
ရန်ကုန် နို၀င်ဘာ ၇
၂၀၂၁ ခုနှစ် ကိုရီးယား သံအမတ် ကြီးဖလား အွန်လိုင်းတိုက်ကွမ်ဒို ကကွက် ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ဆက်လက် ကျင်းပသည်။
ဒုတိယနေ့ ပြိုင်ပွဲတွင် ကာလာခါးစည်းအဆင့် အငယ် တန်းပြိုင်ပွဲများ၌ အမျိုးသား၊ အမျိုးသမီး ကကွက်တစ်ဦးချင်း ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲပေါင်း ၉၃ပွဲ ကျင်းပခဲ့သည်။ ပြိုင်ပွဲများအပြီး ခါးစည်းအနက်အဆင့် အကြီး တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဖလား ရရှိသွားသော ရန်ကုန်မြို့တော် စည်ပင်အသင်းက ရွှေငါးခု၊ ငွေငါးခု၊ ကြေးနှစ်ခုဖြင့် ပထမ၊ အောင် ဆန်းအသင်းက ရွှေသုံးခု၊ ငွေလေးခု၊ ကြေးရှစ်ခုဖြင့် ဒုတိယ၊ ပြည်ထဲရေး အသင်းက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး နှစ်ခုဖြင့် တတိယ၊ ကာလာခါစည်း အဆင့် အငယ်တန်းပြိုင်ပွဲများတွင် တံခွန်စိုက်ဆုရရှိသွားသည့် Tiger ကလပ်အသင်းက ရွှေလေးခု၊ ကြေးနှစ်ခု ဖြင့် ပထမ၊ Dragon ကလပ်အသင်းက ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုဖြင့် ဒုတိယ၊ ရွှေပြည်သာကလပ်အသင်းက ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခုဖြင့် တတိယရရှိသွားသော အသင်းများအား မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးမြသိဏ်းက ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကလပ်အသင်းများ၊ ဝန်ကြီးဌာနမှအသင်းများ၊ အားကစား နှင့် ကာယသိပ္ပံကျောင်းများမှ အသင်း များအပါအဝင် အသင်းပေါင်း ၁၇ သင်း၊ အားကစားသမား ၁၈၀ ခန့်က ပြိုင်ပွဲ ပေါင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အာကာစိုး
ဓာတ်ပုံ - တင်စိုး