ကိုဗစ်မဖြစ်အောင် မိမိကိုယ်ကို ကာကွယ်ဖို့လိုသလို မိမိ မိသားစု၊ မိမိရပ်ကွက်၊ မိမိတို့ကျေးရွာ၊ မိမိတို့ပတ်ဝန်းကျင်ကို ကိုဗစ်ရောဂါမကူးစက်အောင် မိမိတို့ကစ ကာကွယ်ပေးကြပါလို့ ပြောကြားလိုပါတယ်

 

စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်စွာမောင်စိုးနှင့် စစ်ကိုင်းခရိုင် ကျန်းမာရေးဦးစီးဌာန  ဒုတိယခရိုင်ကျန်းမာရေးမှူး ဒေါက်တာသော်တာထက်တို့အား ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသ ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံမေးမြန်းထားပါသည်။

 

ဦးကျော်စွာမောင်စိုး  
ဥက္ကဋ္ဌ၊   စစ်ကိုင်းမြို့နယ်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ 
မေး။    ။    ကိုဗစ် - ၁၉   ရောဂါ   ကာကွယ်ရေး 
        အတွက်    ဆရာတို့   ကော်မတီက  ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး   သိချင် ပါတယ်။


ဖြေ။    ။    စစ်ကိုင်းမြို့နယ်ဟာ  စစ်ကိုင်းတိုင်း 
        ဒေသကြီးရဲ့    အဓိကဝင်ပေါက်ဖြစ် 
သလို  မန္တလေးတိုင်းဒေသကြီးနဲ့လည်း ဆက်စပ် သွားလာနေတဲ့မြို့ဖြစ်တဲ့အတွက်    ရောင်းဝယ် ဖောက်ကားမှု၊ ကူးလူးသွားလာမှု များပြားတာဖြစ် တဲ့အတွက်    ရောဂါကူးစက်မှုများပြားပါတယ်။ ဒါကြောင့်  စစ်ကိုင်းမြို့အဝင်  ဧရာဝတီတံတား (ရတနာပုံ)ထိပ်မှာ  ကိုဗစ် -၁၉  ရောဂါ စစ်ဆေးရေး ဂိတ်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊  ဌာန ဆိုင်ရာ  ပူးပေါင်းအဖွဲ့များနဲ့  ကျန်းမာရေးစစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။ 


မေး။    ။    စစ်ကိုင်းမြို့အဝင်မှာ       လူတိုင်းကို 
        စစ်ပေးတာလား၊ ဘာနဲ့စစ်ဆေးပေး တာလည်း သိပါရစေ။


ဖြေ။    ။    စစ်ကိုင်းမြို့အဝင်ဂိတ်   ဖြတ်လာသူ 
        တွေမှာ  မြို့တွင်းက  ပြည်သူတွေကို တော့  နယ်ကျော်ကတ်တွေ  ထုတ်ထားပေးတာရှိ ပါတယ်။ နယ်ကျော်ကတ်ပါမှသာ ဝင်ခွင့်ပြုတာ ဖြစ်ပါတယ်။  အခြားဒေသက  ခရီးသွားပြည်သူတွေ လာရောက်ရင် အများပြည်သူအကျိုးကို ရှေးရှုပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့    ကိုယ်အပူချိန်တိုင်းတာခြင်း   လုပ်ငန်း လမ်းညွှန်အတိုင်းဆောင်ရွက်ပြီး အပူချိန်မြင့်တက် လာပါကလည်းကောင်း၊   သံသယလက္ခဏာများတွေ့ရှိရပါကလည်းကောင်း လက်ချောင်းထိပ်တွင် Pluse Oximeters ဖြင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းကို ဆောင်ရွက်ပါတယ်။  


အောက်ဆီဂျင်  ၉၂ ရာခိုင်နှုန်းအောက်ကျဆင်း နေရင်တော့   ခေတ္တနားနေစေပြီး ပြန်တိုင်းပါတယ်။  ၉၂ ရာခိုင်နှုန်းအောက်ဆက်ကျနေမယ်ဆိုရင်တော့ စစ်ကိုင်းမြို့ နှစ် (၇၀၀) ကွင်းကို  သွားရောက်စေပြီး RDT နဲ့     စစ်ဆေးဆောင်ရွက်မှာ  ဖြစ်ပါတယ်။  ဆေးစစ် ကုန်ကျစရိတ်ကိုတော့      သတ်မှတ်နှုန်းထား အတိုင်း   ကာယကံရှင်က   ပေးဆောင်ရမှာဖြစ်ပါ တယ်။    နောက်ကုန်တင်ယာဉ်မောင်းနဲ့   ယာဉ် နောက်လိုက်တွေကိုလည်း      ကျန်းမာရေးဌာနက သုံးရက်အတွင်းထုတ်ထားပေးတဲ့ ထောက်ခံစာပါ မှသာ ဖြတ်သန်းသွားလာခွင့်ပြုထားပါတယ်။ Stay Home မြို့နယ်တွေက လာသူတွေကိုတော့ ဖြတ်သန်း သွားလာခွင့်မပြုထားပါဘူး။ မဖြစ်မနေသွားမယ်၊ လာမယ်ဆိုရင်လည်း သက်ဆိုင်ရာ Quarantine Center တွေမှာ  ၁၀ ရက် နေခိုင်းပါတယ်။


မေး။    ။    ကိုဗစ် - ၁၉  ရောဂါ   ပိုးတွေ့လူနာနဲ့  
        သံသယလူနာတွေကို     ထားရှိဖို့ ဆောင်ရွက်နေတဲ့အခြေအနေကိုလည်း  ပြောပြ ပေးပါ။
ဖြေ။    ။    စစ်ကိုင်းမြို့နယ်မှာ    တတိယလှိုင်း 
        အနေနဲ့   ၂၇-၅-၂၀၂၁  ရက်နေ့မှာ ဆေးရုံတက်ရောက်လူနာကနေတစ်ဆင့်  တွေ့ရှိခဲ့ တာဖြစ်ပါတယ်။  တွေ့ရှိပြီးနောက်မှာတော့ လူနာ စောင့်နဲ့ ဆက်စပ်လူတွေအားလုံးကို  စစ်ဆေးခဲ့ရာမှာ ပိုးကူးစက်မှုတွေ  စတင်ဖြစ်ပေါ်နေတာကို  တွေ့ရှိခဲ့ ရတာဖြစ်ပါတယ်။  မြို့နယ်အတွင်းမှာ  ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကနေ ပြန်ရောက်လာသူတွေနဲ့ မြို့တွင်း က သံသယလူနာတွေကို CBFQ ထားနိုင်ဖို့  စစ်ကိုင်း မြို့ နှစ်(၇၀၀) အားကစားကွင်းအတွင်းက အားကစား ရုံတွေမှာ စီစဉ်ထားပါတယ်။   လူဦးရေ  ၁၀၀ ခန့် ဝင်ဆံ့ပါတယ်။   နှစ် (၇၀၀)ကွင်းကို  မလာရောက်နိုင် တဲ့  ကျေးရွာကပြည်သူတွေအတွက်   ကျေးလက် ကျန်းမာရေးဌာနတွေနဲ့ ညှိနှိုင်းပြီး  ကျေးရွာအုပ်စု ၆၀ မှာ လူဦးရေ ၂၀ နဲ့ ၃၀ ကြား   ဝင်ဆံ့နိုင်တဲ့ Quarantine Center  တွေကို  စီစဉ်ဆောင်ရွက်ထား ပါတယ်။ ပိုးတွေ့လူနာတွေကိုတော့ ခုတင်- ၂၀၀ ဆံ့ ဆေးရုံကြီးကို ပို့ဆောင်ပေးပါတယ်။  


မေး။    ။    ခုတင်- ၂၀၀ ဆံ့   ပြည်သူ့ဆေးရုံကြီးမှာ 
        Positive      လူနာအရေအတွက် ဘယ်လောက်ထားနိုင်ပါသလဲ၊။ 


ဖြေ။    ။    စစ်ကိုင်းမြို့  ခုတင်- ၂၀၀ ဆံ့ ပြည်သူ့ 
        ဆေးရုံကြီးမှာတော့ Positive လူနာ ၆၅ ဦး ထားရှိနိုင်ပါတယ်။   စစ်ကိုင်းမြို့  ပညာရေးဒီဂရီ ကောလိပ်မှာ  ၂၂၄ ခုတင်ဆံ့ ကိုဗစ်  Main Treatment Center ကို  ရေ၊  မီး၊ မိလ္လာ၊ ဆက်သွယ်ရန်ဖုန်း၊ လူနာတွေကို စောင့်ကြည့်နိုင်ဖို့ CCTV တွေ   တပ်ဆင် ထားပါတယ်။   ဒါ့အပြင်    ဆားတောင်တိုက်နယ် ဆေးရုံမှာလည်း    ခုတင်- ၅၀ ဆံ့နဲ့   နှစ်  (၇၀၀)အားကစားကွင်းကြီးအတွင်းမှာလည်း  ခုတင်-၄၀ ဆံ့ သီးခြားအဆောင်တွေ   စီစဉ်ထားရှိပြီးဖြစ်ပါတယ်။
မေး။    ။    ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တဲ့  အခြေ 
        အနေနဲ့ ဆက်လက်ထိုးနှံပေးမယ့်အခြေ အနေကိုလည်း ဖြေကြားပေးပါ။


ဖြေ။     ။    စစ်ကိုင်းမြို့နယ်အတွင်းမှာ ကာကွယ်ဆေး 
        နှစ်ကြိမ်ထိုးခဲ့ပြီးပါပြီ။  ပထမအကြိမ်က အိန္ဒိယနိုင်ငံကထုတ်လုပ်တဲ့  Covishield ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကတော့ တရုတ်နိုင်ငံထုတ် Sinopharm ဆေးမျိုးဖြစ်ပါတယ်။  စုစုပေါင်းလူဦးရေ  ၈၈၆၅ ဦး ထိုးနှံပြီးပါပြီ။  ဦးစားပေးအနေနဲ့  နိုင်ငံ့ ဝန်ထမ်းများ၊  မိသားစုဝင်များ၊  သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးတွေကို  ထိုးနှံပေး နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ သြဂုတ် ၁ ရက်မှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ၁၉၀၀၀ ကျော်နဲ့ သံဃာတော်များကို  ဦးစားပေးထိုးနှံပေးသွားမှာဖြစ်ပါ တယ်။ ဆေးထိုးနှံပေးမည့် အချိန်နဲ့ နေရာကို  ရပ်ကွက် အလိုက် အချိန်မီကြေညာပေးသွားမှာဖြစ်ပါတယ်။


ဒေါက်တာ သော်တာထက် 
ဒုတိယခရိုင်ကျန်းမာရေးမှူး 
စစ်ကိုင်းခရိုင် ကျန်းမာရေးဦးစီးဌာန  
မေး။    ။    ကိုဗစ်ရောဂါ   ကာကွယ်ရေးနဲ့ပတ်သက် 
        ပြီး  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေနဲ့ မြို့နယ်အတွင်းဆောင်ရွက်နေတာတွေကို  ပြောပြပေးစေလိုပါတယ်။ 


ဖြေ။    ။    ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေ
        နဲ့  - (၁)  စစ်ကိုင်းမြို့အဝင်မှာ မြို့နယ်အဆင့် ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ရောဂါစစ်ဆေးဆောင်ရွက်နေပါတယ်။  (၂) ကိုဗစ်ပိုးတွေ့လူနာနဲ့  ထိစပ်မိတဲ့၊  ထိစပ်ခဲ့တဲ့  လူတွေကို ရှာဖွေတယ်။ Quarantine ထားရှိတာတွေ လုပ်ပါတယ်။ သူတို့ကို ကိုဗစ် - ၁၉ ရောဂါ  စစ်ဆေးတာ တွေ လုပ်ပါတယ်။ (၃)  ပြည်ပနိုင်ငံက ဝင်ရောက်လာသူ တွေကို    နှစ်(၇၀၀)     အားကစားကွင်းမှာရှိတဲ့ Quarantine  Center  တွေမှာ  ထားရှိပြီးတော့ ကျန်းမာ ရေးနှင့်  အားကစားဝန်ကြီးဌာနရဲ့     လမ်းညွှန်ချက်များ နှင့်အညီ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတာတွေ လုပ်တယ်။  (၄)  စစ်ကိုင်းမြို့နယ်မှာ နေထိုင်တဲ့ ကုမ္ပဏီယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို   သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး  တစ်ပတ်ကို  နှစ်ကြိမ်(တနင်္လာ၊ ကြာသပ တေးနေ့တွေမှာ)   ရောဂါစစ်ဆေးတာတွေလုပ်တယ်။ ထောက်ခံချက်လုပ်ပေးတာတွေရှိပါတယ်။  (၅)  အချုပ် သားတွေ၊   တရားခံအချုပ်သားတွေကိုလည်း   ကိုဗစ်-  ၁၉  ရောဂါ စစ်ဆေးပေးနေပါတယ်။
မေး။     ။    လက်ရှိ ပိုးတွေ့လူနာတွေကို ဆောင်ရွက် 
        ထားရှိမှုအခြေအနေ သိချင်ပါတယ်။


ဖြေ။    ။    ပိုးတွေ့လူနာတွေကိုတော့   ခုတင်-၂၀၀ 
        ဆံ့ ပြည်သူ့ဆေးရုံကြီးကို  ပို့ပါတယ်။  နောက် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်၊ ဆားတောင် တိုက်နယ်ဆေးရုံနဲ့ နှစ် (၇၀၀) ပြည်သူ့အားကစားကွင်း အတွင်းမှာရှိတဲ့   Main Treatment Center တွေမှာ ထားရှိဆောင်ရွက်ပါတယ်။ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကုသ ပေးလျက်ရှိပါတယ်။  ပိုးတွေ့လူနာများထဲမှ  ရောဂါ အခြေအနေဆိုးရွားသူများ၊   ရောဂါပြင်းထန်တဲ့ သက်ကြီးရွယ်အိုများနဲ့  အရေးကြီးစောင့်ရှောက်ဖို့ လိုအပ်တဲ့လူနာများကို ခုတင်-၂၀၀ ဆံ့ ဆေးရုံကြီးမှာ ထားရှိကုသပေးပြီး    ကျန်တဲ့ရောဂါအခြေအနေ မပြင်းထန်တဲ့၊  အသက်ငယ်ရွယ်ပြီး  ကိုယ်ခံအား ကောင်းတဲ့ လူငယ်၊ လူရွယ်တွေကိုတော့  အခြား Treatment  Center တွေမှာ ထားရှိကုသပေးပါတယ်။


မေး။    ။    လူနာတွေအတွက်   အောက်ဆီဂျင် 
        လိုအပ်မှုတွေကို  ဘယ်လိုစီမံဆောင် ရွက်ပေးနေပါသလဲ။


ဖြေ။     ။    စစ်ကိုင်းမြို့နယ်မှာ     အောက်ဆီဂျင် 
        ဖြည့်ပေးနေတဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။ နောက် ကြက်ခြေနီတပ်ဖွဲ့တွေနဲ့  သုခကာရီလူမှုရေး အသင်းအဖွဲ့တွေကလည်း လိုအပ်တဲ့ အောက်ဆီဂျင် တွေကို မန္တလေးမြို့မှာ သွားဖြည့်ပြီး ဆောင်ရွက်ပေး နေတာတွေရှိသလို ခုတင်-၂၀၀ ဆံ့ ဆေးရုံကြီးမှာ လည်း Oxygen Plant ရှိပါတယ်။ အဲဒီကနေ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလုံး ၂၀ ထုတ်နိုင်ပါတယ်။ ဒီကနေထုတ်ပြီးတော့  အောက်ဆီဂျင်လိုအပ်သူ တွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး။    ။    လက်ရှိ   ပိုးတွေ့လူနာအခြေအနေနဲ့ 
        ပြန်လည်ကျန်းမာလာမှု  အခြေအနေ ကို သိပါရစေ။


ဖြေ။    ။    တတိယလှိုင်းစဖြစ်ပြီး စစ်ကိုင်းမြို့နယ် 
        မှာ  ရောဂါပိုးစတင်တွေ့ရှိတဲ့  ၂၇-၅-၂၀၂၁ ရက်နေ့မှ ၂၈-၇-၂၀၂၁ ရက်နေ့ထိ ပိုးတွေ့ လူနာစုစုပေါင်း ၁၁၄၉  ဦးရှိပါတယ်။ ရောဂါကင်း စင်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ  စုစုပေါင်း ၄၄၂ ဦးရှိ ပါတယ်။ အခြားရောဂါအခံရှိပြီး အခြေအနေဆိုးတဲ့ အတွက်  သေဆုံးသူစုစုပေါင်း  ၄၉ ဦး ရှိပါတယ်။ 


မေး။    ။    ရောဂါသံသယရှိလာပြီဆိုရင် ဘယ်ကို 
        ဆက်သွယ်ရမလဲ သိချင်ပါတယ်။


ဖြေ။    ။    ဖျားနာလာမယ်၊ တုပ်ကွေးရာသီဖြစ်တဲ့ 
        အတွက် နှာစေး၊ ချောင်းဆိုး၊  အဖျား ရောဂါ  ကြာရှည်လာမယ်ဆိုရင် မိမိကိုယ်မိမိ ကိုဗစ်-  ၁၉  လို့ သံသယထားပြီး နေထိုင်သွားဖို့ လိုပါတယ်။ ရောဂါသံသယရှိလာပြီဆိုရင် သက်ဆိုင်ရာကို သတင်း ပို့ပြီး လာရောက်စစ်ဆေးလို့ရပါတယ်။ ကျေးရွာတွေ မှာဆိုရင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေး ဌာနတွေကို သတင်းပို့ပြီး စစ်ဆေးဆောင်ရွက်လို့ ရပါတယ်။


မေး။    ။    အခြားဖြည့်စွက်    ပြောကြားလိုတာ 
        ရှိရင် ပြောကြားပေးပါ။
ဖြေ။    ။    ပြည်သူတွေအနေနဲ့     မိမိတို့ဘာသာ 
        စစ်ဆေးပြီး  ရောဂါဖြစ်ပေါ်လာပါက လည်း မိမိတို့အိမ်မှာပဲ အနည်းဆုံး ၁၇ ရက်တိတိ သီးသန့်နေထိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ တခြား လူကိုမကူးစက်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို  အကြောင်း ကြားပြီး  ဆေးရုံတက်ရောက်ကုသဖို့လိုပါတယ်။ မိမိနဲ့  ထိစပ်တဲ့လူတွေကိုလည်း  ဖော်ထုတ်ပေးဖို့ လိုပါတယ်။ ဒါမှသာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသိ၊ သတိရှိကြဖို့ အရေးကြီးပါတယ်။ ကိုဗစ်မဖြစ်အောင် မိမိကိုယ်ကို ကာကွယ်ဖို့လိုသလို မိမိ မိသားစု၊ မိမိရပ်ကွက်၊ မိမိတို့ကျေးရွာ၊ မိမိတို့ ပတ်ဝန်းကျင်ကို ကိုဗစ်ရောဂါ မကူးစက်အောင်  မိမိ တို့ကစ ကာကွယ်ပေးကြပါလို့ ပြောကြားလိုပါတယ်။  

 

တွေ့ဆုံမေးမြန်းသူ - အောင်အောင်ထွေး၊ ဟန်မျိုးကျော်
သတင်းဓာတ်ပုံ - ဇော်မြင့်နိုင်