ကိုဗစ်လူနာမဟုတ်တဲ့သူတွေကိုလည်း လက်ခံကုသပေးနေရတဲ့အတွက် လူနာ ၄၀၀ ကျော်လောက်ပဲ လက်ခံကုသပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်

ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်ကုသမှု အပါအဝင် အရေးပေါ်ဆေးဝါးကုသမှုခံယူရန် လိုအပ်သည့်လူနာများကို အချိန်မီ ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန် ဆေးရုံကြီးအား ၂၄ နာရီ ဖွင့်လှစ်ထားပြီး ရောဂါဝေဒနာပြင်းထန်သည့် ကိုဗစ်လူနာများကိုပါ လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးရုံကြီးတွင်    ပြင်ပလူနာများ အပါအဝင်  ရောဂါပြင်းထန်သည့်  ကိုဗစ်လူနာ များအား ဆေးဝါးကုသပေးနေမှုအခြေအနေများ နှင့်ပတ်သက်၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ ကြီးမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာကြည်စိုး နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက် ရပါသည်။ 
မေး ။     ။    မြောက်ဥက္ကလာပ  ပြည်သူ့ဆေးရုံကြီး 
    မှာ  လက်ရှိ  ကိုဗစ်လူနာ  ဘယ်နှဦး  တက်ရောက်ဆေးဝါးကုသမှု   ခံယူနေပါသလဲ။ ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံဆင်းသွား တဲ့ လူနာဘယ်နှဦးလောက် ရှိပါသလဲ။
ဖြေ ။     ။    ကိုဗစ်တတိယလှိုင်းမှာ            မြောက်
    ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ လူနာ ၃၉၈ ဦးအထိ အမြင့်ဆုံးလက်ခံကုသပေးပါတယ်။ လက်ရှိ ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှု ခံယူနေတဲ့ လူနာ ၁၁၄ ဦးရှိပါတယ်။ အမျိုးသားက ၅၂ ဦး၊ အမျိုးသမီးက ၆၂ ဦး ရှိပါတယ်။ 
မေး ။     ။    ကိုဗစ်လူနာတွေကို ဆေးဝါးကုသပေး 
    နေတဲ့     အခြေအနေနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ ။     ။    ကျွန်တော်တို့ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးက ကိုဗစ်ရောဂါ ပြင်းထန်အဆင့်ရှိတဲ့ လူနာတွေကို လက်ခံကုသပေးနေတာ ဖြစ်ပါတယ်။ တတိယလှိုင်းက ပြင်းထန်တဲ့အတွက် ကျွန်တော် တို့လို ဆရာဝန်ကြီးတွေ ပြည့်ပြည့်စုံစုံရှိတဲ့ ဆေးရုံ မှာ ရောဂါပြင်းထန်တဲ့ လူနာတွေပဲ လက်ခံကုသ  ပေးပါတယ်။ ဒါကို ပြည်သူတွေက မသိလိုက်ကြ ဘူး။ သူတို့က ဆေးရုံကိုပဲ လာချင်ကြတာ။ သူတို့ ရဲ့ ခံစားချက်ကို ကျွန်တော်တို့ နားလည်သဘော ပေါက်ပါတယ်။   ကိုဗစ်  ပြင်းထန်တဲ့သူတွေမှာ အောက်ဆီဂျင်    အပြင်းအထန်   လျော့လာတဲ့ သူတွေရှိတယ်။     တခြား သွေးကြောများမှာ သွေးခဲခြင်း၊ အဆုတ်၊ နှလုံး၊ အသည်းတို့ ထိခိုက် ခြင်းလည်းရှိပါတယ်။  ဒီလို ပြင်းထန်လက္ခဏာ ရှိသူတွေကို လက်ခံကုသပေးပါတယ်။
အောက်ဆီဂျင်     ပြင်းထန်အခြေအနေနဲ့ ပတ်သက်ရင်   အစပိုင်းမှာ   လေကိုရှူလို့ရတဲ့ အခြေအနေရှိတယ်။ လေနဲ့ရှူလို့မရရင် အောက်ဆီ ဂျင်ကို ပိုက်နဲ့ တစ်လိုင်းပေးတယ်။ တစ်လိုင်းနဲ့ မရရင် နှစ်လိုင်းပေးတယ်။ အဲဒါမှမရရင် Flow မြင့်တဲ့ စက်နဲ့ပေးတယ်။   အဲဒီလိုမှမရရင်လည်း အသက်ရှူစက် တပ်ပြီးတော့ အဆင့်ဆင့်ပေးသွား တယ်။ ဒါကိုလည်း နောက်ပိုင်းကျတော့ ပြည်သူ လူထုတွေက   သဘောပေါက်လာပြီး   ICU ကို တက်ချင်ကြတယ်။ ICU ရှိတဲ့ နေရာကို သွားချင်ကြ တယ်။ ဒါမျိုးတွေ ဖြစ်လာကြတယ်။
မေး ။    ။    ဆေးရုံမှာ တက်ရောက်ကုသမယ့် ကိုဗစ် 
    လူနာတွေအတွက် ဆရာဝန်၊ သူနာပြု၊ ဆေးဝါးနဲ့  အောက်ဆီဂျင်တွေ  ပြည့်စုံလုံလောက်မှု ရှိပါသလား။
ဖြေ ။    ။    ဆရာဝန်၊ သူနာပြု၊ ဆေးဝါးနဲ့ အောက်ဆီ
    ဂျင်တွေ ပြည့်စုံလုံလောက်မှု မရှိပါဘူး။ ဖေဖော်ဝါရီလကစပြီး ဆေးရုံမှာရှိတဲ့ ဝန်ထမ်းတွေ လျော့ပါးသွားခဲ့တယ်။ ကြိုးစားပြီး ဝန်ထမ်းတွေကို ပြန်စုစည်းရတယ်။   နောက်ပြန်ဝင်လာကြတယ်။ အရင်တုန်းက  လူနာဦးရေ ၁၃၀၀ ကျော်လောက် အထိ ကုသပေးနိုင်ခဲ့ပါတယ်။   အခု ပြန်ကြိုးစားပြီး   စုစည်းတဲ့အခါမှာ   လူနာ   ၄၀၀ ကျော်လောက်ကို ပြန်ကုသပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဆေးရုံက ပထမပိုင်းတုန်းက ပုံမှန်လူနာတွေကိုပဲ ကုသပေး မယ်လို့ မှန်းထားခဲ့တယ်။ ဒါပေမယ့်လည်း ကိုဗစ် တတိယလှိုင်းက    ရိုက်ခတ်လာတဲ့အတွက် ကိုဗစ် လူနာတွေကို   လက်ခံကုသပေးရတဲ့  အခြေအနေ ဖြစ်လာပါတယ်။ ကြိုးစားပြီး  ကုသပေးခဲ့ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းထက်စာရင် ကိုဗစ်တတိယလှိုင်း က  တော်တော်ပြင်းထန်နေတော့   ဝန်ထမ်းတွေ တော်တော်ပင်ပန်းပါတယ်။ ပင်ပန်းပြီး လုပ်ရကိုင်ရ တာ တော်တော်ခက်ခဲပါတယ်။ ဒါကို ကျွန်တော်တို့ လူအင်အားနည်းတဲ့ အထဲကနေ ကြိုးစားပြီး လုပ်ပေး ခဲ့ပါတယ်။ ဝန်ထမ်းတွေက အများကြီး ကြိုးစားခဲ့ ပါတယ်။ ရှိတဲ့အင်အားနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက် ခဲ့ပါတယ်။
အောက်ဆီဂျင်နဲ့ပတ်သက်ပြီးတော့    ကိုဗစ် ဒုတိယလှိုင်းထက်စာရင်    ကိုဗစ်တတိယလှိုင်းမှာ ပူပန်ရတဲ့ သဘောရှိပါတယ်။ မြန်မာပြည် တစ်ပြည် လုံးမှာရှိတဲ့ ဆေးရုံတွေထဲမှာ ကျွန်တော်တို့ မြောက် ဥက္ကလာပဆေးရုံကြီးက အောက်ဆီဂျင်အရည်အိုး စတင်တည်ထားခဲ့ပါတယ်။      အောက်ဆီဂျင်ကို တည်ထားတဲ့အတွက်      ကိုဗစ်ဒုတိယလှိုင်းမှာ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိခဲ့ ပါဘူး။ အေးအေးဆေးဆေး ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကိုဗစ် တတိယလှိုင်းမှာတော့ ရောဂါလက္ခဏာတွေ က ပြင်းထန်တဲ့အတွက် တစ်ဟုန်ထိုးလူနာတွေက ထိခိုက်လာတဲ့အတွက် အောက်ဆီဂျင် ပိုလိုအပ်လာ တဲ့ အခြေအနေ ရှိလာပါတယ်။ အောက်ဆီဂျင် လိုအပ် ချက်ကလည်း ကိုဗစ်ဒုတိယလှိုင်းထက်စာရင် ကိုဗစ် တတိယလှိုင်းမှာ များလာတယ်။ ဒီလိုတွေ ဖြစ်လာ လို့ အောက်ဆီဂျင်အတွက် ပူပန်ရတာတွေရှိခဲ့တယ်။ ဒါပေမယ့်လည်း အစိုးရအဖွဲ့နဲ့ ကုမ္ပဏီတွေ ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့လို ကျွန်တော်တို့ ဆေးရုံကြီးက အောက် ဆီဂျင်  မပြတ်လပ်ဘဲနဲ့  အဆင်ပြေပြေ လုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဆေးဝါးအနေနဲ့ကတော့ အခု  ကိုဗစ်တတိယလှိုင်းမှာ   လူနာလည်း  များလာတဲ့ အတွက် တချို့ဆေးဝါးတွေ ဝယ်ရတဲ့အခြေအနေ ရှိပါတယ်။
မေး ။    ။    မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ 
    ကိုဗစ်လူနာတွေ    ဆေးရုံတက်ရောက် ကုသချင်ရင် ဘယ်လို ဆက်သွယ်ရမလဲ။
ဖြေ ။    ။    အခုအခြေအနေကတော့ ကိုဗစ်ကူးစက်မှု 
    က ကျဆင်းသွားပြီဖြစ်တဲ့အတွက် ခုတင် နေရာတွေလည်း   တော်တော်ရှိလာပါပြီ။   အဓိက အရေးပေါ်ကိုပဲ သွားရမှာဖြစ်ပါတယ်။  အရေးပေါ် လာလို့ရှိရင် အရေးပေါ်ကနေတစ်ဆင့် ICU Ward တွေကို  ချိတ်ဆက်ပြီး  ဆေးရုံတင်ဖို့  လုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါပြင်းထန်တဲ့ လူနာလား  ဆိုတာတော့ ခွဲခြားထားပါတယ်။ အကုန်လုံးလာမယ် ဆိုရင် အကုန်လုံးကို ဆေးရုံတက်ခွင့်ပေးမယ်ဆိုတာ  လုပ်လို့မရပါဘူး။ ကိုဗစ်ရောဂါပြင်းထန်တဲ့ လူနာ ကိုပဲ  ဆေးရုံတက်ခွင့်  ပေးပါတယ်။   ဒါကိုလည်း ပြည်သူလူထုတွေက     သိရင်ပိုကောင်းပါတယ်။ နောက်ပြီးလာရင်လည်း ချက်ချင်းတင်လို့ ခက်တယ်။ Ward ထဲကိုလည်း လှမ်းစုံစမ်းရတယ်။ ကျွန်တော် တို့မှာ ISO (၁)(၂)(၃)ရှိပါတယ်။ ဆရာဝန်ဇုန် နှစ်ခု ရှိတယ်။ ကျန်းမာရေးဝန်ထမ်းများ မိသားစုဇုန် နှစ်ခု ရှိတယ်။ လိမ္မော်ရောင်ဇုန်၊ အနီရောင်ဇုန် စသဖြင့် အရောင်နဲ့ အဆင့်ခွဲထားတဲ့ ဇုန်တွေရှိတယ်။ ဇုန်ခွဲပြီး ကုသပေးပါတယ်။ 
ဆရာဝန်ဇုန်ဆိုရင် ဆရာဝန်ကိုယ်တိုင်က သူ့ အဖေ၊ သူ့အမေ စသဖြင့် သူကိုယ်တိုင် ကုသမှုပေး တယ်။ ဆရာဝန်ကိုယ်တိုင်ဖြစ်ရင်လည်း သူကိုယ် တိုင်က နားလည်သဘောပေါက်တဲ့အတွက် ကုသပေး ရတာလွယ်ကူတယ်။ ဆရာဝန်ဆိုတော့ ပြုစုစောင့် ရှောက်တဲ့သူ ရှာဖွေနိုင်တယ်။ ကျွန်တော်တို့က ကုသ ချက်တွေ ပေးလိုက်တယ်။ သူတို့က ကျွန်တော်တို့ လူအင်အားကို အကူအညီပေးတဲ့သဘော ဖြစ်သွား တယ်။  မိသားစုဇုန်ဆိုလည်း ဆွေမျိုးတွေ အစုလိုက် ဆေးရုံတက်လာတယ်။ သူတို့အချင်းချင်း ပြန်ပြုစု ပြီးတော့ ကျွန်တော်တို့ လူအင်အားကို အကူအညီ ပေးတဲ့ သဘောဖြစ်သွားတယ်။ အဲဒီလို လုပ်လိုက်တဲ့ အတွက် ကျွန်တော်တို့ ဝန်ထမ်းအင်အားနည်းပါး မှုကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိုင်ခဲ့တယ်။ 
မေး ။    ။    တခြားကုသရေးဌာနတွေရော ဖွင့်လှစ် 
    ထားပါသလား။
ဖြေ ။    ။    တခြားကုသရေးလုပ်ငန်းတွေကတော့ 
    ပုံမှန်အတိုင်း       ဆောင်ရွက်ပါတယ်။ ဖေဖော်ဝါရီလနောက်ပိုင်း  ကျွန်တော်တို့ဆေးရုံက  တဖြည်းဖြည်း   လူနာ ၄ဝဝ ကျော်လောက်ထိ  ကုသပေးနိုင်တဲ့အခြေအနေမှာရှိတယ်။   ကိုဗစ် မဟုတ်တဲ့    လူနာ ၄၀၀ ကျော်    ကုသနေတဲ့ အခြေအနေမှာ ကိုဗစ်လူနာကလည်း ၄၀၀ ကျော် ဖြစ်သွားတော့    ကိုဗစ်မဟုတ်တဲ့လူနာ  ၁၀၀ ကျော် ၂၀၀ ကျော်လောက်ပဲ   လက်ခံကုသပေး နေရတယ်။  လာသမျှလူနာ အများအပြားလက်ခံ နိုင်တဲ့အခြေအနေ မရှိသေးဘူး။ အရင်တုန်းက တော့   ဆရာဝန်၊  သူနာပြုဝန်ထမ်းအင်အားများ တော့  လာသမျှလူနာ  လက်ခံကုသပေးနိုင်တဲ့ အခြေအနေရှိခဲ့တယ်။ အဲဒီလို အခြေအနေတွေကို လည်း ပြည်သူလူထုအနေနဲ့  နားလည်သဘော ပေါက်စေချင်ပါတယ်။ အခုလည်း ကိုဗစ် လူနာတွေ လျော့လာတဲ့အတွက်   ပုံမှန်လူနာတွေကို   တိုးပြီး ကုသပေးသွားမယ်။   ကိုဗစ်လူနာ   လက်ခံထားတဲ့ Ward တွေ    ပြန်ဖျက်ပြီး   ပုံမှန်လူနာတွေကို လက်ခံနိုင်အောင်  ပြန်လုပ်နေပါတယ်။  ကိုဗစ် မဟုတ်တဲ့    လူနာတွေကလည်း  အရေးကြီးပါ တယ်။    အဲဒီမှာ   ကင်ဆာလူနာတွေရှိတယ်။ ကျောက်ကပ်လူနာတွေရှိတယ်။  နှလုံးလူနာတွေ ရှိတယ်။ ဒါတွေအတွက်လည်း ကုသဖို့ လိုအပ်ပါ တယ်။ ကိုဗစ်လူနာတွေအတွက်လည်း သင့်တင့် တဲ့ ခုတင်တွေ ထားပေးထားပါတယ်။ ကိုဗစ်လူနာ မဟုတ်တဲ့သူတွေကိုလည်း လက်ခံကုသပေးနေရ တဲ့အတွက် လူနာ ၄၀၀ ကျော်လောက်ပဲ လက်ခံ ကုသပေးနိုင်တဲ့        အခြေအနေမှာရှိပါတယ်။ ဝန်ထမ်းအင်အားအခြေအနေအရ လူနာလက်ခံ ကုသတဲ့နေရာမှာ ကျပ်တည်းတဲ့အခြေအနေမှာ ရှိပါတယ်။ 
မေး ။    ။    ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြား
    ပေးပါ။
ဖြေ ။    ။    ခေတ်မီတိုးတက်တဲ့    နိုင်ငံကြီးတွေမှာ 
    တောင် ကိုဗစ်လှိုင်းဒဏ်ကို မခံနိုင်ဘူး။ အောက်ဆီဂျင်တွေပြတ်၊ လူနာတွေ မနိုင်မနင်း ဖြစ်တဲ့   အခြေအနေတွေ   ကြားနေရတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ အားလုံးက စည်းစည်း လုံးလုံးနဲ့ ကြိုးစားပြီး တွန်းလှန်တယ်။
ပြည်သူလူထုကို      ပြောချင်တာကတော့ ဘယ်လိုအခြေအနေမှာပဲ ရောက်ရောက် ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး    လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။ Mask တပ်ရမယ်။    စနစ်တကျ  လက်ဆေးရမယ်။ လူစုလူဝေးတွေကို ရှောင်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရင် သတ်မှတ်ထားတဲ့ အကွာအဝေးကနေ  ပြောရမယ်။   အခုဆိုရင် လေထဲကနေ ပြန့်ပြီးပေါ်လာပြီဆိုတော့ Mask ကို မဖြစ်မနေ   တပ်ထားဖို့တော့ လိုအပ်ပါတယ်။  အဓိက လိုက်နာရမယ်လို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်း - လင်းသစ်
ဓာတ်ပုံ - ခိုင်မင်း