ကျွန်တော်တို့ဗမာတွေရဲ့ တာဝန်ဝတ္တရားတွေကို ကျွန်တော် အထူးပြောပြလိုပါတယ်။ ကမ္ဘာ့နိုင်ငံရေး စကားတစ်ခု ရှိပါတယ်။ ဘယ်လူမျိုး၊ ဘယ်တိုင်းနိုင်ငံမဆို မိမိတို့ ထိုက်တန်သလောက်သာ မိမိတို့ အခွင့်အရေးရကြတယ်လို့ စကားရှိပါတယ်။ ကိုယ့်အခွင့်အရေးဆိုတာ သူများ နို့သက်ခံပြီးရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။
(၁၉၄၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် သတင်းစာကိုယ်စားလှယ်များက ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းထံသို့ သွားရောက်မေးမြန်းကြရာ ပြန်လည်ဖြေကြားချက်မှ ကောက်နုတ်ချက်)
