
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် လတ်တလောရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြား ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး၊ ကာကွယ်ဆေးထိုးနှံပေးမှုများနှင့်အတူ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်နိုင်ရေး ပညာပေးမှုများ၊ ထုတ်ပြန်ကြေညာမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများအကြား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍လည်း တစ်ဆင့်ချင်းစီ သတ်မှတ်ချက်များနှင့်အညီ အလွှာလိုက် တစိုက်မတ်မတ် ထိုးနှံ ပေးလျက်ရှိရာ အချို့မြို့နယ်များတွင် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ပြည်သူများအကြား ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြုံတွေ့ဖြတ်ကျော်လာသော ဝန်ထမ်းအများစု၏ ရင်တွင်းစကားသံများကို ရေးသားဖော်ပြလိုက်ပါသည်။
ဦးမြသန်း
(ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက် ရင် ကျွန်တော် မခံစားလိုက်ရဘူး လို့ ပြောလို့ရတယ်။ ပြောရရင် ဆေးဦးသွားတယ်လို့ပဲ ပြောရ မယ်။ အရင်ဒုတိယလှိုင်းကာလ မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက် တွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် သတိထားပြီး လိုက်နာနေထိုင် ခဲ့တယ်။ အခု တတိယလှိုင်းကာလ မှာလည်း ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဘာလက္ခဏာမှ မပြခဲ့ဘူး။ ဒါပေမယ့် အိမ်က အမျိုးသမီးကတော့ ကိုဗစ်-၁၉ ရောဂါ ခံစားလိုက်ရတယ် ပြောရ မယ်။ ဖျားလည်းဖျား၊ အနံ့လည်း ပျောက်၊ အိပ်ရေးတွေလည်းပျက်၊ အစားအသောက် တွေလည်း မကောင်း၊ ပြောရရင် ကိုဗစ်-၁၉ ရောဂါလက္ခဏာမျိုး ကြုံတွေ့ခဲ့ရ တယ်။ ဒီကာလမှာ ဆေးရုံ၊ ဆေးခန်းတွေသွားပြီး စမ်းသပ် ခဲ့တာတော့ မရှိဘူးပေါ့။ ဒါပေမယ့် နောက်တော့ သူလည်းဆေးတွေ သောက် သတိထားနေထိုင်လိုက် တော့ ပြန်ပြီးကောင်းလာပါတယ်။ သိပ်ကြီးကြီးမားမား ဆိုးရွားတာ တော့ မဖြစ်ခဲ့ဘူး။ ထူးခြားတာက ကာကွယ်ဆေး ထိုးထားတဲ့ ကျွန်တော့်ကို ကူးစက်မှု လုံးဝ မရှိခဲ့ဘူး။
အဲဒါကို ကြည့်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေး ရရင်ရသလို လူတိုင်းထိုးထား သင့်တယ်လို့ မြင်တယ်။ လတ်တလော ပြည်သူတွေအကြား အသက်ကန့်သတ်ချက်နဲ့ ထိုးပေး တာဆိုတော့ အများစုကတော့ မထိုးနှံရသေးဘူးပေါ့။ တစ်နိုင်ငံ လုံး ထိုးခွင့်ရရင်တော့ ဒီရောဂါနဲ့ ပတ်သက်ပြီး အတော်လေးကို တည်ငြိမ်သွားမယ်လို့ မြင်ပါတယ်။ အများစု အသက်ဆုံးရှုံးတာ ကလည်း အောက်ဆီဂျင်အခက် အခဲဖြစ်ခဲ့ကြတယ်လို့ ပြောကြ တာပဲ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ကာကွယ်ဆေးကိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းထိုးထားသင့်တယ် လို့ မြင်ပါတယ်။
ဦးဇော်မင်းလတ်
(ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ် တတိယလှိုင်းကာလမှာ မိုးတွင်းလည်းဖြစ်တော့ တုပ်ကွေး လိုလို၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ လိုလိုဖြစ်ကြတာတွေကို ဆေးခန်း၊ ဆေးရုံတွေမှာ အများစုတွေ့မြင် ရတယ်။ အဲဒီလူတွေ အများစုကို စုံစမ်းကြည့်လိုက်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိကြသေးသူတွေ အများစု ဖြစ်နေတာတွေ့ရတယ်။ ပြန်သတိ ထားမိလိုက်တာက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားပြီး လူတွေက လတ်တလောမှာ ထူးထူးခြားခြား ဖျားနာခြင်း ဝေဒနာ ဘာခံစားမှုမှ ဖြစ်ပေါ် နေတာမရှိဘူးဆိုတာကို သတိ ထားလိုက်မိတယ်။ ကိုဗစ်-၁၉ လက္ခဏာ အနည်းငယ်ကြုံတွေ့ တဲ့သူရှိပေမယ့် အပြင်းအထန် မခံစားရဘူးလို့ ပြောကြတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကျွန်တော် ကောက်ချက်ချနိုင်တာကတော့ ဒီအချိန် ဒီကာလမျိုးမှာ အသက် အရွယ်မရွေး ထိုးထားသင့်တယ်လို့ ယူဆတယ်။ အထူးသဖြင့် အသက် ကြီးတဲ့သူတွေ၊ အခြားရောဂါ အခံရှိတဲ့သူတွေ ပိုပြီးဂရုတစိုက် ထိုးထားသင့်တယ်လို့ မြင်တယ်။ လတ်တလော ကျန်းမာရေးဝန်ကြီး ဌာနကလည်း မြို့နယ်၊ ရပ်ကွက် တွေပါမကျန် အစီအစဉ်ဆွဲပြီး လိုက်လံ ထိုးနှံပေးနေတာကို တွေ့ရတယ်။
ထိုးပြီးတဲ့ သူတွေကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ကာကွယ်ဆေး ထိုးထားတာပဲ ကူးစက်မှု မရှိတော့ပါဘူးဆိုပြီး ပေါ့လျော့မှုမရှိဘဲ ဂရုတစိုက် နေထိုင်သွားဖို့ လမ်းညွှန်ထုတ်ပြန် အသိပေးကြေညာချက်တွေ ရှိပါ တယ်။ ပြည်သူတွေအနေနဲ့လည်း ဒီကိုဗစ်-၁၉ ကာကွယ်ဆေးကို နောက်ပိုင်း ဖြည်းဖြည်းချင်းထိုးပြီး ကြမယ်ဆိုရင်တော့ ဒီရောဂါဟာ သာမန် တုပ်ကွေးရောဂါတစ်မျိုး လိုပဲ တည်တည်ငြိမ်ငြိမ် ဖြစ်သွား မယ်လို့ ထင်ပါတယ်။
မမေဇင်ဦး
(ဌာနဆိုင်ရာဝန်ထမ်း )
ကျွန်မက ဌာနဆိုင်ရာတစ်ခုရဲ့ အငယ်တန်းစာရေး ဝန်ထမ်း တစ်ဦးပါ။ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းတုန်းက ကြုံတွေ့ ခံစားလိုက်ရသေးတယ်။ အဲဒီ စဖြစ်တုန်းကတော့ အိပ်ရေးတွေ ပျက်၊ အစာစားချင်စိတ်လည်း မရှိ၊ နောက်ပိုင်း ကိုယ်လက်တွေ ကိုက်ခဲပြီး ဖျားနာလာတယ်။ ပြီးတော့ အနံ့ သုံးလေးရက် လောက် ပျောက်သွားခဲ့တယ်။ ပြီးတော့ ကိုဗစ်စောင့်ကြည့်ရေး စင်တာမှာ ခုနစ်ရက်ကြာနေပြီး တော့ စမ်းသပ်ကြည့်လိုက်တဲ့အခါ ကိုဗစ်ဆိုပြီး အဖြေထွက်လာတာ ပါ။ စဖြစ်တုန်းကတော့ တစ်ခါမှ လည်း မကြုံဖူးတော့ ကြောက်ပြီး ငိုမိတာပေါ့။ ဒါပေမယ့် တစ်ခု ရှိတာက သူများတွေလို မောတာ၊ အသက်ရှူကျပ်တာရယ်လို့တော့ မကြုံခဲ့ရဘူး။ စင်တာမှာပဲ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ နေထိုင် စားသောက်တော့ ရက်အနည်း ငယ်အတွင်းမှာပဲ သက်သာပြီး ပြန်ဆင်းလာနိုင်ခဲ့တယ်။
ကိုဗစ် တတိယလှိုင်းမှာတော့ ကျွန်မတို့ ဝန်ထမ်းအိမ်ရာမှာ တစ်ဦးတစ်ယောက်တောင် ကိုဗစ် နဲ့ပတ်သက်ပြီး ဖြစ်တယ်လို့ မကြားမိဘူး။ အရင် ကာကွယ် ဆေးမထိုးခင် ဒုတိယလှိုင်းမှာ တုန်းကတော့ အများစု အဖြစ်များ ခဲ့တယ်။ အခုနောက်ပိုင်း ဝန်ထမ်း အများစုက ကာကွယ်ဆေး ထိုးထားကြတော့ အရင် ဒုတိယ လှိုင်းလောက် ဝန်ထမ်းအိမ်ရာမှာ ကိုဗစ်ရောဂါဖြစ်တယ်ဆိုတဲ့အသံ မကြားမိတာကိုတော့ သတိထား မိလိုက်တယ်။ ဒါတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ အကျိုးရလဒ်တွေလို့ ထင်တယ်။ တကယ်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ လူတိုင်း ထိုးနှံ ထားသင့်တယ်လို့ မြင်တယ်။ ထိုးနှံကြဖို့ကိုလည်း တိုက်တွန်း ချင်ပါတယ်။
ဦးမိုးဇာထွန်း
(ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ်နဲ့ ပတ်သက်လို့ကတော့ ဒုတိယလှိုင်း ကာလမှာလည်း ကျွန်တော်မဖြစ်ခဲ့ဘူး။ အခု တတိယလှိုင်း ကာလမှာလည်း ကာကွယ်ဆေး ထိုးထားတော့ လက်တွေ့ခံစားမှု မကြုံခဲ့ရဘူး။ ဒါပေမယ့် ကျွန်တော့်အမျိုးသမီး ကတော့ ကိုဗစ်လက္ခဏာနဲ့ ဒီတတိယလှိုင်း ကာလမှာ ဆုံးပါးခဲ့ရတယ်။ ကျွန်တော့် အမျိုးသမီးကလည်း ဝန်ထမ်း တစ်ဦးပါပဲ။ ဒါပေမယ့် သူက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံတစ်ခုကြောင့် ဒုတိယ လှိုင်းအပြီး ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးပေးစဉ်ကာလ တုန်းက မထိုးဖြစ်ခဲ့တာပါ။ ဒီတတိယလှိုင်း ကာလမှာ ကျွန်တော့် အမျိုးသမီး ကိုဗစ် ဖြစ်တော့ ဆေးရုံ၊ ဆေးခန်းတွေ အများစုကလည်း ပိတ်ထားတာ ရယ်၊ လက်မခံတာရယ်၊ နောက်ဆုံး အင်းလျား ကုသရေးစင်တာကို ရောက်ခဲ့တယ်။ စင်တာရောက်ပြီး ၁၀ ရက်အကြာမှာ ကိုဗစ်-၁၉ ရောဂါ ဟုတ်မဟုတ် စမ်းသပ်မယ် လို့ ဆရာဝန်တွေက ပြောပေမယ့် စမ်းသပ်မှုမပြုခင် ခုနစ်ရက် မြောက်မှာပဲ ကိုဗစ်လက္ခဏာလို့ ယူဆရပြီး အောက်ဆီဂျင်အခက် အခဲကြောင့် အမျိုးသမီးရဲ့အသက် ဆုံးရှုံးလိုက်ရတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက် ပြီး ပြောချင်တာကတော့ ကျန်းမာ ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် နဲ့အညီ နေထိုင်သွားဖို့လိုသလို ကိုဗစ် ကာကွယ်ဆေးကိုလည်း ယုံယုံကြည်ကြည်နဲ့ ထိုးနှံထား ကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တကယ်တော့ ဒီတတိယလှိုင်း ကာလမှာ ကာကွယ်ဆေးထိုးထား တဲ့သူ အများစုဟာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ထူးထူး ခြားခြား ဖြစ်စဉ်မျိုးတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပေါ်တာ မမြင်တွေ့ရ ဘူး။ ကျွန်တော်တစ်ယောက် တည်း အမြင်ပြောရရင်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အခွင့်အခါရမယ်ဆိုရင် ထိုးနှံထား သင့်တယ်လို့ မြင်ပါတယ်။
မအိမွန်ကျော်
(ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ် ဒုတိယလှိုင်းတုန်းက ကျွန်မ ခေါင်းလျှော်ပြီး အအေးမိ၊ နှာမွှန်တာကနေ အနံ့ပျောက်၊ ဖျားနာ၊ ကိုယ်လက်တွေ ကိုက်ခဲပြီး ကိုဗစ်ရောဂါကို ခံစားခဲ့ဖူးပါတယ်။ ကိုဗစ်ရောဂါ စဖြစ်တုန်းကတော့ တစ်ခါမှ မကြုံဖူးတော့ ကြားရုံနဲ့ပဲ ကြောက်စိတ်တွေ ဝင်ခဲ့တယ်။ ဒါပေမယ့် ကိုဗစ်ရောဂါဖြစ်တဲ့ အချိန်မှာ အခြားရောဂါအခံမရှိလို့ လားမသိဘူး အပြင်းအထန် ခံစားရတာလည်း မရှိခဲ့ဘူး။ အသက်ရှူကျပ်တာ၊ မောတာတို့ လည်း မကြုံခဲ့ရသလို အောက်ဆီ ဂျင်လည်း မရှူခဲ့ရဘူး။ အစောပိုင်း အအိပ်အစား ပျက်ပေမယ့် နောက်ပိုင်း အစားအသောက် မှန်လာတော့ လူကောင်းအတိုင်း ပြန်ဖြစ်လာတာပါပဲ။ တကယ် တော့ ကိုဗစ်ရောဂါဟာ အနေ အစားမှန်၊ ကိုယ်ခံအားမြင့်နေမယ် ဆိုရင် ကောင်းကောင်းကျော်ဖြတ် နိုင်ပါတယ်။
အခု တတိယလှိုင်းမှာတော့ အရင်လို ကြောက်ရွံ့စိတ်လည်း မရှိတော့သလို ကာကွယ်ဆေး ကလည်း ထိုးထားတာဆိုတော့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အငွေ့အသက်တောင် ဒီကနေ့ အထိ မခံစားရသေးဘူး။ ပတ်ဝန်း ကျင်ကလည်း ကာကွယ်ဆေး ထိုးထားတဲ့ သူတွေများတော့ ဒီတတိယလှိုင်းမှာ ပြီးခဲ့တဲ့ ဒုတိယလှိုင်း တုန်းကလိုတောင် ဖျားနာတာ မကြားရဘူး။ အဲဒါ ကြောင့် ကျွန်မကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုနဲ့ပတ်သက် ပြီး လက်လှမ်းမီသလောက် ကြိုတင် ကာကွယ်ထားကြဖို့ အားပေးချင်ပါတယ်။