
နေပြည်တော် ဩဂုတ် ၅
ကျိုက်ထိုနှင့် မင်္ဂလာဒုံမြို့နယ် တို့၌ ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ကက်တမင်း များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၉ နာရီခွဲတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင် ပူးပေါင်းစစ်ဆေးရေး စခန်း၌ ရန်ကုန်မှ ရေးသို့ သွားသည့် ခရီးသည်တင်ယာဉ် ပေါ်ပါ အောင်မင်းထွန်းကို အိုက်စ် (မက်သ်အဖက်တမင်း) ၃ ကီလို နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ဇူလိုင် ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် ဖမ်းမိ မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင် သည့် ညီညီထွန်း(ခ)ညီညီ ကို ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ညနေ ၅ နာရီတွင် စံလင်းနှင့် ထွန်းနိုင်မိုး တို့ကို မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးတွင် အိုက်စ် တစ်ကီလို၊ Honda Fit မော်တော် ယာဉ် တစ်စီးနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခွဲတွင် ဖမ်းမိတရားခံ ထွန်းနိုင်မိုး ငှားရမ်းနေထိုင်သည့် မင်္ဂလာဒုံမြို့နယ် ပုလဲ(၁)ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ နေအိမ်တွင် အောင်ကိုဦးနှင့်အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၁၁၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် ထပ်မံ ဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသ ကာလ တန်ဖိုးငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၁၈ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့ငါးဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်