ကိုဗစ်ကာလအလွန်တွင် ခရီးသွားနေရာတစ်ခုဖြစ်လာမည့် ပုပ္ပားတောင်ပတ်လည်ခရီးစဉ်

Type
1

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)
 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးစဉ်ဒေသငါးခုအပြင် သဘာဝအလှတရားများကို လေ့လာ လိုသူများအတွက် နောက်ထပ်ခရီးစဉ်သစ်အဖြစ် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီးခရီးစဉ်ကိုလည်း တောတွင်းစွန့်စားခရီးစဉ်တစ်ခုအဖြစ် ရပ်ရွာအခြေပြု   ခရီးသွားလုပ်ငန်းအနေဖြင့်  ဖော်ဆောင်ထားရှိကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။


ညောင်ဦးမြို့နှင့် မိုင် ၃၀ ခန့်ဝေးကွာ သည့်    ကျောက်ပန်းတောင်းမြို့နယ်မှ ပုပ္ပားတောင်မကြီးခရီးစဉ်ကို  စတင်ရန် ပုပ္ပားတောင်မကြီး   တောင်ဘက်ခြမ်းရှိ ကျောက်ပန်းတောင်းမြို့မှ  မိတ္ထီလာမြို့ အထွက် ခုနစ်မိုင်ခန့်အကွာမှ စတင် ဝင်ရောက်ရပြီး လဲဂွရွာ၊    လက်ပံအိုင့်ရွာ သို့     စတင်ရောက်ရှိမည်ဖြစ်သည်။  လဲဂွရွာ၊ လက်ပံအိုင့်ရွာသို့ မရောက်မီ မကျည်းတိုင်းအုပ်စု        ပြည့်ဝရွာ မြောက်ဘက်  မတ်တစ်ထောင်    (ငရံ့ တောင်တန်း)   တွင် တည်ထားကိုးကွယ် ထားသည့်  မဟာဗုဒ္ဓငါးထောင်၊   မဟာ ဗောဓိငါးထောင်ကို ဝင်ရောက်လေ့လာ ဖူးမြော်နိုင်သည်။


မဟာဗောဓိငါးထောင်၏        အရှေ့ ဘက်တွင်    မြန်မာပြည်တွင်  ပထမဆုံး တည်ဆောက်ခဲ့သည့်   ကြက်မောက် တောင်ဆည်အတွင်း လက်လှော်လှေဖြင့် လှည့်လည်၍        ဆည်ပတ်ဝန်းကျင် ဒေသများ၊ ရုရှားနိုင်ငံ အင်ဂျင်နီယာများ တည်ဆောက်ထားခဲ့သည့် ကျောက်ထက်  အက္ခရာမော်ကွန်းနှင့်   ကြက်မောက် တောင်ဆည်      နယ်နိမိတ်သတ်မှတ် ရေမှတ်တိုင်များ စိုက်ထူထားသည်များကို လေ့လာနိုင်သည်။ 


ကြက်မောက်တောင်ဆည်မှတစ်ဆင့် သုံးဖာလုံခန့်ကွာဝေးသည့်  လဲဂွရွာထိပ်ရှိ ရွှေနတ်တောင်   စေတီတော်ကိုလည်း ဖူးမြော်နိုင်သကဲ့သို့      ရှေးသက်ကြီး ဘိုးဘွားများ၏      ပြောကြားချက်အရ   ရွှေနတ်တောင်စေတီသည်      ရွှေဖျင်း ညီနောင်ညီအစ်ကိုနှစ်ဦး    လာရောက်ဖူးမြော်သည့်စေတီတော်ဖြစ်ကြောင်း လည်း သိရသည်။


လဲဂွရွာ၏ အနောက်ဘက် သုံးဖာလုံ ခန့်အကွာတွင်   ငွေတွင်းတောင်စေတီ ကုန်းရှိ ငွေတွင်းတောင်စေတီနှင့် ဘုရား များ၊ လဲဂွရွာ၊ လက်ပံအိုင့်ရွာ၏ မြောက် ဘက်နှင့်      အရှေ့မြောက်ဘက်တွင် သဘာဝအတိုင်းဖြစ်တည်နေသည့် ဂဲမိုး အိုင်၊ ဂဲတစ်လုံးဆို့အိုင်၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်၊ လက်ငါးချောင်းအိုင်ခေါ် ငါးကြင်းပုံအိုင်ကြီးများကို   သဘာဝ အတိုင်း ရေအပြည့်ဖြင့် တွေ့မြင်နိုင်ပြီး အနောက်ဘက်အခြေတွင် ကျောက်သားမိုးမျှော်လျှိုရိုးကြီးအတွင်းသို့   အေးမြ ကြည်လင်သည့်ရေများကိုဖြတ်ပြီး  ဝင် ရောက်လေ့လာနိုင်မည်ဖြစ်သည်။


ထိုအရပ်ဒေသအခေါ် ဂဲမိုးအိုင်သည် သဘာဝလေးထောင့်  ကန်နက်ကြီးပေါ် ကျောက်ဆိုင်ကြီးမိုးနေကာ   လဲဂွနှင့် လက်ပံအိုင့်ရွာမှ နွားကျောင်းသား၊ဆိတ် ကျောင်းသားများသည် အဆိုပါ အမိုးကြီး ပေါ်မှ ခုန်ချရေချိုးကြသည်။ ဗျောဗျောကျ ရေအိုင်သည်      ရေတံခွန်အသေးစား သဖွယ်ဖြစ်နေပြီး လိုဏ်ထဲသို့ ရေစီးကျသံ တဗျောဗျော ကြားနေရခြင်းကြောင့်ခေါ် ကြခြင်း ဖြစ်သည်။ ဂဲတစ်လုံးစို့အိုင်သည် ကျောက်နံရံနှစ်ခုကြား    ကြီးမားသည့် ခဲလုံးကြီးစို့နေပြီး ထိုကြီးမားသည့် ခဲလုံး ကြီးအောက်ရှိ   ရေအိုင်ကို   ဂဲတစ်လုံး စို့အိုင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ လက်ငါး ချောင်းအိုင်သည် ကျောက်နံရံတွင် လက် ငါးချောင်းပုံထွက်နေခြင်း(ငါးကြင်းခန္ဓာကိုယ်)နှင့် တူခြင်းကြောင့်   ခေါ်ဝေါ်ခြင်း ဖြစ်ပြီး   စကောဝိုင်းအိုင်မှာ   သဘာဝ အတိုင်း    ဝိုင်းဝိုင်းစက်စက်ဖြစ်နေခြင်း ကြောင့်  စကောဝိုင်းအိုင်ဟုခေါ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့်  ပုပ္ပားတောင်မ ကြီးတောင်ဘက်ခြမ်း သဘာဝတောတွင်း စွန့်စားခရီးစဉ်ကို   ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန   (ပုဂံရုံးခွဲ) မှ သင်တန်းပို့ချထားသည့်    ကျွမ်းကျင် လမ်းပြများက  မိမိတို့သွားလိုသည့်ခရီးစဉ်အတိုင်း လိုက်ပို့ကြမည်ဖြစ်သည်။


လျှိုမြောင်ခရီးစဉ်       သွားလိုပါက လျှိုမြောင်အတိုင်း   ထန်းလယ်ချောင်း၊ ထောင့်မုံးပင်အိုင့်၊    လက်တန်းပင်အိုင့်၊ ကြိုပင်လယ်ကျင်းအိုင့်၊   လိပ်သည်းပင် အိုင့်၊ ငါးပေါအိုင့်၊ ဇရစ်ပွက်အိုင်၊ ပေါက်ပင် လယ်ကျင်းအိုင့်များအတိုင်း   သဘာဝ တောတောင်ရေမြေများကို     သဘာဝ အတိုင်း လေ့လာနိုင်မည်ဖြစ်သည်။ 


ပုပ္ပားတောင်မကြီး တောင်ဘက်ခြမ်း သည် သဘာဝပေါက်ပင်များ ပေါကြွယ်ဝ စွာကျန်ရှိနေသေးသော ဧရိယာအလွန် ကျယ်သည့် တစ်ခုတည်းသော သဘာဝ တောကြီးဖြစ်ကာ   ခရီးစဉ်ဒေသဖော် ဆောင်ခြင်းဖြင့်   ဒေသခံများ   အလုပ် အကိုင်အခွင့်အလမ်းရရှိပြီး သစ်တော ပြုန်းတီးမှုကိုလည်း   လျှော့ချပေးရာ ရောက်မည်ဖြစ်သည်။ 


သဘာဝရေထွက်များကို လေ့လာလို ပါကလည်း ကြို့ချောင်းရေထွက်၊ ငဝစမ်း ရေထွက်ကြီးများ ရှိနေသေးပြီး အဆိုပါ ရေထွက်ကြီးနှစ်ခုမှ ကျောက်ပန်းတောင်း မြို့ပေါ်နှင့် ဆည်ပေါက်စိုက်ပျိုးရေးခြံသို့ ရေပေးဝေနေသည်ကို လေ့လာနိုင်သကဲ့သို့ ရေထွက်ငယ်များဖြစ်သည့်  ဩဇာတော ရေထွက်၊ ဇရစ်ပွက်ရေထွက်နှင့် ငါးပေါ အိုင့်ရေထွက်များကိုလည်း လေ့လာနိုင် မည်ဖြစ်သည်။  ပုပ္ပားတောင်မကြီးမှ ထွက်ရှိသည့် ရေထွက်များကို ဒေသခံများ လယ်ယာမြေလုပ်ကိုင် စားသောက်ခဲ့ရာမှ နှစ်ကာလကြာလာသည့်အခါ သဘာဝ ဂေဟစနစ်များ    ပျက်ယွင်းလာခြင်း ကြောင့် လယ်ယာမြေလုပ်ကိုင်မရတော့ သည့်  ထန်းလယ်အိုင့်၊  ပေါက်ပင်အိုင့်၊ ထန်းလယ်ချောင်း၊ ကြို့ပင်လယ်ကျင်း များ စသည်တို့ကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။


ပုပ္ပားတောင်မကြီး  ပတ်လည်တွင် သစ်ခွမျိုးစုံ အမျိုးပေါင်း ၅၀ ကျော်ရှိနေ ပြီး     ဖယောင်းသစ်ခွ၊    မိုးလုံးမှိုင်း၊ စာကလေးဂေါင်းနီ၊    လိပ်ပြာသစ်ခွများ သည်    ဒေသမျိုးရင်းသစ်ခွများအဖြစ် နာမည်ကြီးကြောင်း၊  ရေထွက်များ ပတ်ဝန်းကျင်တွင်လည်း       လိပ်ပြာ မျိုးစိတ်များ အလွန်ပေါများသည့်အတွက် သတ္တဗေဒကျောင်းသား ကျောင်းသူများ အပါအဝင်  လေ့လာလိုသူများအတွက် သွားရောက်သင့်သည့်    ခရီးစဉ်ဒေသဖြစ် ကြောင်း၊   ပုပ္ပားတောင်မကြီးထိပ်မှ မြောက်ဘက်အခြေ ချွန်းမချောက်ကြီးထဲ တွင် ပုပ္ပားမျိုးစိတ်သစ် မျောက်မြီးရှည်ကို လည်း  ပုပ္ပားတောင်မကြီး  ဘေးမဲ့တော ဥယျာဉ်မှ ခွင့်ပြုချက်ဖြင့် လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။


ပုဂံဒေသမှ    ယခင်ရှိပြီးခရီးစဉ်များ ဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် မှတစ်ဆင့်   ကျောက်မျက်မော်ဘုရား၊ သဲပြင်တောကျေးရွာရှိ   ရွှေနတ်တောင် စေတီနှင့်     ရှုခင်းကြည့်စေတီကုန်း၊ သက်စိုးတောင်ပေါ်ရှိ   ကျောက်ရေကန်၊ ဇီးအိုကျေးရွာရှိ     မန်ကျည်းကိုးခွနှင့် အင်ကြင်းတော၊ ငါ့သရောက်မြို့ စက်စက် ယိုကျေးရွာမှ  သျှောင်ပေစူးကျေးရွာနှင့် ပလင်းကမ်းသာယာဆင်စခန်းတို့အပြင် ကျောက်ပန်းတောင်းမြို့နယ်    ပုပ္ပား တောင်မကြီးတောင်ဘက်ခြမ်း  ခရီးစဉ် ကိုလည်း ခရီးစဉ်သစ်တစ်ခုအဖြစ် စတင် ဖော်ဆောင်နေပြီဖြစ်ရာ  ကိုဗစ်ကာလ အလွန်တွင်   ရပ်ရွာအခြေပြု   သဘာဝ အခြေခံ      တောတွင်းခရီးစဉ်များကို သွားရောက်နိုင်တော့မည်   ဖြစ်ကြောင်း ဟိုတယ်နှင့်   ခရီးသွားညွှန်ကြားမှုဦးစီး  ဌာန ပုဂံရုံးခွဲမှ ဦးမျိုးမင်းအောင်(လက်ထောက်ညွှန်ကြားရေးမှူး)က ရှင်းပြ သည်။ လက်ရှိအချိန်တွင် အဆိုပါခရီးစဉ် အတွက်  ပုပ္ပားတောင်မကြီးပတ်လည်တစ်ခုလုံးမှ    ခရီးစဉ်ပြဒေသခံများကို လည်း      သင်တန်းများပေးထားပြီဖြစ် ကြောင်း သိရသည်။     ။