ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုနှင့် အိမ်ခြေရာမဲ့ဦးရေ များပြားလာသော ဆော်ပိုလိုမြို့

Type
333333

 

 

နှင်းမိုးအိမ်

 

ခါးသီးသည့်အချိန်များနှင့် ရင်ဆိုင်ရ
 ဘရာဇီးနိုင်ငံ စီးပွားရေးမြို့တော်ဖြစ်သည့် ဆော်ပိုလိုမြို့တွင် ဆင်းရဲသည့် လူဦးရေ အရေအတွက်များပြားလာသည်။ အခြားသော ဆင်းရဲသားများကဲ့သို့ပင် မိုနီကာမှာလည်း ကိုဗစ် -၁၉ ကပ်ရောဂါ ကာလအတွင်း ခါးသီးသည့်အချိန်များနှင့် ရင်ဆိုင်ခဲ့ရသည်။ 
အိမ်ဆက်ငှားရမည်လား၊  ကလေးများကို    အစာဝဝလင်လင် ကျွေးရမည်လားဆိုသည့် ရွေးချယ်မှုက သူ့ကိုဖိအားပေးလျက်ရှိသည်။ အကယ်၍ အိမ်ငှားနေထိုင်ရန်အတွက်  ပိုက်ဆံများ  သုံးလိုက်လျှင် အစာအိမ်ကို  ဟောင်းလောင်းထားရတော့မည့်   အနေအထားဟု ၎င်းက ပြောသည်။
အိမ်ငှားရမ်းခများဈေးကြီးလာ 
မိုနီကာမှာ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများကို စုဆောင်း ရင်းဖြင့် ၎င်း၏တစ်နေ့တာအချိန်ကို ကုန်ဆုံးသည်။ ၎င်း၏  တစ်နေ့ ဝင်ငွေက  အမေရိကန်ဒေါ်လာ ၄ ဒေါ်လာမှ  ၆ ဒေါ်လာကြားတွင် ရှိသည်။ ကပ်ရောဂါကာလအတွင်း  အလုပ်လက်မဲ့ဦးရေ တိုးလာခြင်း၊ ကုန်ဈေးနှုန်းကြီးလာခြင်းနှင့် အထူးသဖြင့်  အိမ်ရာငှားရမ်းခများ ဈေးကြီးလာသည့်အတွက် မိုနီကာကဲ့သို့ပင် အခြားသောလူများစွာ မှာ လမ်းပေါ်၌ နေထိုင်ရသည့်ဘဝဖြစ်လာကြသည်။
လမ်းပေါ်တွင် နေထိုင်ကြသည့် လူဦးရေမှာ ယခုတစ်ကြိမ်လောက် များပြားခဲ့ခြင်း မကြုံဖူးဘူးဟု ဆော်ပိုလိုတက္ကသိုလ်မှ လူ့အခွင့်အရေး နှင့်   ဆေးဘက်ဆိုင်ရာ   တာဝန်ရှိသူ  ကယ်ဆနီမက်ဒီရိုဖင်နိုက ပြောသည်။ 
အိမ်မှဆင်းပေးရမည့်အနေအထားရှိ 
အလုပ်အကိုင်ဆုံးရှုံးပြီး အခြားရွေးချယ်စရာမရှိပါက လမ်းပေါ် တွင်နေထိုင်ခြင်းမှာ ရွေးချယ်စရာတစ်ခုဖြစ်လာသည်။ ဘရာဇီးသမ္မတ ဂျာဘော်ဆွန်နာရိုအစိုးရအဖွဲ့သည် ယခုနှစ်အတွင်း ဆင်းရဲသည့်သူ များကိုပေးသည့် ကိုဗစ်-၁၉ အရေးပေါ်ထောက်ပံ့ကြေးကို ဘရာဇီး ငွေကြေး ၆၀၀မှ ၁၅၀ အထိလျှော့ချခဲ့သည်။
ဘရာဇီးနိုင်ငံတစ်လွှား၂၀၂၀ပြည့်နှစ် မတ်လမှ ၂၀၂၁ခုနှစ် ဇွန်လအထိ မိသားစုပေါင်း ၁၄၃၀၀ မှာ နေအိမ်မှ ဖယ်ရှားခံခဲ့ရသည်။ နောက်ထပ်လူပေါင်း ၈၅၀၀၀ မှာလည်း  နေအိမ်မှ  ဖယ်ရှားခံရမည့် အရေးနှင့်  ရင်ဆိုင်နေရသည်။ ဆော်ပိုလိုမြို့တစ်မြို့တည်းတွင်ပင် လူပေါင်း ၄၀၀၀ နီးပါးမှာ နေအိမ်မှ ဖယ်ရှားခံရပြီး  လူပေါင်း ၃၄၀၀၀ မှာလည်း မကြာမီနေအိမ်မှ ဖယ်ရှားခံရမည့်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင် နေရသည်။ 
ဆော်ပိုလိုတွင် ယခုလို  အိမ်ခြေရာမဲ့ဦးရေ  များပြားလာမှုမျိုး နှစ် ၃၀ အတွင်း တစ်ခါမျှ မတွေ့ဖူးသေးဟု အမျိုးသားအိမ်ခြေရာမဲ့ လှုပ်ရှားမှုအဖွဲ့အစည်းမှ  အန်ဒရာဆွန်လိုပက်စ်က ပြောသည်။
အလုပ်အကိုင်ဆုံးရှုံးသွားသည့် သက်ကြီးရွယ်အိုများနှင့်  အလုပ် သမားများမှာ အိမ်ခြေရာမဲ့အဖြစ်  လမ်းပေါ်တွင်  အဆုံးသတ်ရသည်ကို တွေ့မြင်နေကျဖြစ်သည်။ ယခုအခါတွင်မူ မိသားစုလိုက် အမျိုးသမီး များပါ အိမ်ခြေရာမဲ့ဖြစ်လာရသည်ကို တွေ့မြင်လာရသည်ဟု ၎င်းက ဆက်ပြောသည်။ 
လျှော့ပေါ့တွက်ချက်ထား 
နောက်ဆုံးကောက်ယူထားသည့် သန်းခေါင်စာရင်းအရ ဆော်ပိုလို မြို့တွင် အိမ်ခြေရာမဲ့လူဦးရေမှာ ၂၀၁၉ ခုနှစ်တွင် ၂၄၃၄၄  ဦးရှိပြီး ၎င်းတို့ထဲမှ ၈၅ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြသည်။ 
ယင်းပမာဏမှာလျှော့ပေါ့တွက်ချက်ထားသည့်ခန့်မှန်းချက်သာ ဖြစ်သည်ဟု အိမ်ခြေရာမဲ့အဖွဲ့အစည်းများက ပြောသည်။ ရင်ပြင်တွင် အတူနေထိုင်သည့် အိမ်နီးနားချင်းထံမှ ငှားရမ်းထားသော မွေ့ရာပေါ် တွင်  မိုနီကာနှင့်သမီးသုံးယောက်အတူနေထိုင်ရသည်။ 
ကြောက်ရွံ့ရ 
ပုံမှန်ဘဝတွင်နေထိုင်ရန် ကြိုးပမ်းနေသော်လည်း မနက်လင်း၍ လူများဝိုင်းကြည့်နေလျှင် အဆင်မပြေကြောင်း ၎င်းက ပြောသည်။ ၎င်း အကြောက်ရဆုံးမှာ ဖျားနာပြီး သမီးများကို စောင့်ရှောက်ခြင်းမပြု နိုင်တော့မည်ကိုပင်ဖြစ်ကြောင်း  ၎င်းကပြောသည်။ ယခုအချိန်တွင် လည်း အလုပ်ကြိုးစားနေပြီး  အခက်အခဲများကို  ကျော်ဖြတ်နိုင်ရေး ကြိုးစားနေသည်ဟု ဆက်ပြောသည်။ 
အိမ်ခြေရာမဲ့များအတွက်  ပေးထားသည့်   ခိုလှုံရာနေရာများ သို့မသွားလိုကြောင်း၊ အဆိုပါနေရာများတွင် မူးယစ်ဆေးစွဲသူများနှင့် အကြမ်းဖက်မှုများကို ကြောက်ရွံ့ရသည်ဟု ၎င်းက ပြောသည်။ 
နံနက်စာအခမဲ့ကျွေး 
 မိုနီကာတို့နေထိုင်ရာနေရာနှင့် အနည်းငယ်အကွာတွင် ဘုရားရှိခိုး ကျောင်းတစ်ကျောင်းရှိပြီး ယင်းနေရာတွင် ဆင်းရဲသည့်လူပေါင်း ၈၀၀ နီးပါးအတွက် နံနက်စာအခမဲ့ကျွေးသည်ဟု ကြေညာထားသည်။  ယင်းအရေအတွက်မှာ  ကပ်ရောဂါကာလမတိုင်မီကထက် နှစ်ဆ ပိုမိုများပြားသည်။ 
နေ့စဉ်နှင့်အမျှ အမျိုးသား  အမျိုးသမီး၊ ကလေးနှင့် မိသားစုလိုက်  လမ်းပေါ်တွင် နေထိုင်ရသည်မှာ တစ်ဆ တစ်ဆ များပြားလာသည်မှာ  အံ့ဖွယ်ရာပင်ဖြစ်သည်။ 
တိုးမြှင့်ဆောင်ရွက်ပေး 
ဆော်ပိုလိုတွင် ခိုလှုံရာနေရာသစ်  ဖန်တီးပေးထားပြီး   ခုတင် ၂၃၉၃ လုံး ပြင်ဆင်ပေးထားသည်။ အစားအသောက်အခမဲ့ဖြန့်ဝေပေး သည့် ပမာဏကိုလည်း  ၇၅၀၀  မှ ၁၀၀၀၀ အထိ  တိုးမြှင့်ဆောင်ရွက်ပေး ခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ရိုဆာနီဗက်စ်မှာ လက်ရှိတွင် ကိုယ်ဝန် ခုနစ်လရှိနေပြီး   အသက်   နှစ်နှစ်အရွယ်  ကလေးတစ်ဦးလည်း ရှိသည်။ 
၎င်းမှာ လမ်းပေါ်တွင် ဆော့ကစားနေသည့် သားငယ်ကို စောင့် ကြည့်နေသည်။ ရိုဆာနီဗက်စ်  အိမ်ခြေရာမဲ့ဖြစ်နေသည်မှာ သုံးလ ရှိပြီဖြစ်သည်။ ယခု ၎င်းအတွက် အစိုးရိမ်ရဆုံးကိစ္စမှာ ကလေးများ အတွက်ပင်ဖြစ်သည်။
အချိန်သတ်မှတ်ချက် မရှိသေး 
ဘရာဇီးနိုင်ငံတွင်  ဇန်နဝါရီ ၁၇ ရက်မှစတင်ကာ  ကိုဗစ် -၁၉ ကာကွယ်ဆေးအစုလိုက် ထိုးနှံပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ဘူတန်တန် အင်စတီကျုသည် တရုတ်ဆေးကုမ္ပဏီဖြစ်သည့် ဆီနိုဗက် ဘိုင်အိုတက်ချ်နှင့်ပူးပေါင်းကာ ကိုရိုနာဗက်  ကာကွယ်ဆေး ခြောက် သန်းကို တင်သွင်းခဲ့သည်။ လူဦးရေအကုန်လုံးကို မည်သည့်အချိန်တွင် အပြီးအစီး ကာကွယ်ဆေးထိုးပေးမည်ဟူသော အချိန်သတ်မှတ်ချက် မရှိပေ။
ကာကွယ်ဆေးထိုးပြီးသည့်ပမာဏ
 ဆော်ပိုလိုပြည်နယ်အစိုးရနှင့်      ဘရာဇီးအစိုးရအဖွဲ့တို့ကြား နိုင်ငံရေးအငြင်းပွားမှုရှိနေပြီး ကာကွယ်ဆေးထုတ်လုပ်ရာတွင်  ပစ္စည်း ပြတ်တောက်မှုများလည်း ရှိသည်။ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၅ ရက်အထိ လူပေါင်း ၁၂၉ ဒသမ ၆၈သန်းမှာ အနည်းဆုံးတစ်ကြိမ် ကာကွယ်ဆေး ထိုးပေးပြီးဖြစ်သည်။ 
ယင်းပမာဏမှာ လူဦးရေ၏ ၆၁ ရာခိုင်နှုန်းရှိသည်။ နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသည့်  အရေအတွက်မှာ  ၅၆ ဒသမ ၆၂  သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်လျှင် ၂၇ ရာခိုင်နှုန်းရှိသည်။
ကိုးကား - အေအက်ဖ်ပီ