ကိုဗစ်-၁၉ သက်ရောက်မှုကြောင့်ထိခိုက်မှုရှိနေသော ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားရာတွင် အကျုံးဝင် ကိုက်ညီရန်လိုအပ်သော သတ်မှတ်ချက်များ အသိပေးကြေညာခြင်း

၁။    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍအား  ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက်  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်ရေး  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာ Website များတွင် ကြေညာ ခဲ့ပြီးဖြစ်ပါသည်။ 
၂။    အဆိုပါ ချေးငွေကို ​အောက်ပါအချက်များနှင့် အကျုံးဝင်ကိုက်ညီ​သော လုပ်ငန်းများက ​လျှောက်ထား နိုင်ပါ​ကြောင်း အသိ​ပေး​ကြေညာအပ်ပါသည်-
    (က)    အောက်ပါလုပ်ငန်းများက လျှောက်ထားနိုင်ပါသည် - 
        (၁)    မွေးမြူရေးလုပ်ငန်းများ။
        (၂)    ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများ။
    (ခ)    ကိုဗစ်-၁၉  ကြောင့်  အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်း 
        ဖြစ်ရမည်။
    (ဂ)    လက်ရှိလည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် လုပ်ငန်းယာယီရပ်စဲ 
        ထားသော်လည်း ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင်နိုင်မည့် လုပ်ငန်းဖြစ်ရမည်။
    (ဃ)    ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက် မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/ လုပ်ငန်း လိုင်စင် 
        ရထားပြီးဖြစ်သည့် လုပ်ငန်းဖြစ်ရမည်။
    (င)    လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။
    (စ)    ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်းဖြစ်ရမည်။
    (ဆ)    ချေးငွေအား   လက်ရှိလုပ်ငန်း   လည်ပတ်ရန်ကိစ္စအတွက်သာ  အသုံးပြုသည့်   ကုမ္ပဏီ/ 
        လုပ်ငန်း ဖြစ်ရမည်။
    (ဇ)    ကုမ္ပဏီဖြစ်ပါက   ကုမ္ပဏီမှတ်ပုံတင်ရုံးက  မှတ်ပုံတင်စာရင်းမှ  ဆိုင်းငံ့ထားခြင်း ခံရသည့် 
        သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီ  မဖြစ်စေရ။  ကုမ္ပဏီ 
        မဟုတ်သော    စီးပွားရေးလုပ်ငန်းဖြစ်ပါက   သက်ဆိုင်ရာအစိုးရ   ဌာန/  အဖွဲ့အစည်းက 
        မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ထား 
        ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်း မဖြစ်စေရ။
    (ဈ)    ဝင်ငွေခွန်/ ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။
    (ည)    ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူထားသည့် 
        လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက် ပေးနိုင်ရမည်။
    (ဋ)    ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိသည့် 
        လုပ်ငန်းများ၊ ချေးငွေ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရား 
        စွဲဆိုခြင်း ခံထားရသည့်လုပ်ငန်းများ မဖြစ်စေရ။
    (ဌ)    ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးသည့် ချေးငွေကို ယခင်က ရယူထားပြီးဖြစ်သည့် လုပ်ငန်း၊ 
        မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူထားသည့် လုပ်ငန်း မဖြစ်စေရ။
    (ဍ)     ချေးငွေလျှောက်ထားသည့် မွေးမြူရေးလုပ်ငန်း သို့မဟုတ် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းသည် 
        မိသားစု    တစ်ပိုင်တစ်နိုင်/ ဝမ်းစာအတွက်မဟုတ်ဘဲ     စီးပွားဖြစ်     ဆောင်ရွက်နေသော 
        လုပ်ငန်းဖြစ်ရမည်။
    (ဎ)    ပြည်တွင်းတွင်  ရောင်းချသူဖြစ်ပါက   ပြည်တွင်းရောင်းချနေသော    အထောက်အထား/ 
        ပြည်ပသို့ တင်ပို့ရောင်းချသူဖြစ်ပါက ပြည်ပသို့ရောင်းချနေသော အထောက်အထား ပြနိုင် 
        ရမည်။
    (ဏ)    မိမိလုပ်ငန်း လုပ်ကိုင်နေသည့်မြေသည် မွေးမြူရေးလုပ်ငန်းအတွက် လယ်ယာမြေ အခြား 
        နည်း  အသုံးချခွင့်ရရှိပြီးသူ  သို့မဟုတ်  ပုံစံ (၇)  ရရှိထားပြီး   မွေးမြူရေးလုပ်ငန်းအတွက် 
        လယ်ယာမြေ အခြားနည်း အသုံးချခွင့် လျှောက်ထားနေကြောင်း အထောက်အထား တင်ပြ 
        နိုင်သူ ဖြစ်ရမည်။
    (တ)    မွေးမြူရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် မွေးမြူရေးနှင့် 
        ကုသရေးဦးစီးဌာနနှင့်   မွေးမြူရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊   ငါး၊   ပုစွန်  မွေးမြူရေး 
        လုပ်ငန်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေထွက်လုပ်ငန်းရှင် 
        များအသင်းဥက္ကဋ္ဌ  တို့က  အမှန်တကယ် လုပ်ငန်းလုပ်ဆောင်နေကြောင်း ထောက်ခံချက် 
        တင်ပြနိုင်သူ ဖြစ်ရမည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် 
                                                                                      ကုစားရေး လုပ်ငန်းကော်မတီ