ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော်  အောက်တိုဘာ  ၁၃

အကောက်ခွန်ဦးစီးဌာနသည်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေး ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ခုနစ်ခုမှ Dolo-Denk Gel ၃၆၀၉၆ ခု၊ Metegard CR-35 Tablet ၉၆၀၀၊ Solvin Tablet ၆၈၂ ခု၊ Qutero Tablet ၁၆၇၅ ခု၊ EC-Pram Tablet ၁၀၃၆ ခု၊ Methylprednisolone ၁၇၀၂၆ ခု၊ Daclacee Tablet ၅၂၆ ခု၊  Lazon Tablet ၃၀၀၊ Oxygen Concentrator Spare Parts ၁၀ ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ         နှာခေါင်းစည်း ၁၁၇၃၆၀၊ အောက်ဆီဂျင်ထုတ်သည့်စက် ၁၀ ခု၊ Oxygen Cylinder ၁၇၁၃ ခု၊ Oxygen Regulator/Flow Meter ၂၇၀၀၊ ဆေးဝါးမျိုးစုံ ၅၅ မျိုး ( ၂၅၉၁၁၁ ဒသမ ၈ ကီလိုဂရမ်)၊      နယ်စပ် (မြဝတီ၊   ကန်ပိုက်တီး၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ခုနစ်ခုတို့မှ နှာခေါင်းစည်း ၄၁၈၁၂ ကီလိုဂရမ်၊ အောက်ဆီဂျင်အရည် ၁၅၁၈၅ ကုဗမီတာ၊ အောက်ဆီဂျင်ထုတ်သည့်စက် နှစ်ခု၊ Disposable Cap ၂၂၄၀ ကီလိုဂရမ်၊    Glucose Injection ၄၄၉၄၈ ကီလိုဂရမ်၊ Omega  3 Fish Oil ၆၅၂၈ ကီလိုဂရမ်၊ Vitamin B12 Injection ၆၆၆၅ ကီလိုဂရမ်၊ Vitamin B6 Injection ၄၃၇၀ ကီလိုဂရမ်၊ Vitamin-C Injection ၁၆၈၉၆ ကီလိုဂရမ်၊ Portable Folding Stretcher Bed ၅၂၆ ခု၊ Royal Bcom (Capsule) ၂၀၀၄ ကီလိုဂရမ်တို့အား ထုတ်ပေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်
n