတယ်။ ရောဂါဖြစ်ပြီးသူတွေမှာ  ထွက်တဲ့ Neutralizing Antibodies လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲကနေ တကယ့် ရောဂါကို ခြေဖျက်နိုင်တဲ့ ပဋိပစ္စည်းကို ရှောင်လွှဲနိုင် ပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါဖြစ်ပြီးသူတွေမှာ ဘီတာကြောင့်  ရောဂါပြန်ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ ကာကွယ်ဆေးအချို့ရဲ့ အာနိသင်ကို လျော့ကျစေပါ တယ်။ ဒါကြောင့် ‘ဘီတာ’က စိုးရိမ်ရတဲ့  စာရင်း အထဲမှာ ပါလာတယ်။ 
နောက်တတိယ Variant of Concern တစ်ခု ‘ဂါမာ’   မျိုးဗီဇကို  P.1.1, P.1.2 လို့ ခေါ်ပါတယ်။ ‘ဂါမာ’က ဘရာဇီးနိုင်ငံက  အစပြုပြီး   စတွေ့တာ ဂျပန်နိုင်ငံမှာ  ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လမှာ ဘရာဇီးကလာတဲ့သူလေးယောက်မှာ  စတွေ့ ပါတယ်။ ‘ဂါမာ’မျိုးဗီဇက Neutralizing Antibodies ကို ချေဖျက်နိုင်တယ်။ ကာကွယ်ဆေးထိုးထားသူနဲ့ ရောဂါဖြစ်ပွားပြီးသူမှာ   ပြန်ပြီးဖြစ်ပွားနိုင်ခြေများ ပါတယ်။  မူလဗိုင်းရပ်စ်ထက်စာရင်    ပိုပြီးရောဂါ ပြင်းထန်မှုနဲ့   ဆေးရုံတက်‌ရောက်ရမှုတွေများပါ တယ်။ 
စတုတ္ထ Variant of Concern တစ်ခုက ‘ဒယ်လ် တာ’ မျိုးဗီဇဖြစ်ပါတယ်။ ‘ဒယ်လ်တာ’ ပေါ်လာတဲ့ အခါ  ပထမ   Variant  of  Concern တွေ  ဖြစ်တဲ့ ‘အယ်လ်ဖာ’ ၊ ‘ဘီတာ’ ၊’ဂါမာ’ တို့တောင် ‘ဒယ်လ် တာ’နဲ့  တွေ့တဲ့အခါ  သိပ်အစွမ်းမပြနိုင်တော့ဘူး ဖြစ်သွားပါတယ်။   ‘ဒယ်လ်တာ’က  VOC ထဲမှာ ထိပ်ဆုံးလောက်ကို ဖြစ်သွားတယ်။ ကူးစက်မှုနှုန်းက နှစ်ဆကနေ သုံးဆအထိမြန်တယ်။   လူကြီးတွေ အပြင် လူငယ်တွေကိုပါ အများအပြားကူးစက်စေနိုင် တယ်၊  ကာကွယ်ဆေးတွေရဲ့   ထိရောက်မှုလည်း ကျနိုင်တယ်။ 
Neutralizing Antibodies လို့ခေါ်တဲ့ ‌ရောဂါ ဖြစ်ပြီးသားသူတောင် အတိုင်းအတာတစ်ခုအထိပဲ ခံနိုင်ရည်ရှိမယ်။ ကာကွယ်ဆေးထိုးထားပြီးသူတွေ မှာလည်း    ဒီရောဂါပိုးဝင်လာရင်  ရောဂါပြင်းပြင်း ထန်ထန်မဖြစ်တာလောက်ပဲ ရှိနိုင်တယ်။ ကာကွယ် ဆေးထိုးထားပြီးသူကနေ ပိုးသယ်ဆောင်ပြီး အခြား သူကို ဆက်လက်ကူးစက်သွားစေနိုင်တာ တွေ့လာရ ပါတယ်။ ‘ဒယ်လ်တာ’ကို B.1.6 1 7.2 ၊ A.Y.1  A.Y.2  A.Y.3 လို့လည်း ခေါ်ပါတယ်။ ‘ဒယ်လ်တာ’ နောက် မှာ ဆက်ပြီး ‘ Delta plus’ ဆိုပြီး ထွက်လာသေး တယ်။ ‘ Delta plus’ က ‘ဘီတာ’ နဲ့ ‘ဂါမာ’မှာရှိတဲ့ ဂုဏ်သတ္တိတွေ  သယ်လာပါတယ်။   ကံကောင်းတဲ့ အချက်က ‘ဒယ်လ်တာ’လိုပဲ ပြုမူတယ်။ ‘ဒယ်လ် တာ’ တွေများတဲ့အခါ  ‘ Delta plus’ က   သိပ်ပြီး ခေါင်းထောင်လို့မရဘူးဆိုတော့ ‘Delta plus’ ရဲ့ ကူးစက်မှုက   နောက်ပိုင်းမှာ   သိပ်ပြောကြတာ မတွေ့ရပါဘူး။ 
‘ဒယ်လ်တာ’ရဲ့  ထူးခြားချက်က  မျိုးဗီဇပြောင်း တဲ့နေရာ ကြီးကြီးမားမား အနည်းဆုံး   နှစ်နေရာ ရှိလို့ Double Mutant  လို့လည်း  ခေါ်ကြတယ်။ ဒါပေမယ့်   ကာကွယ်ဆေးတွေရဲ့   ထိရောက်မှုက   ‘ဒယ်လ်တာ’ အပေါ်မှာ   ရှိနေတုန်းဖြစ်ပါတယ်။ ကာကွယ်ဆေးတွေက   ‘ဒယ်လ်တာ’  ကူးစက်မှုကို  အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပြီး ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကို ထိထိရောက်ရောက်  အကာအကွယ်ပေးနိုင်စွမ်း ရှိနေတုန်းဖြစ်ပါတယ်။
Variant  of  Concern  လေးမျိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က   ဩဂုတ်လ  ၃၁ ရက် Weekly Epidemiology Update မှာ ‘အယ်လ်ဖာ’က နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံ၊ ‘ဘီတာ’က ၁၄၁ နိုင်ငံ၊ ‘ဂါမာ’က ၉၁ နိုင်ငံ၊ ‘ဒယ်လ် တာ’က   နိုင်ငံ  ၁၇၀ ကို  ရောက် ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ မှာ  ဒီလေးမျိုးထဲက သုံးမျိုးကို တွေ့ရပါတယ်။ ဒီ လေးမျိုးကနေ  နောက်တစ်ဆင့်တက်တဲ့  US CDC က    သတ်မှတ်ထားတဲ့    Variant   of   High Consequence   ဘဝကို    တက်မသွားတာက ကံကောင်းတဲ့အချက် ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မျိုးပြောင်းနေသည်ဖြစ်စေ  လက်ရှိကာကွယ်ဆေး တွေ၊ ရောဂါ ရှာဖွေတဲ့၊ ကုသတဲ့ စနစ်တွေက အဲဒီ မျိုးကွဲတွေအပေါ် အများကြီး  ထိရောက်မှုရှိနေသေး တယ်ဆိုတာ  တွေ့ရပါတယ်။   ဆိုရှယ်မီဒီယာတွေမှာ ပြောနေသလို  ဗိုင်းရပ်စ်က  တကယ်ကို   ပုံစံပြောင်း သွားပြီ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ရှာလို့တောင် မတွေ့တော့ဘူးဆိုတာ  မရှိသေးပါဘူးဆိုတာ  ရှင်းပြ ချင်ပါတယ်။  လက်ရှိအနေအထားအရ    Variant High Consequence List ထဲပါတဲ့ ဗိုင်းရပ်စ် မရှိသေး ဘူးဆိုတာ တင်ပြလိုပါတယ်။
စိတ်ဝင်တစား      စောင့်ကြည့်ရမယ့်စာရင်း (Variant of Interest) မှာ   နောက်ဆုံးပါဝင်လာတဲ့ ‘မြူ’ နဲ့ဆိုရင် ငါးမျိုးရှိပါပြီ။ အရင်ဆုံးပါတာက ‘အီ တာ’ က B.1.5.2.5 လို့ခေါ်ပါတယ်။ ယူကေနဲ့ နိုက်ဂျီး ရီးယားနိုင်ငံတို့မှာ  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ တွေ့ပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့   စိတ်ဝင်တစား စောင့်ကြည့်ရမယ့် စာရင်းထဲကို ၂၀၂၁ ခုနှစ် မတ်လ မှာ ထည့်သွင်းထားပါတယ်။ ထူးခြားချက်က  သူ့ရဲ့ ဆူးချွန်တွေမှာ     မျိုးပြောင်းလဲမှုတွေဖြစ်တဲ့အခါ လူလုပ်ပဋိပစ္စည်းတွေနဲ့ ကုသတဲ့အခါ ထိရောက်မှု အားနည်းတာကို  တွေ့ရပါတယ်။


နောက်တစ်ခု    ‘အိုင်ရိုတာ’    ဗိုင်းရပ်စ်ပါ။ နယူးယောက်မှာ ၂၀၂၀ ပြည့်နှစ်   နိုဝင်ဘာလမှာ တွေ့တယ်။ သူ့ကို B.1.5.2.6 လို့ခေါ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့   စောင့်ကြည့်ရမယ့်  စာရင်းထဲ ကို ၂၀၂၁ ခုနှစ် မတ်လမှာ ပါဝင်တယ်။  သူက ပဋိ ပစ္စည်းတွေနဲ့ကုသတာနဲ့    ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းတွေကို လျော့ကျစေတာ၊ ရောဂါ ဖြစ်ပြီးသားသူတွေမှာ  ပြန်ပြီးဖြစ်နိုင်တာတွေကို ရှိနိုင်တယ်လို့ တွေ့ရပါတယ်။ ဆက်ပြီး စောင့်ကြည့် ရမှာဖြစ်ပါတယ်။ 
နံပတ် (၃) ‘ကပ်ပါ’ မျိုးဗီဇပါ။   မြန်မာနိုင်ငံမှာ တွေ့ထားပါတယ်။ သူ့ကို B.1.6.1.7.1  လို့ခေါ်ပါ တယ်။ ‘ဒယ်လ်တာ’ နဲ့ သိပ်မကွာဘူး။  အိန္ဒိယနိုင်ငံ မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ  တွေ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ Variant of Interest စာရင်း သွင်းတယ်။ ဆူးချွန်မှာ မျိုးပြောင်းပြီး  ပဋိပစ္စည်းတွေ နဲ့ ကုသတဲ့အခါ ထိရောက်မှုအားနည်းတာကို တွေ့ရ ပါတယ်။ တချို့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျဖွယ်ရှိပါတယ်။ 
နောက်တစ်ခုက  ‘မြူ’ မတိုင်ခင်   ထွက်လာတဲ့ နံပတ်(၄) ‘လမ်ဘဒါ’ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဆိုရှယ် မီဒီယာပေါ်မှာ   အတော်လေးပြန့်ပြီး   လူသိများပါ တယ်။ B.1.1.1.3.7 သို့မဟုတ်  C.37 လို့ ခေါ်ပါတယ်။ ပီရူးနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလလောက်မှာ တွေ့ခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့   စိတ်ဝင် တစားစောင့်ကြည့်ရမယ့် စာရင်းထဲကို  ၂၀၂၁ ခုနှစ် ဇွန်လမှာ  ထည့်သွင်းထားတယ်။  တချို့ကာကွယ် ဆေးတွေရဲ့ ထိရောက်မှုကို လျော့ကျနိုင်ဖွယ်ရှိတယ်။ ရောဂါလက္ခဏာသိပ်မပြဘဲ ကူးစက်တာမျိုးတွေရှိ တယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။ ကူးစက်တဲ့ ပမာဏက  ‘ဒယ်လ်တာ’နဲ့    ယှဉ်ရင်  အတော်နည်း ပါတယ်။ ‘ဒယ်လ်တာ’ က ၈၀ / ၉၀ ရာခိုင်နှုန်း လောက်    အမေရိကမှာ  အများဆုံး ကူးစက်ချိန်မှာ    သူက  တောင်အမေရိကမှာ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့  ဆိုပါတယ်။   ဒါကြောင့်    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က  စိုးရိမ်ဖွယ်ရာ စာရင်း Variant of Concern  ထဲကို    မထည့်သေးတာ    ဖြစ်ပါ  တယ်။ 
နောက်ဆုံးတစ်ခုက   နံပတ်(၅)    ‘မြူ’ပါ။ B.1.6.2.1, B.1.6.2.1.1 လို့ခေါ်တယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကိုလံဘီယာနိုင်ငံမှာ စတွေ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ စိတ်ဝင်တစား စောင့်ကြည့် ရမယ့်    စာရင်းထဲကို   ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ထည့်သွင်းထားတယ်။ သူက နိုင်ငံပေါင်း ၃၉ နိုင်ငံကို ရောက်နေပြီဖြစ်ပါတယ်။ ‘မြူ’ က အီကွေဒေါနဲ့ ကိုလံဘီယာတို့မှာ  ကူးစက်မှုတွေများတာကို တွေ့ရ ပါတယ်။ ဂျပန်နိုင်ငံမှာ   ယူအေအီးက  ပြန်လာတဲ့ အမျိုးသမီးကနေ  တွေ့ရပါတယ်။  စက်တင်ဘာလ ၂ ရက်မှာ ဂျပန်ကလည်း သူ့နိုင်ငံမှာ ‘မြူ’ တွေ့တယ် လို့ ကြေညာတယ်။ သူကလည်း အချို့ကာကွယ် ဆေးတွေနဲ့ ထိရောက်မှုကို လျော့ကျစေဖွယ်ရှိတယ်။ ဒါပေမယ့် အခုထိ  ‘ဒယ်လ်တာ’ရဲ့   ကူးစက်မြန် ပြင်းထန်ခြေလှမ်းကို    မီမယ့်ပုံမပေါ်ဘူး ဆိုတာ တွေ့ရပါတယ်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  သတ်မှတ်ထားတဲ့ စိုးရိမ်ဖွယ်ရာကောင်းတဲ့ Variant of Concern ဗိုင်းရပ်စ်က   လေးမျိုး၊  စောင့်ကြည့်ရမယ့်အနေ အထား မှာရှိတဲ့ Variant of Interest ဗိုင်းရပ်စ်က ငါးမျိုး စုစုပေါင်း ကိုးမျိုး ဖြစ်ပါတယ်။ ဒီစာရင်းထဲကို မဝင်ပေမယ့်   နောက်ထပ်   စောင့်ကြည့်နေတာ တွေ    ရှိပါသေးတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန် (CDC) က စာရင်းသွင်းတာချင်း  တစ်ခု နဲ့တစ်ခု   မတူပါဘူး။ 
မြန်မာနိုင်ငံက    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တော့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကိုးကားရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မျိုးဗီဇ ဒီထက်ပိုပြီးပြောင်းလာမလား စောင့်ကြည့် နေတဲ့ ဗိုင်းရပ်စ် Alerts for Further Monitoring က ၁၁   မျိုးရှိနေပါသေးတယ်။   ဒီအထဲကလည်း နောက်ပိုင်းမှာ  Variant  of  Interest   ဖြစ်ဖြစ်၊ Variant  of   Concern   စာရင်းပါသွားမလား ဆက်လက်စောင့်ကြည့်နေပါတယ်။ ဗိုင်းရပ်စ်တွေ မျိုးပြောင်းခြင်းက  သဘာဝဖြစ်ပါတယ်။ သူသည် ပွားများ လေလေ၊ မျိုးပြောင်းလေလေဖြစ်တဲ့အတွက် ပြောင်းတဲ့အပေါ်မှာ  သတိထားပြီး စောင့်ကြည့်ရပါ မယ်။ အလွန်စိုးရိမ်ကြောက်လန့်စရာမလိုပါဘူး။ 
ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့ကို အနီးကပ် ဒုက္ခပေးနိုင်တဲ့အရာက    ယခုတတိယလှိုင်းမှာ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပါတယ်။ သူက ကူးစက်မှုကလည်း မူလ ကိုရိုနာဗိုင်းရပ်စ်ထက်ပိုပြီး အဆပေါင်းများစွာလျင်မြန်တယ်။  ကာကွယ်ဆေး ထိုးမထားသူတွေမှာ   ရောဂါပြင်းထန်စွာဖြစ်ပွား စေပြီး   ရောဂါကြောင့်သေဆုံးမှုတွေ    မြင့်မားစွာ ဖြစ်စေတယ်။ ကာကွယ်ဆေးတွေရဲ့ ရောဂါကူးစက်မှု ကာကွယ်နိုင်စွမ်းနဲ့ ထိရောက်မှုကို လျော့ကျစေနိုင် တယ်ဆိုတော့ ‘ဒယ်လ်တာ’ ကို  သတိကြီးစွာထား ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးနည်းလမ်း တွေကို   သတိပြု   ဆက်လက်လိုက်နာကြဖို့နဲ့ ကာကွယ်ဆေးကို    အကြိမ်ပြည့်ထိုးနှံမှုတွေကို တက်ကြွစွာ   ဆောင်ရွက်ကြရမယ်ဆိုတာ  တင်ပြ လိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။