ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၏ သဘောထားထုတ်ပြန်ချက်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ လူနေအိမ်များ၊ ရပ်ကွက်များနှင့် တပ်မတော်ဆေးရုံကို အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့မှ ရှော့တိုက်ဒုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် အပြစ်မဲ့ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။


ယခုကဲ့သို့ လူနေအိမ်များအပါအဝင် ရပ်ကွက်များ၊ သာသနိကအဆောက်အဦများ၊ ဆေးရုံ အဆောက် အဦများအပေါ် အကြောင်းမဲ့ ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည့်အတွက် ဒေသခံပြည်သူများမှ နေရပ်စွန့်ခွာနေရပြီး အိုးအိမ်များ ဆုံးရှုံးနေရခြင်း၊ လူမှုဘဝများ ဆုံးရှုံးနေရခြင်းတို့ကြောင့် အကြမ်းဖက် သောင်းကျန်းသူ MNDAA အဖွဲ့၏ လုပ်ရပ်များအား လုံးဝ(လုံးဝ)  လက်မခံနိုင်ပါကြောင်းနှင့် ကန့်ကွက် ရှုတ်ချပါကြောင်း   မြန်မာနိုင်ငံ  ကိုးကန့်တိုင်းရင်းသားစာပေနှင့်    ယဉ်ကျေးမှုအသင်းမှ သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။


ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း