ကိုဗစ်ကာကွယ်ဆေးထိုးထားတာကြောင့် ကျွန်တော်အခုလို မြန်မြန်ဆန်ဆန်နဲ့ ကိုဗစ်ရောဂါ ပျောက်ကင်းလာတာလို့ ယုံတယ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကာကွယ်ဆေးမထိုးနှံရသေးသူများထက် ခံနိုင်ရည်ရှိသည်ကို ဆေးပညာရပ်ဆိုင်ရာ ပညာရှင်များက ဆိုထားသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေးထိုးနှံထားသည့်အတွက် ပြန်လည်ကောင်းမွန်လာသည့်သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

 

ဦးခင်မောင်ထွန်း 
(ခရမ်းကိုင်းကျေးရွာ၊ လယ်ဝေးမြို့နယ်)
ကျွန်တော် ဇူလိုင် ၃၀  ရက်မှာ စပြီးဖျားပါ တယ်။ မိုးမိပြီး   ပုံမှန်ဖျားတယ်ပဲ  ထင်ခဲ့တာပါ။ ဖျားပြီး  သုံးရက်မြောက်မှာ   သံသယဖြစ်တာနဲ့ အိမ်အပေါ်ထပ်ကနေ အောက်ဆင်းပြီး ခြံထဲမှာရှိတဲ့ အနံ့ရိုင်းတဲ့အပင်ရဲ့   အနံ့ရှူကြည့်တဲ့အခါ   အနံ့က မရတော့ဘူး။   အဲဒါနဲ့  မိသားစုတွေနဲ့တိုင်ပင်ပြီး ဆေးရုံကို သွားရောက်ခဲ့ပါတယ်။   ပထမအကြိမ် ဩဂုတ် ၄ ရက်မှာ ကိုဗစ်စစ်တော့ Negative ထွက်တယ်။ ဒုတိယအကြိမ်အနေနဲ့ ဩဂုတ် ၆ ရက် မှာ ထပ်မံစစ်ကြည့်တော့ Positive ထွက်ပါတယ်။  နောက်တစ်နေ့မှာတော့ ကိုဗစ်စင်တာကို ပြောင်းနေ ရတယ်။ စင်တာရောက်တဲ့အခါ ဆရာဝန်တွေက ကိုယ့်မှာအရင်ကရောဂါကြောင့် သောက်နေရတဲ့ ဆေးရှိသလားမေးတယ်။   ပြီးတော့  ၁၀ ရက်စာ သောက်ဖို့ ဆေးတွေပေးပါတယ်။ အရေးပေါ်လိုအပ် ရင် ခေါ်ဖို့ပြောတယ်။
အစားအသောက်များများစား

အစားအသောက်ပိုင်းမှာလည်း    မနက်စာ၊ နေ့လယ်စာနဲ့  ညစာကို  ကိုဗစ်စင်တာရောက်ပြီ ဆိုကတည်းက စားရမယ့်အချိန် ရောက်ပြီဆိုတာနဲ့ ပုံမှန်ပို့ပေးပါတယ်။ အစားအသောက်များများစားဖို့ ဆရာဝန်က  ပြောပါတယ်။ ကျွန်တော် ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရတော့ ဆွေမျိုးမိတ်ဆွေတွေက ဖုန်းနဲ့ အားပေးစကားပြောပေးကြပြီး ဆေးဝါးနဲ့ စားသောက်ဖွယ်ရာတွေကိုလည်း လက်ဆောင်ပို့ပေး ကြပါတယ်။
ကျွန်တော်တက်ရောက်ကုသခဲ့တဲ့ လယ်ဝေး ဆေးရုံမှာ အကုန်အဆင်ပြေပါတယ်။ လိုအပ်ရင် လူနာတွေသုံးဖို့  အောက်ဆီဂျင်ဘူးတွေ အဆင်သင့် ပြင်ဆင်ထားတာကိုလည်း   တွေ့ရတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတာကြောင့်ထင်တယ်။ ဖျားတာ နဲ့ ချောင်းဆိုးတာကိုတော့ ငါးရက်လောက် ခံစား လိုက်ရတယ်။ ပြင်းထန်စွာ   ခံစားရတာမရှိဘူး။ ကိုဗစ်ကာကွယ်ဆေး      ထိုးထားတာကြောင့် ကျွန်တော်အခုလို မြန်မြန်ဆန်ဆန်နဲ့ ကိုဗစ်ရောဂါ ပျောက်ကင်းလာတာလို့  ယုံတယ်။ ကျန်းမာရေး အတွက် မနက် ၅ နာရီတိုင်း လမ်းထလျှောက်တာ အခုဆို ၁၅ နှစ်ရှိနေပြီ။ ပြီးတော့ ရောဂါခံနိုင်ရည် ရှိတာ ကျန်းမာရေး  လိုက်စားတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ 

သတင်းစာ၊ ရုပ်မြင်သံကြားတွေမှာ တွေ့ရတာ ကိုဗစ်ကာကွယ်ဆေးက ရောဂါကူးစက်ခံရပြီဆိုရင် အမှန်တကယ် ၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေး တယ်ဆိုတာ ဟုတ်ပါတယ်။ ဆေးရဲ့အကျိုးအာနိသင် ကို   ကျွန်တော်  လက်တွေ့ခံစားရလို့ပါ။  ကိုဗစ် ကာကွယ်ဆေးကို ပြည်သူတွေအားလုံး  ထိုးနှံခွင့် ရရင် ထိုးရမယ့်ဆေးဖြစ်တဲ့အတွက် မကြောက် မလန့်ဘဲ   ယုံကြည်ချက်ရှိရှိနဲ့    ထိုးကြပါလို့ တိုက်တွန်းလိုပါတယ်။ 


ဒေါ်ဥမ္မာဝင်း(ကျန်းမာရေးဝန်ထမ်း)


ကျွန်မရဲ့အလုပ်က ဆေးရုံက Positive လူနာ တွေကို  ကျွေးမွေးဖို့   ဈေးထွက်ဝယ်ရတဲ့အပိုင်း၊  ထမင်း၊ ဟင်းတွေချက်၊ လူနာတွေကိုကျွေးမယ့် ထမင်း၊ ဟင်းတွေကိုပို့ဖို့ စီစဉ်ပေးရတဲ့ အာဟာရ ကျွေးမွေးတဲ့ အပိုင်း စတာတွေကို တာဝန်ယူရပါတယ်။ ဇူလိုင် ၁၇ ရက် ညနေမှာ လူနာတစ်ယောက်ကို ထရော်လီတွန်းပေးရင်း ပြုတ်ကျမလိုဖြစ်တဲ့အတွက် လှမ်းကိုင်လိုက်မိတယ်။ အဲဒီလူနာကို အဲဒီနေ့ညနေ မှာ ကိုဗစ်စစ်တဲ့အခါ Positive အဖြေထွက်တယ်။  အဲဒီလူနာ Positive ထွက်တော့ ကိုယ့်ကိုယ်ကိုယ် ကူးပြီလားဆိုပြီး  သံသယတော့ဖြစ်မိတယ်။ 
တိုက်တိုက်ဆိုင်ဆိုင်  ကျွန်မလည်း  အဲဒီနေ့ ညမှာပဲ အနံ့စပျောက်သွားတယ်။ မနက်ရောက်တာ နဲ့ ဆေးရုံအုပ်ကြီးကို ပြောပြပြီး ကိုဗစ်စစ်လိုက်တဲ့ အခါ Positive ထွက်ပါတယ်။ အဖြေထွက်ပြီး ကူးစက်အဆောင်ကို တက်ရောက်ကုသပါတယ်။ ကူးစက်အဆောင်ရောက်ပြီး နှစ်ရက်မြောက်နေ့မှာ စပြီးဖျားတယ်၊ ချောင်းဆိုးတယ်၊ ဝမ်းပျက်တယ်။ သုံးရက်လောက်  ခံစားလိုက်ရပါတယ်။  ကျန်တဲ့ လက္ခဏာတွေကိုတော့ မခံစားခဲ့ရပါဘူး။ ကိုဗစ် ကာကွယ်ဆေး    ထိုးထားတဲ့အတွက်  ဆေးရဲ့ အာနိသင်ကြောင့် ရောဂါပြင်းထန်စွာ မခံစားရဘဲ အမြန်ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ 


ဆိုးဆိုးရွားရွားမခံစားရ


ကိုဗစ်စင်တာ တက်ရောက်ကုသတဲ့အထဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးတဲ့ လူနာတချို့ ကတော့ ဆက်တိုက်တွေဖျား၊ ဝမ်းပျက်တဲ့အတွက် ဆေးတွေချိတ်ရတယ်။    အောက်ဆီဂျင်ကျလို့ အောက်ဆီဂျင်ပေးရတယ်။   တချို့ဆို  မောပြီး တစ်ညလုံး    မအိပ်နိုင်ကြဘူး။   ထိုင်ပြီးတော့ အောက်ဆီဂျင်ရှူနေရတဲ့အထိ      ဖြစ်ကြတယ်။ ဆရာဝန်ကို အဆက်မပြတ်ခေါ်နေရတယ်။ ကိုဗစ် ကာကွယ်ဆေးကြောင့်    ကိုဗစ်ကူးစက်ခံခဲ့ရရင် ရောဂါကို ဆိုးဆိုးရွားရွားမခံစားရဘဲ  ကျော်ဖြတ် နိုင်တာကတော့ ကိုယ်တွေ့ပါပဲ။ 

မမြသီတာကျော်(ဌာနဆိုင်ရာဝန်ထမ်း)
ညီမက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး ပါပြီ။ အိပ်ချိန်၊ စားချိန်မှန်ပါတယ်။ ကျန်းမာရေး လည်း   ဂရုစိုက်ပါတယ်။  နောက်ပြီး  ကိုဗစ်နဲ့ ပတ်သက်လို့   ဘယ်လိုလက္ခဏာမှ  မပြပါဘူး။ ညီမတို့ရုံးမှာ ဦးစီးအရာရှိတစ်ဦး  ကိုဗစ်ပိုးစတွေ့ ပါတယ်။ အဲဒီဦးစီးအရာရှိနဲ့ နေ့လယ် ထမင်းစားချိန် တစ်ဝိုင်းတည်းစားတဲ့ သူတွေအကုန်လုံးကို ကိုဗစ် စစ်ခိုင်းတော့     ညီမတို့လည်း   သွားစစ်တယ်။ လေးရက်၊ ငါးရက်ခြားပြီး ပထမအကြိမ်၊ ဒုတိယ အကြိမ် နှာခေါင်းတို့ဖတ်သွားစစ်တော့ ကိုဗစ်ပိုး မတွေ့ဘူး။ တတိယအကြိမ်မှာ အာခေါင်တို့ဖတ် စစ်တော့မှ    ကိုဗစ်ပိုးတွေ့ပါတယ်။   ဒါကြောင့် ကျွန်မတို့    လုပ်ဖော်ကိုင်ဖက်  သုံးယောက်စလုံး စည်ပင်ဧည့်ရိပ်သာ  Quarantine မှာ ၁၁ ရက် သွားနေရပါတယ်။ အဲဒီရက်ပိုင်းအတွင်းမှာ ညီမတို့ သုံးယောက်စလုံး     ထူးထူးခြားခြား  ဖျားတာ၊ ကိုက်တာ၊  ခဲတာ၊  အနံ့ပျောက်တာ   မရှိဘူး။  Quarantine စင်တာမှာနေတုန်း အဓိကက ပြင်ပ ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိအောင် နေခိုင်း ပါတယ်။ 


Social Media သုံးတာ စိတ်ဖိစီးမှုများစေ


ကျွန်မတွေ့ရသလောက် Quarantine စင်တာ ကို ဝင်လာတဲ့သူတွေထဲမှာ အသက်ကြီးပိုင်းတွေ များတယ်။ ထူးထူးခြားခြား ရောဂါခံစားရတာတွေကို မတွေ့ရဘူး။ Quarantine ဝင်တုန်းက နေ့စဉ် ရေနွေးငွေ့ရှူတယ်။ ဆားရည်နဲ့ပလုတ်ကျင်းတယ်။ ကြက်သွန်နီ၊   ကြက်သွန်ဖြူကို  ထမင်းစားတိုင်း တို့စရာအနေနဲ့စားဖြစ်တယ်။  မနက်တိုင်း လမ်း အနည်းငယ်လျှောက်တယ်။ နေပူဆာလှုံတယ်။ အဲဒီ ၁၁ ရက်အတွင်းမှာ အောက်ဆီဂျင်ကျလာသလိုမျိုး တော့ ခံစားရတယ်။ စင်တာမှာနေတုန်း Facebook သုံးတာ၊ Social Media သုံးတာတွေက ကိုယ့်အတွက် စိတ်ဖိစီးမှုများစေခဲ့တယ်။ လိုင်းပေါ်မှာ ဟိုနေရာ၊ ဒီနေရာမှာတော့   ကိုဗစ်ဖြစ်လို့ ဆုံးပြီ၊ ဆေးရုံ တင်လိုက်ရပြီဆိုပြီး မြင်ရလို့ရှိရင် အောက်ဆီဂျင် ကျပြီး စိတ်မကောင်းဖြစ်ရတယ်။ အဲဒီနောက်ပိုင်း Facebook ၊  Social Media ကိုမသုံးတော့မှ အဆင် ပြေသွားတယ်။ 


Quarantine စင်တာမှာ ၁၁ ရက်  နေခဲ့ပြီး နောက် Home Quarantine ၁၀ ရက်ကို အဆောင် မှာ ထပ်နေရတယ်။ အဆောင်နေစဉ်မှာလည်း ပြင်ပ လူတွေနဲ့ ထိတွေ့မှုမရှိအောင်နေရမယ်၊ ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ    နေရမယ်ဆိုပြီး ညွှန်ကြားထားပါတယ်။   စုစုပေါင်း  ၂၁ ရက် Quarantine နေရပါတယ်။ 
ကျန်းမာရေးကောင်းပြီး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံထားတဲ့အတွက် ကိုဗစ်ဖြစ်တယ်  ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ဘူး။ ဘာကြောင့် ဆို   ကျွန်မက  ဘာလက္ခဏာမှမပြပါဘူး။ အနံ့ ပျောက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေနဲ့ တခြား ကိုဗစ်နဲ့ပတ်သက်တဲ့လက္ခဏာ  ဘာမှမပြပါဘူး။ ဒါပေမဲ့   ကိုဗစ်ပိုးတွေ့တဲ့နေ့မှာ  အောက်ဆီဂျင် ကျသလိုတော့    ခံစားခဲ့ရတယ်။  အဲဒါကလည်း ခဏပါပဲ။ ရေနွေးငွေ့ရှူလိုက်တော့ ပြန်ကောင်းသွား ပါတယ်။ 
ကိုဗစ်ပျောက်ကင်းလို့ အခု တစ်လလောက် အကြာမှာ    ခုရက်ပိုင်း    ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကို ခံစား နေရတာရှိတယ်။ အခု နှစ်ရက်၊ သုံးရက် လောက်ရှိပြီ အောက်ဆီဂျင်ကျတာ။  အဲဒါနဲ့ အွန်လိုင်းပေါ်နဲ့ ဆရာဝန်တွေ ညွှန်ကြားထားတဲ့အတိုင်း မှောက်နေ တော့   အောက်ဆီဂျင်က   ပြန်တက်လာတယ်။ လှဲနေတာ၊     ပက်လက်အနေအထား    နေလို့ရှိရင် အောက်ဆီဂျင်ကကျတယ်။  အဲဒါ ဆေးခန်းသွား ဆရာဝန်နဲ့တိုင်ပင် အဆုတ်ကို ဓာတ်မှန်ရိုက်ပြီး အားဆေးတွေသောက်ဖို့ စီစဉ်ထားပါတယ်။


ကာကွယ်ဆေးကတော့ ထိုးထားသင့်တယ်။ အစတုန်းကဆို ကိုယ့်အနီးအနားမှာ ဆေးထိုးပေး နေပေမယ့် မထိုးဖြစ်ကြဘူး။ ခုကျတော့ အသိတရား ရပြီး   ကာကွယ်ဆေးသွားထိုးနှံကြတဲ့သူတွေကို ပတ်ဝန်းကျင်မှာ တော်တော်များများတွေ့တယ်။ ကျွန်မလည်း   နှစ်ကြိမ်စလုံး  ဆေးထိုးနှံထားတဲ့ အတွက် Positive တွေ့ချိန်မှာ ဘယ်လိုလက္ခဏာ မျိုးမှ   ထွေထွေထူးထူးမပြဘူး။  ကိုဗစ်ဖြစ်တယ် ဆိုပေမယ့် ရောဂါလက္ခဏာ မခံစားရဘူးဆိုတော့ ကာကွယ်ဆေးကို အကုန်လုံးထိုးသင့်တယ်။      

    
ဦးအောင်အောင်(ကျန်းမာရေးဝန်ထမ်း)


ကိုဗစ်ကာကွယ်ဆေးထိုးထားတာ   သုံးလ လောက်ရှိပြီ။ ကိုဗစ်-၁၉ ကူးစက်တဲ့ လက္ခဏာက နောက်ကျောတွေ  တစ်ခုလုံး ညောင်းကိုက်လာ တယ်။ နှစ်ရက်လောက်ကြာတော့ အဖျားငွေ့ငွေ့နဲ့ အနံ့ပျောက်သွားတယ်။   သုံးရက်မြောက်နေ့မှာ အဖျားတက်တော့ လယ်ဝေးခုတင် ၁၀၀ ဆေးရုံကို သွားပြီး ကိုဗစ်စစ်လိုက်တော့ Positive ဖြစ်နေ တယ်။ အဲဒါနဲ့ Quarantine Center ကို သွားရတယ်။ ကျွန်တော်က ကျန်းမာရေးဝန်ထမ်းဆိုတော့ ကိုဗစ် တွေ့လည်း သိပ်ပြီးမကြောက်ခဲ့ဘူး။ Quarantine Center မှာလည်း အလိုလိုနေရင် နုံးနေခဲ့တယ်။ ချွေးထွက်များတော့    ဓာတ်ဆားရည်သောက်ခဲ့ တယ်။ စီဗစ်ဆေးကိုတော့ တစ်နေ့ သုံးကြိမ်သောက် ခဲ့တယ်။   စင်တာထဲ  လမ်းတွေလျှောက်တယ်။ တတ်နိုင်သလောက်   လေ့ကျင့်ခန်းလုပ်ခဲ့တယ်။ ငြိမ်ငြိမ်နေတာကတော့ မကောင်းဘူး။ ကျွန်တော် ထင်တာက ကိုဗစ်ကာကွယ်ဆေး   ထိုးထားတဲ့အတွက် ရောဂါဖြစ်ပွားမှုကို ခံနိုင်တယ်လို့မြင်ပါတယ်။


ကိုဗစ်နဲ့ပတ်သက်လို့  ကာကွယ်ဆေးထိုးထား တာက အကောင်းဆုံးပါ။  ကိုဗစ်ကာကွယ်ဆေး မထိုးနှံဖြစ်သေးတဲ့သူတွေလို အောက်ဆီဂျင်ကျပြီး အသက်ဆုံးပါးရတဲ့အထိ    မဖြစ်တော့ဘူးပေါ့။ ကိုယ်တွေ့ကြုံတွေ့ခဲ့ရတော့      ကာကွယ်ဆေး ထိုးထားတာက  ရောဂါကိုကာကွယ်ပေးနိုင်တယ် ဆိုတာကို ယုံကြည်ပါတယ်။ ကာကွယ်ဆေးထိုးနှံ ထားမယ်၊   အောက်ဆီဂျင်မကျခင်   ဆေးရုံကို အရောက်လာမယ်ဆိုရင် အသက်ဆုံးရှုံးရတဲ့အထိ မဖြစ်တော့ဘူးပေါ့။  ကာကွယ်ခြင်းက ကုသခြင်း ထက်   ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်း လူတိုင်းကာကွယ်ဆေး ထိုးနှံစေချင်ပါတယ်။  


ဒေါ်ယဉ်ယဉ်ထွေး(ဌာနဆိုင်ရာဝန်ထမ်း)


ကာကွယ်ဆေးက နှစ်ကြိမ်  ထိုးနှံပြီးပါပြီ။ ဇူလိုင် ၆ ရက်မှာ အဝတ်တွေလျှော်တော့ အအေး မိပြီး နှာတွေမွှန်တယ်။ ဇူလိုင် ၇ ရက်အထိ ရုံးတက် ခဲ့သေးတယ်။ ၈ ရက်နေ့မှာ အနံ့စပျောက်တယ်။ ၁၂ ရက်နေ့မှာ ဆေးဆိုင်ကနေ Test Kit ဝယ်ပြီး စစ်လိုက်သေးတယ်။     ဒါပေမဲ့   မသေချာတော့ ၁၄ ရက်နေ့မှာ ပျဉ်းမနားမြို့ ခုတင် ၂၀၀ ကို ကိုဗစ် သွားစစ်တော့ Positive တွေ့တယ်။ Positive စတွေ့တော့ ငိုမိတယ်။ ကိုဗစ်ကူးစက်တာ ဘယ်က ကူးတာမှန်း တွေးမရဘူး။ အပြင်လည်းမသွားဘူး။ ရုံးနဲ့အိမ်ပဲသွားလာနေရာကနေ ကူးစက်ခံခဲ့ရတာပါ။ ပတ်ဝန်းကျင်နဲ့ ရုံးမှာလည်း ကိုဗစ်ကူးစက်တဲ့သူ မရှိဘူး။   အဲဒီအတောအတွင်းမှာ ချောင်းလည်း မဆိုးဘူး၊ ကိုယ်လည်းမပူဘူး။ ဖျားလည်းမဖျားဘူး။ ရင်လည်းမကျပ်ဘူး။  ဘာမှမဖြစ်ဘဲ အနံ့ပျောက် သွားပြီး ကူးစက်ခံခဲ့ရတာ။  
ကျွန်မမှာ   ကလေးက နှစ်ယောက်ရှိတယ်။ အမျိုးသားကလည်း အနီးအနားမရှိတော့ စိတ်လှုပ် ရှားတာတော့ရှိတယ်။ ဆေးရုံရောက်သွားတော့ သူလို၊ ကိုယ်လို လူနာတွေတွေ့တယ်။ ကိုဗစ်ရောဂါ ကြောင့် အသက်ဆုံးရှုံးတဲ့သူတွေလည်း တွေ့တယ်။ စိတ်မကောင်းဖြစ်လိုက်၊ ကိုယ့်ကိုယ်ကိုယ် အားပေး လိုက်နဲ့ Quarantine ၁၁ ရက်နေခဲ့ရတယ်။ အားငယ် စိတ်၊  စိုးရိမ်စိတ်တော့ရှိတယ်။  Quarantine ဝင်တော့ အခန်းတစ်ခုတည်း သုံးယောက်နေရတယ်။ ကျွန်မနဲ့  ကျန်တစ်ဦးက   ကာကွယ်ဆေးထိုးထားတယ်။     ကာကွယ်ဆေးထိုးထားတဲ့   တစ်ယောက်ဆိုရင် အနံ့တောင်မပျောက်ခဲ့ဘူး။    ကာကွယ်ဆေး မထိုး သေးတဲ့ တစ်ယောက်ကတော့ အသက်ရှူကျပ်တယ်၊ မောတယ်၊   တစ်ညလုံး မအိပ်ရဘူး၊ ချောင်းတွေ ဆိုးတာ။ အဲဒီတစ်ယောက်ဆို ဆေးမထိုးထားတော့ တစ်ခုခုဖြစ်သွားမှာတောင် စိုးရိမ်ခဲ့တယ်။  သူလည်း ပဲ  ပြန်ကောင်းလာတာ တွေ့ရတယ်။


ဆေးနှစ်ကြိမ်ထိုးထားတဲ့အတွက် ရောဂါကို ခံနိုင်ရည်ရှိတယ်လို့ ယုံတယ်။ Quarantine ဝင်နေ ချိန်မှာ ၁၁ ရက်လုံး ဖုန်းထဲကနေ ဘုရားစာတွေ ဖွင့်ပြီး အိပ်ခဲ့တယ်။ ၁၇ ရက်နေ့မှာ အနံ့ပြန်ရတယ်။ ဇူလိုင် ၂၀ ရက်နေ့ တစ်ရက်ပဲ တစ်ညလုံးအိပ်မပျော် ဘဲ ရင်တွေတုန်၊ အသက်ရှူကျပ်သလို ခံစားလိုက်ရ တယ်။ စိတ်လှုပ်ရှားတာလည်းပါမယ်။  ပျဉ်းမနား ခုတင် ၂၀၀ ဆေးရုံမှာတော့ အစားအသောက်၊ ဆေးဝါးကအစ   အလှူရှင်တွေ ကျွေးမွေးတာနဲ့ အတော်ကောင်းပါတယ်။ ကျွန်မဆို ငွေလုံးဝမကုန်ခဲ့ ဘူး။ ရောဂါဖြစ်ပြီး ထမင်းသိပ်မစားနိုင်တော့ဘူး။ မဖြစ်ခင်တုန်းကတော့   ထမင်းအစားများတယ်။ ပင်ပင်ပန်းပန်းအလုပ်တွေ  မလုပ်ဖြစ်ဘူး။ အခု အချိန်ထိတော့ ဆင်ဆင်ခြင်ခြင်နေပါတယ်။ 


ဦးမိုးမင်းထွန်း(ကျန်းမာရေးဝန်ထမ်း)
ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာ တစ်လခွဲလောက် ရှိပါပြီ။   စသိတာက  ဖျားတယ်၊  ဖျားပြီး နှစ်ရက် လောက်နေတော့ အနံ့စပျောက်တယ်။ အဲဒီတော့ ဆေးရုံသွားစစ်တော့ ကိုဗစ်ပိုးတွေ့တယ်။ Positive တွေ့တာနဲ့ Quarantine Centre ကို တန်းပို့တယ်။ Quarantine Centre မှာ ၁၁ ရက်နေခဲ့ရတယ်။ အဲဒီ ၁၁ ရက်အတွင်း ရောဂါ ပြင်းပြင်းထန်ထန် မခံစားလိုက်ရဘူး။ ဒါကလည်း ကိုဗစ်ကာကွယ် ဆေးထိုးထားတဲ့အတွက်ကြောင့်လို့ ယုံကြည်တယ်။ စင်တာမှာ    ကိုဗစ်ကာကွယ်ဆေး   မထိုးနှံဘဲ ရောက်လာတဲ့သူတွေကို  တွေ့ခဲ့တယ်။  သူတို့ကို ကြည့်ရတာ အမောဖောက်တာများတယ်၊ ရောဂါ ခံနိုင်ရည်သိပ်မရှိဘူး။   ရောဂါကူးစက်တာချင်း အတူတူ ကိုယ့်ထက်ပိုဆိုးတာကို သတိထားမိပါ တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားတာ ခုခံအား ပိုကောင်းမယ်၊ ခုခံနိုင်စွမ်း ပိုကောင်းမယ်။ ဆေးထိုး ထားရင် ကိုဗစ်ကူးစက်ရင်တောင်မှ ရောဂါလက္ခဏာ တွေကို သိပ်မပြဘဲ ခုခံနိုင်တယ်။

တွေ့ဆုံမေးမြန်း - ဟန်မင်း
ဓာတ်ပုံ - မျိုးထက်