
ခင်မောင်ညို (ဘောဂဗေဒ)
=================
(၂၄-၆-၂၀၂၁ ရက်နေ့မှ အဆက်)
အကြံဉာဏ်များကို မည်သူ့ထံမှမဆို ရယူနိုင်သည်။ လုပ်ဖော်ကိုင်ဖက် များ၊ လက်အောက်ငယ်သားများကပေးသည့် အကြံဉာဏ်များကို လည်း အသိအမှတ်ပြုကာ ချီးကျူးတတ်သည်။ မိတ်ဆွေဖြစ်ခြင်းနှင့် ရောရောနှောနှောနေခြင်းတို့ကိုလည်း ခွဲခြားတတ်သည်။ ဆုံးဖြတ် ချက်မှားတစ်ခု ချမှတ်မိသည့်အခါ တုန်လှုပ်သွားခြင်းမရှိ။ အဘယ် ကြောင့်ဆိုသော် သူ့အနေဖြင့် ကိစ္စရပ်အတော်များများ၌ ဆုံးဖြတ် ချက်မပေးနိုင်ခြင်းသည်သာလျှင် အညံ့ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်းကို သိရှိသည်။ ထို့ကြောင့်မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဆုံးဖြတ် ချက်များကို ချမှတ်သည်။ ထိုသို့ ဆုံးဖြတ်ချက်များ ချမှတ်လိုက်ခြင်း အားဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်မည်။ မှားသွား၍သော် လည်းကောင်း၊ စိန်ခေါ်ခံရ၍သော်လည်းကောင်း အချို့ကိစ္စရပ်များ အတွက် ပြင်ပအကူအညီတောင်းခံရလျှင် လည်းကောင်း ထိတ်လန့် တုန်လှုပ်ခြင်းဖြစ်မနေပေ။
အထင်အမြင်ကောင်း -ပိုကောင်းသည့်မိဘ၊
ပိုရိုးသားသည့်ပုဂ္ဂိုလ်
စီးပွားရေးလောက၌ ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေး ရှိခြင်းသည် လတ်တလောပေးလေ့ရှိသော မဖြစ်နိုင်သည့် ကတိစကား များကြောင့်လည်း ဖြစ်တတ်သည်။ လူအများစု ချက်ချင်းသဘောကျ လာရန်အတွက် နည်းပြဆရာ အသစ်တစ်ယောက်က မျှော်လင့်နိုင် သည်ထက် သူလုပ်ပေးနိုင်သည်ထက်ပို၍ ကတိပေးတတ်ကြသည်။ ကုန်ချောထုတ်လုပ်သူ သို့မဟုတ် အရောင်းကိုယ်စားလှယ်များက လည်း ယာယီမျှ ငြင်းပယ်ခံရသည်မျိုးကိုပင် လက်မခံနိုင်သဖြင့် ဖောက်သည်များ ကျေနပ်ရန် ကြိုးစားတတ်ကြသည်။ အမှန်တရားကို လက်လွှတ်ပြီး မဖြစ်နိုင်သည့် တာဝန်များကို ယူတတ်ကြသည်။
အရောင်းလောက၌ ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေး ဖြစ်တတ်ပြီး စိတ်မချမလုံမခြုံဖြစ်နေသည့် အရောင်းသမားများသည် ပိုပိုသာသာ ထိုးရောင်းတတ်ခြင်း၊ မတန်တဆကတိတွေ ပေးတတ်ခြင်း၊ တကယ့်တကယ် တာဝန်ယူထားသည့်အတိုင်း မဆောင်ရွက်နိုင်ခြင်း များကို တွေ့ရသည်။ သူတို့အနေဖြင့် ငြင်းပယ်မခံချင်။ ရောင်းရလျှင် ပြီးရောဆိုပြီး လုပ်တတ်ကြသည်။ ရောင်းပြီးသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ အပြစ်ရှိသယောင်ခံစားရပြီး ဖောက်သည်များကို ရှောင်နေသည်။ ထိုအခါ ဖောက်သည်များက ပစ္စည်းနှင့်ပတ်သက်၍ လည်းကောင်း၊ အရောင်းသမားများနှင့်ပတ်သက်၍ လည်းကောင်း မကျေနပ်မှုများ တိုးပွားလာကြသည်။ ဖောက်သည်များက မကျေနပ် ကြောင်းပြောသည့်အခါ အရောင်းသမားများ၏ ကိုယ့်ကိုယ်ကိုယ် ထင်မြင်ပုံက ပိုဆိုးလာသည်။ ထို့အတူပင် ကိုယ့်ကိုယ်ကိုယ် အထင် သေး အမြင်သေးရှိတတ်သည့် ရုံးဝန်ထမ်းတစ်ယောက်သည် သူ၏ လုပ်သက်အရ လခပိုရသင့်ကြောင်း၊ ရာထူးတိုးပေးသင့်ကြောင်း သိလျက်နှင့်ပင် ရထိုက်သည်၊ တိုးထိုက်သည်ဟု ခိုင်ခိုင်မာမာ မယုံ ကြည်ပေ။ သို့သော် ထိုက်တန်သည့် အသိအမှတ်ပြုမှုများ၊ လစာတိုးမှု များ၊ ရာထူးတိုးမှုများကို မရရှိခဲ့လျှင် မကျေမနပ် ခါးခါးသီးသီးဖြစ်ပြီး သူလုပ်သမျှကို မည်သူကမျှ နားမလည်ကြောင်း၊ တန်ဖိုးမထားကြောင်း ပြောပြတတ်သည်။ ဤနည်းအားဖြင့် သူ၏ စွမ်းဆောင်ရည်များသာ ကျဆင်းပြီး အနာဂတ်ကာလတွင် လခတိုးစရာ၊ ရာထူးတိုးစရာ အခြေ အနေများ ပျောက်ဆုံးလျော့ပါးသွားစေနိုင်သည်။
မိသားစုထဲ၌ မိမိကလေးကို စည်းကမ်းမထားချင်သော မိဘများ သည် ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးဖြစ်ခြင်းကို ဖော်ပြနေ သည်။ စည်းကမ်းထိန်းသည်ကိုပင် “ငါကသူတို့ကို သိပ်ချစ်တာဆိုတော့ သူတို့မှာ ထိခိုက်တာထက် ငါ့ကိုပိုပြီး ထိခိုက်စေတယ်” ဟု ဖုံးကွယ် တတ်ကြသည်။ ကလေးက သူတို့ကို ဆန့်ကျင်မှာကြောက်သည်။ သို့သော် ဤအခြေအနေကြောင့် မိဘနှင့်ကလေးများအကြားရှိ ပြဿနာကို ပိုဆိုးစေနိုင်သည်။ မိဘများက ကလေးများကို ထိန်းလည်း မထိန်းချုပ်နိုင်။ လေးစားလည်း မခံရ။ ကလေး၏ မေတ္တာကိုလည်းမရဘဲ ဖြစ်သွားတတ်ကြသည်။ ကလေးကလည်း မိဘများအပေါ် ယုံကြည်မှု မရှိ။ မိဘများ၏ ယုံကြည်မှုမှတစ်ဆင့် ရမည့်လုံခြုံစိတ်ချမှုကိုလည်း မရဘဲ ရှိနေသည်။ ဤနည်းအားဖြင့် သြဇာအာဏာရှိသူများအား မလေးစားခြင်း၊ တန်ပြန်ပုန်ကန်ခြင်းများကို ဖြစ်ပေါ်စေတတ်သည်။ ဤသို့ တန်ပြန်ပုန်ကန်ခြင်းများသည် ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးဖြစ်မှု၏ အခြားသရုပ်သဏ္ဌာန်တစ်ခုဖြစ်ပြီး အသက် ၁၈ နှစ်အောက်လူငယ်များ၌ ထင်ထင်ရှားရှား တွေ့ရသည်။ အမေရိကန် နိုင်ငံတွင် ၁၉၇၄ ခုနှစ်က လူငယ်များ ကျူးလွန်ခဲ့သောပြစ်မှုများ၏ ၄၅ ရာခိုင်နှုန်းမှာ ကိုယ့်ကိုယ်ကိုယ် အထင်သေးအမြင်သေးဖြစ်မှုကြောင့် ဖြစ်သည်။ အကယ်၍သာ မိဘများ၊ ဆရာများက ထိုသရုပ်သကန်များ ကို ကောင်းကောင်းနားလည်သဘောပေါက်ပြီး သူတို့ကို သတိထား ချစ်ခင်ဂရုစိုက်မိကြလျှင် ထိုပြဿနာများကို ရှောင်ရှားနိုင်မည်။ ကျောင်း ကို အချိန်နောက်ကျမှ တက်သူများ၊ ဟန်ကြီးပန်ကြီးလုပ်သူများ၊ စာအုပ်မေ့ကျန်တတ်သူများ၊ အခြားသူများအား ကျယ်ကျယ်လောင် လောင် စကားပြောဆိုတတ်သူများ၊ မဆီမဆိုင်သည့် မေးခွန်းထုတ်တတ် သူများသည် သူတို့ကို ဂရုစိုက်မိလာအောင် လုပ်နေခြင်းဖြစ်ကြောင်းကို သတိထားသင့်သည်။ သူလိုချင်သည့်အရာနှင့် လိုအပ်သည့် ဂရုစိုက်မှု များကို ရရှိလာခဲ့လျှင် ထောင်ထဲရောက်သွားနိုင်သည့် အပြုအမူများအား မလုပ်မိစေရန်အတွက် တားဆီးနိုင်မည် ဖြစ်ပေသည်။
သူရဲဘောကြောင်သူများ၊ သီလမရှိသူများ သို့မဟုတ်
ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိသူများ
ယခုအခါ ထိုသရုပ်သကန်တို့ကို အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းနယ်ပယ်များသို့ ဖြန့်ကြက်ကြည့်ကြပါစို့။ ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိသည့် ကျောင်းသားတစ်ယောက်သည် သူ့ အနေဖြင့် အမှတ်များများရသင့်သည်ကို သိပါလျက်နှင့် အမှတ် နည်းနည်းသာပေးသည့်အတွက် ဆရာ့ကို ဘာမျှပြန်ပြောရဲမည် မဟုတ်ပေ။
ရေရှည် အကျိုးသက်ရောက်မှုဖြစ်ပွားစေတတ်သည့် သရုပ်သကန် များသည် အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မရောက်သေးမီသော် လည်းကောင်း၊ ဆယ်ကျော်သက်အရွယ်၏ စောစောပိုင်းနှစ်များ၌သော် လည်းကောင်း တွေ့ရတတ်သည်။ သူတို့ကိုယ်သူတို့ လက်မခံနိုင်သေးမီ ယောက်ျားလေးနှင့် မိန်းကလေးမတူညီကြောင်း ပထမဦးဆုံး ရှာဖွေ တွေ့ရှိသည့်အချိန်တွင် စတင်သည်။ ဆန့်ကျင်ဘက် လိင်တစ်ယောက်နှင့် ဆက်ဆံမိရာမှ ပြဿနာဖြစ်ပြီး တစ်ဖက်မှမိသားစု၏ ငြင်းပယ်ခြင်းကို ခံရသည့်အခါ ပြဿနာပိုဆိုးသွားတတ်သည်။ လူငယ်နှစ်ဦးစလုံးက သော်လည်းကောင်း၊ တစ်ယောက်ယောက်ကသော်လည်းကောင်း ရုပ်ရည်ဆွဲဆောင်မှုမရှိလျှင်၊ ဉာဏ်ပညာနိမ့်ကျနေလျှင် ပို၍ ဆိုးရွားနိုင် သည်။ အများအားဖြင့် လူ့အဖွဲ့အစည်းက အလှအပနှင့် ဦးနှောက်တို့ကို အလွန်တန်ဖိုးထားတတ်ကြသည်။
ဆန့်ကျင်ဘက် လိင်တစ်ဦးတစ်ယောက်၏ဆွဲဆောင်မှုကြောင့် စိတ်အပြောင်းအလဲဖြစ်ကာ အခြေအနေအမျိုးမျိုးကို ပေါ်ပေါက်လာစေ သည်။ သူ့အား လက်ခံမည့်သူတစ်ယောက်ကို အဆုံးရှုံးမခံနိုင်သည့် အတွက် ဖြစ်နိုင်သည့်နည်းလမ်းအားလုံးကို အသုံးပြုမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိ၍ ရိုးသားသည်ဟုယူဆသော ဆက်ဆံရေးမျိုးကို ခွင့်ပြု သည့် လူ့အဖွဲ့အစည်းနှင့် ပေါင်းစပ်မိသောအခါ အသက်ငယ်ငယ် ရွယ်ရွယ်တွင် အခြေအနေအမျိုးမျိုးကို ရောက်ရှိသွားတတ်သည်။ ရုပ်မြင် သံကြား အစီအစဉ်များ၊ ရုပ်ရှင်ဇာတ်လမ်းများ၌ ပါဝင်သည့် ကိုယ်ကျင့် သီလလျော့ပါးမှု အခန်းများကြောင့် အိမ်ထောင်မပြုဘဲ ဆက်ဆံပေါင်း သင်းခြင်း၊ ကာလသားရောဂါများ ရရှိခြင်း၊ ဖခင်မပေါ်ဘဲ ကလေး မွေးဖွားခြင်းများ ဖြစ်တတ်သည်။ အိမ်ထောင်ဖက် နှစ်ယောက်ကြား တွင် မည်သည့်တူညီမှုမျှမရှိဘဲနှင့် ဇီဝဗေဒပိုင်းဆိုင်ရာ တိုက်တွန်းမှု ကြောင့် စောစောစီးစီး လက်ထပ်ရသည့်အဖြစ်မျိုးကို ရောက်သွားတတ် သည်။
ကိုယ့်ကိုယ်ကိုယ် အထင်သေးအမြင်သေးရှိသည့် လူငယ်တစ် ယောက်အနေဖြင့် မိမိတွင် အဖော်တစ်ယောက်မျှပင် မှန်မှန်တွဲစရာ မရှိဘဲ သူများတွေမှာ တစ်ယောက်စီ တစ်ယောက်စီ ရှိနေကြောင်းကို တွေ့မြင်ရသည့်အခါ တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုကို ရအောင် သိသိသာသာ လုပ်ဆောင်ပြတတ်ကြတော့သည်။ ဤနည်းဖြင့် ဒယဉ့်တိုက်ဆွဲသည့်အတွက် ရရှိလာသည့်အထဲက ကိုယ်မလိုချင်သည့် အရာများကို ဖမ်းဖို့လည်းခက်၊ ပစ်ဖို့လည်းခက်ပြီး ကိုယ့်ထက်သာသည့် ငါးမျှားချိတ်နောက်သို့လည်း ကိုယ်ဖမ်းမိသမျှတွေ ပါသွားနိုင်သည်။ ကိုယ်ကာယ အလှအပအပေါ်မူတည်၍ တည်ဆောက်ထားသည့် ဆက်ဆံရေးများသည် သက်တမ်းတိုတတ်ကြသည်။
ကိုယ့်ကိုယ်ကိုယ် အထင်အမြင်သေးမှုမရှိသည့် လူငယ်များသည် ဆန့်ကျင်ဘက်လိင်များနှင့် စောစောစီးစီး အိမ်ထောင်ကျခြင်း၊ ကြံ့ခိုင် သည့် ဆက်ဆံရေးမျိုးမရှိခြင်းဟူသော အမှားများမဖြစ်ကြပေ။ သူတို့ ကိုယ်သူတို့ တော်မှန်းသိပြီး လေးစားမှုလည်း ရှိသည်။ လူတကာ လုပ်နေသည့်နောက်သို့ လိုက်စရာ မလို။ သူ့ကို ချစ်ကြောင်းသက်သေ ပြနေစရာမလို။ အပျော်အပါးနှင့် စစ်မှန်သည့် ပျော်ရွှင်မှုတို့၏ ခြားနား ချက်ကို သိသည်။ ဘဝတစ်သက်တာ ပျော်ရွှင်မှု၏ အကျိုးကျေးဇူးများ ကို ခဏတာအပျော်အပါးနှင့် ကိုယ်ကျင့်သီလမဲ့မှုများဖြင့် မလဲနိုင်ကြ ပေ။
လူကြီးလူကောင်းဆန်ဆန် ဆောင်ရွက်သူများနှင့် သူတို့၏ အပေါင်းအသင်းများသည် အသက်၊ လိင်၊ ပညာ၊ အရွယ်အစား၊ အသား အရောင်နှင့် မသက်ဆိုင်သည့် အလားတူပြဿနာများကို ကြုံတွေ့ တတ်ကြသည်။ “ငါဟာ လူကောင်းတစ်ယောက်ဖြစ်တယ်။ ဘယ်သူ့မှ မစော်ကားဘူး”ဟု ကိုယ့်ကိုယ်ကိုယ် ထင်တတ်ကြသည်။ လူငယ် တစ်ယောက်အနေဖြင့် သူမကြိုက်သည့် ဆေးလိပ်များ၊ အရက်များ သောက်သည်။ သူ့ကို ထိပါးစော်ကားသည့် ညစ်ညမ်းသော ပြက်လုံး များကို ရေးသည်။ သူမကြိုက်သည့် အပေါင်းအသင်းများကို ပေါင်း သည်။ သူ မနှစ်သက်သည့် အဝတ်အစားများကို ဝတ်ဆင်၍ မကြိုက် သည့်အပြုအမူများကို ပြုမူသည်။ ဤသို့ပြုမူခြင်းအားလုံးသည် သူ့ကိုယ်သူ လက်မခံနိုင်၍ဖြစ်ပြီး အကယ်၍ သူ့ကိုယ်သူ ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသား ရပ်တည်လိုက်လျှင် အခြားသူများနှင့် ဆန့်ကျင် ဘက်ဖြစ်ပြီး သူ့မှာ မိတ်ဆွေများ မရှိနိုင်တော့ဟု ထင်ကာလုပ်နေခြင်း ဖြစ်သည်။
အရွယ်ရောက်သူ လူကြီးတစ်ယောက်အနေဖြင့်ဆိုလျှင် သူတို့ ကြားချင်သည့်အရာများကိုသာ ပြောတတ်၊ လုပ်တတ်ကြသည်။ အကျက်လွန်နေသည့် သားငါးများကို မီးဖိုချောင်ထဲသို့ ပြန်ပေးလိမ့်မည် မဟုတ်။ ဆရာဝန်တစ်ယောက်က ကိုယ့်အလှည့် ကျပါလျက်နှင့် ကိုယ့်ကိုမကြည့်ဘဲ အခြားလူနာများကို ကြည့်နေ၍ အချိန်တွေကြာသွား လျှင်လည်း စောင့်နေမည်။ ဆံပင်ညှပ်ဆိုင်မှာလည်း သူ့နေရာကို လိုချင်လာသူအား ပေးမည်။ မိမိကားရပ်မည့်နေရာတွင် သူများတွေ ကားဝင်ရပ်သည်ကိုလည်း ခံမည်။ တန်းစီနေသည့်ကြားထဲတွင် ကိုယ့် ရှေ့က ဇွတ်တိုးဝင်လာလျှင်လည်းသည်းခံမည်။ အထက်လူကြီးနှင့် လည်း အငြင်းမသန်။ ကိုယ်လုပ်ထားပြီးသားကို သူများက အမှတ်ဝင် ယူသွားလျှင်လည်း မကန့်ကွက်။
နားလည်မှု မလွဲပါနှင့်။ ခင်ဗျား၏ ကိုယ့်ကိုယ်ကိုယ်ထင်မြင်ပုံက တောင့်တင်းကြံ့ခိုင်၍ ခင်ဗျား လိုချင်သည့်အရာမှာလည်း ဤအရာသာ ဖြစ်သည်ဟုဆိုလျှင် အလွန်ကောင်းပါသည်။ ထိုဖြစ်ရပ်များသည် ခင်ဗျားဘဝအရေးနှင့်ပတ်သက်၍ အသေးအဖွဲဟု ယူဆလျှင် ခင်ဗျား ကိုယ်ခင်ဗျား ရှုမြင်ပုံမှာ အလွန်ထူးခြားပါသည်။ သို့သော် လူအများ လက်ခံအောင် ကြိုးစားနေ၍ အခြားအရာများ ရမည်မဟုတ်ပါ။ အကြောင်းမှာ ရှင်းပါသည်။ ခင်ဗျားသည် ခင်ဗျား၏ ဆန္ဒအစစ်အမှန်ကို ထုတ်ဖော်ပြသနေခြင်း မဟုတ်ပေ။ အတုအယောင်များကိုသာ ပြသနေ ခြင်းဖြစ်သည်။ အတုအယောင်များ ပါဝင်သော လူအတော်များများသည် အခြားသော အတုအယောင်များကို ကြိုက်နှစ်သက်ခြင်း မရှိကြပေ။
ထို့ကြောင့် ဘဝ၏ ဖြစ်ရပ်အားလုံးသည် ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေး ရှိမှုတို့ကြောင့် ထိခိုက်နစ်နာမှု ရှိလိမ့်မည်။ ထိုအထင်သေး အမြင်သေးရှိတတ်သည့် အုပ်စုထဲ၌ ခင်ဗျားဝင်ဆံ့သည် ဟုထင်လျှင် ရှေ့စာမျက်နှာများကို ဆက်ဖတ်ကာ စိတ်မတို၊ ဒေါသ မထွက်ရန် ကြိုတင်အသိပေးလိုပါသည်။ နောက်စာမျက်နှာများ၌ ကိုယ့် ကိုယ်ကိုယ် အထင်သေး အမြင်သေး ရှိမှုကိုပြင်မည်။ ကိုယ့်ကိုယ်ကိုယ် ကြည်ကြည်လင်လင်၊ ယုံယုံကြည်ကြည်မြင်လာစေရန် တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ညွှန်ပြထားသည်။ ယခုအခါ ခင်ဗျားအနေဖြင့် အောင်မြင်မှုလှေကားကို စတင်တက်လှမ်း ရန် အဆင်သင့်ဖြစ်နေပြီ။ ထိုလှေကား၏ အောက်ဆုံး၌ရှိသည့် အုပ်စု ထဲက ထွက်လာနိုင်ခဲ့လျှင် ထိုလှေကားကို မြန်မြန်ဆန်ဆန်တက်ဖို့ လွယ်ကူကြောင်း သဘောပေါက်လာလိမ့်မည်။ ယခုအခါ ခင်ဗျား အနေဖြင့် လှေကားကို စတင်တက်လှမ်းနေပါပြီ။
- Log in to post comments