ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးသည့် မိုက်လုံးကြီးသူများ

Type

 

ကိုရင်မောင်
 

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း တည်ဆောက်ထားတဲ့ မိုင်တဲလ်တာဝါတိုင် ၁၁ ခုကို  လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တစ်ချိန်တည်းမှာပဲ ချိန်ကိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်ဆိုပြီး Pyu Regional News ဆိုတဲ့ ရုပ်သံတစ်ခုကို ပြည်ပအခြေစိုက်မြန်မာသတင်းဌာနတွေက စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် ထုတ်လွှင့်ပြသခဲ့တာကို အားလုံးတွေ့ကြရမှာ ဖြစ်ပါတယ်။

ရုပ်သံထဲမှာ   ဆက်သွယ်ရေးတာဝါတိုင်ကို မဖောက်ခွဲမီ ကြိုတင်ဗီဒီယိုရိုက်ကူးထားတယ်။  ဗုံးဖောက်ခွဲလိုက်တဲ့အခါမှာ    တာဝါတိုင်ကြီး ပေါက်ကွဲလဲပြိုသွားပြီး   ဒေသခံအကြမ်းဖက်သမား PDF  လို့   ယူဆရတဲ့   လက်နက်ကိုင်လူငယ်တွေ ဟာ  ဝမ်းသာအားရဖြစ်နေကြတဲ့  ရုပ်ပုံတွေကို တွေ့လိုက်ရပါတယ်။
NLD ကမွေးဖွားလာတဲ့ လွတ်မြောက်နယ်မြေ မှာ ခိုအောင်းနေတဲ့ NUG အဖျက်သမားအကြမ်း ဖက်အဖွဲ့အစည်းရဲ့ သွေးထိုးလှုံ့ဆော်မြှောက်ပင့် ပေးမှုကြောင့် ပေါ်ပေါက်လာတဲ့  ဒေသခံ   PDF အကြမ်းဖက်သမားတွေရဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ လုပ်ရပ်တွေ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ ဟာ   မြို့ပေါ်မှာ   အမိုက်မှောင်ဖုံးနေတဲ့သူတွေနဲ့ ကျေးလက်တွေမှာ အသိဉာဏ်ဗဟုသုတ အမြော် အမြင်နည်းပါးပြီး လူမှုကွန်ရက်ပေါ်က သွေးထိုး လှုံ့ဆော်ပေးတဲ့  သတင်းအချက်အလက်တွေကို အခြေခံကာ  NUG  အဖျက်သမားအကြမ်းဖက် အဖွဲ့အစည်းနဲ့ မြှောက်ပင့်ပေးကြတဲ့ အဖျက်သမား တွေရဲ့ ထောက်ပံ့ပေးမှုတွေနဲ့ လူသတ်၊ ဓားပြတိုက်၊ အကြမ်းဖက်လုပ်ရပ်တွေကို ၎င်းတို့ရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်ဒေသတွေမှာ  မကြာခဏ   ပြုလုပ် နေကြတာဖြစ်ပါတယ်။
ပြည်သူများခံစားရ 
ဆက်သွယ်ရေးတာဝါတိုင်တွေဟာ     NLD အပါအဝင် ယခင်အစိုးရအဆက်ဆက်ကတည်းက အများပြည်သူတွေ   လူမှုစီးပွားလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ရာမှာ   အဆင်ပြေစေရေး အတွက် နိုင်ငံတစ်ဝန်းမှာ   ပုဂ္ဂလိက   ပြည်ပ လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ  သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားကြတဲ့ ဆက်သွယ်ရေး တာဝါ တိုင်တွေဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ လွှမ်းခြုံ တည်ဆောက်ပေးထားပြီး ဆက်သွယ်ရေးတာဝါ တိုင်တွေကို မြို့ပြနဲ့  ကျေးလက်ပါမကျန်   လူသူ မနီးတဲ့ နေရာတွေမှာ ငှားရမ်းတည်ဆောက်ထားကြ တာဖြစ်ပါတယ်။   ဒီဆက်သွယ်ရေးတာဝါတိုင် တွေ  တည်ဆောက်ထားတဲ့ အကျိုးကျေးဇူးကြောင့် နေရာဒေသမရွေး ဆက်သွယ်ပြောဆိုလုပ်ကိုင်နိုင် ကြတဲ့ အကျိုးကျေးဇူးတွေကို ပြည်သူအားလုံးရရှိ ခံစားနေကြရပါတယ်။
ဆက်သွယ်ရေးတာဝါတိုင်တွေကို မသမာသူ အဖျက်သမားတွေက  ဖျက်ဆီးကြတာ   အခုမှ မဟုတ်ပါဘူး။ လူသူမနီးတဲ့နေရာတွေမှာ ကိုယ်ကျင့် စာရိတ္တမကောင်းမွန်ဘဲ  အသိဉာဏ်နည်းပါးတဲ့ သူခိုးသူဝှက်တွေက ဖျက်ဆီးယူငင်ကြတာ အစော ပိုင်းကတည်းကပါပဲ။ ယခုနောက်ပိုင်းမှာ အကြမ်း ဖက်အဖျက်သမားတွေက   တာဝါတိုင်တွေကို လစ်ရင်လစ်သလို ဖျက်ဆီးလာကြပါတယ်။ တာဝါ တိုင်တွေ   အပါအဝင်ဖြစ်တဲ့   အများပြည်သူ ဆက်သွယ်မှုဆိုင်ရာတွေကို     တိုင်းရင်းသား လက်နက်ကိုင်တွေတောင်  ဖျက်ဆီးခြင်း  မပြု လုပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆက်သွယ် ရေးဆိုင်ရာ    အခြေခံအဆောက်အအုံတွေဟာ အစိုးရက      ခွင့်ပြုပေးထားတာဖြစ်ပေမယ့် ဒီအဆောက်အအုံတွေဟာ မတူကွဲပြားတဲ့သူတွေ အားလုံးအသုံးပြုလို့   ရနေတာကြောင့်  ဖြစ်ပါတယ်။   ဒါပေမယ့် ကျေးလက်ဒေသက အကြမ်းဖက်သမား တွေဟာ တွေးခေါ်မြော်မြင်မှု နိမ့်ကျလွန်းပြီး အစိုးရနဲ့ ပတ်သက်တာမှန်သမျှ အကုန်လိုက်ဖျက်ဆီးပစ်ဆိုတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့  လုပ်ရပ်တွေ ဟာ ၎င်းတို့အပါအဝင် ပြည်သူတွေရဲ့ အကျိုးစီးပွား တွေပါ  ပျက်စီးစေတယ်ဆိုတဲ့   အတွေးအခေါ် နည်းနည်းလေးမှမရှိတာ သေချာပါတယ်။
တာဝါတိုင်တွေဖျက်ဆီး 
ယခုလတ်တလောအနေနဲ့    ကျေးလက်က အကြမ်းဖက်သမားတွေဟာ စက်တင်ဘာလ ၄ ရက် နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ထဲမှ ရွှေလှံကျေးရွာ  အနောက်ဘက်က   မိုင်တဲလ် တာဝါတိုင်ကို ဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီးထဲမှာ သပိတ် ကျင်းမြို့နယ်ထဲက တကောင်း-ဗန်းမော်ကားလမ်း၊ မိုင်တိုင် ၁၅/၁ နေရာမှာရှိတဲ့   အူရီဒူးတာဝါတိုင် တစ်ခု။ ထိုနေ့မှာပဲ မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်ထဲမှာရှိတဲ့ ပတ်လည်ကျင်းကျေးရွာမှ နေအိမ် ခြံဝင်းထဲက  အူရီဒူးတာဝါတိုင်တစ်ခု။ ထိုနေ့မှာပဲ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ထဲမှာရှိတဲ့ ကျည်တောက်ပေါက်ကျေးရွာ ဓမ္မာရုံအနီးက အူရီဒူး တာဝါတိုင်တစ်ခု။ ထိုနေ့မှာပဲ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ကျည်ကန်ကျေးရွာ လယ် ကွက်အတွင်းက မိုင်တဲလ်၊ တယ်လီနော၊  အူရီဒူး တာဝါတိုင်တစ်ခု။ စက်တင်ဘာလ  ၆  ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်မြို့နယ်အနီး စခန်းနှင့် ဆင်လမ်းဆည်ဆက်သွယ်တဲ့လမ်းပေါ်က အူရီဒူး၊ တယ်လီနော တာဝါတိုင်တစ်ခု။ စက်တင် ဘာလ  ၇  ရက်နေ့မှာ   မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဖလံကျင်းကျေးရွာ မိတ္ထီလာ - ပင်း တလဲ ကားလမ်းဘေးရှိ မိုင်တဲလ်တာဝါတိုင်တစ်ခု။ ထိုနေ့မှာပဲ   ဝမ်းတွင်းမြို့နယ်   သဲတောကျေးရွာ အနောက်တောင်ဘက်ရှိ မိုင်တဲလ်တာဝါတိုင်တစ်ခု။ ထိုနေ့မှာပဲ  ငါန်းဇွန်မြို့နယ် အမှတ် (၄) ရပ်ကွက် နေအိမ်ခြံဝင်းအတွင်းမှာရှိတဲ့  မိုင်တဲလ်၊  အူရီဒူး၊ တယ်လီနော တာဝါတိုင်မှ ဆက်သွယ်ရေးလိုင်းများကို ဖျက်ဆီးခဲ့ကြပါတယ်။
NUG  လေလှိုင်းပေါ်က  တရားမဝင်အစိုးရရဲ့ မြှောက်ပင့်သွေးထိုးပေးမှုနဲ့ ဒေသခံ PDF လို့ဆိုတဲ့ အကြမ်းဖက်သမားတွေဟာ ၎င်းတို့ရဲ့ ဒေသအတွင်း မှာ အစိုးရကို လက်နက်စွဲကိုင်ပြီး တိုက်ခိုက်တယ်လို့ ကြွေးကြော်ကြပေမယ့်လည်း တကယ်တမ်းမှာ ၎င်းတို့ ဒေသအတွင်းမှာ နေထိုင်ကြတဲ့ ၎င်းတို့ရဲ့ ပြည်သူတွေ ပဲ ထိခိုက်နစ်နာ၊ ဒုက္ခဆင်းရဲရောက်နေကြတာကို တွေ့ရပါတယ်။ မိမိတို့ရပ်ရွာမှာ နေထိုင်ကြသူအချင်း ချင်း၊ ကျေးရွာမှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွင်းမှာ NLD နဲ့မတူကွဲပြားတဲ့ အခြားပါတီဝင်တွေ၊ အစိုးရ သတင်းပေးလို့  အမျိုးမျိုးအဖုံဖုံစွပ်စွဲပြီး  ဒလန်လို့ သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုတွေ နေ့စဉ်ပြုလုပ် လျက် ရှိပါတယ်။ ဒါ့အပြင် မိမိတို့  ရပ်ရွာပတ်ဝန်း ကျင်မှာရှိတဲ့ အများပြည်သူအကျိုးပြုလမ်း၊ တံတား၊ အဆောက်အအုံတွေကို  မီးရှို့၊ ဗုံးထောင်၊ ဖောက်ခွဲ ဖျက်ဆီးကြပါတယ်။
နိုင်ငံဂုဏ်သိက္ခာထိခိုက် 
ဆင်းရဲနွမ်းပါးမှုမြင့်မားဆဲဖြစ်တဲ့ ကျေးလက်တွေ အဖို့ ကျေးလက်က အသိဉာဏ်နည်းပါးတဲ့ ပြည်သူ တချို့ဟာ NUG ရဲ့  တိုင်းပြည်ပျက်စီးရေး   အဖျက် သမား စိတ်ဓာတ်တွေ သွတ်သွင်းပေးနေတာကြောင့် ကိုယ့်ဒေသကို ကိုယ်ဖျက်ဆီးနေကြတာကို  တွေ့ရ တာ အလွန်ပဲစိတ်မကောင်းစရာပါပဲ။ ကမ္ဘာပေါ်မှာ နေထိုင်ချင်စရာ အကောင်းဆုံး၊ လောက  သံသရာ လွတ်မြောက်ရေးအတွက် တရားရှာဖွေရာ အကောင်း ဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက်တရား ရှာဖွေတဲ့  နိုင်ငံခြားသား   ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးရဲ့ ပြီးခဲ့တဲ့ရက်က  အွန်လိုင်းပေါ်မှ  မြန်မာ ပြည်သူပြည်သားများအတွက်   မေတ္တာရပ်ခံစကား ဟာ မှတ်သားစရာဖြစ်ပါတယ်။ 
ဗုဒ္ဓဘာသာမဟုတ်တဲ့  နိုင်ငံခြားသားတွေဟာ သံသရာဝဋ်ဆင်းရဲက ချုပ်ငြိမ်းရေး အစစ်အမှန် တရားရရှိနိုင်တဲ့ မြန်မာနိုင်ငံမှာ လာရောက်တရား ရှာကြခဲ့ပေမယ့် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား တချို့ဟာ လောဘ၊  ဒေါသ၊  မောဟတရားတွေနဲ့ သံသရာဒုက္ခတွင်းထဲကို ဆင်းသက်နေပါတယ်တဲ့။ လူကြီးမိဘ၊ ရဟန်းတော်တွေကို ဆဲဆိုပြစ်မှားကြ တာ၊ လူအချင်းချင်း  သတ်ဖြတ်ကြတာတွေကို  ရက်ရက်ရောရော ပြုလုပ်နေကြပါတယ်တဲ့။  ၎င်း  ရဟန်းတော်ရဲ့ ဘာသာခြားအစ်ကိုက “မင်းတရား ရှာခဲ့တဲ့  နိုင်ငံက  လူတွေက  ဒီလိုပဲလား”  လို့   ပြောခဲ့တာကို ဝမ်းနည်းစွာကြားနာ မှတ်သားရပါ တယ်။
မြန်မာနိုင်ငံမှာ အစွန်းရောက်အကြမ်းဖက် သမားတွေထက် ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်သမား တွေ ရှိနေတာဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် စရာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ သွားရောက် ပြီးတော့  ကိုယ့်မြန်မာနိုင်ငံ   ပျက်စီးရာပျက်စီး ကြောင်း နေ့စဉ်သွေးထိုးပေးနေတဲ့ လေလှိုင်းပေါ် က အစိုးရကို ဘယ်နိုင်ငံ၊ ဘယ်လူမျိုးက ထောက်ခံ ကြတယ်ဆိုတာကို   စဉ်းစားကြည့်နိုင်ပါတယ်။ ယခုပြည်သူတွေ   အသိအမြင်  ဗဟုသုတတွေ၊ အလုပ်အကိုင်အကျိုးစီးပွားတွေ ဖြစ်ထွန်းနိုင်စေ ရန်အတွက် တည်ဆောက်ပေးထားတဲ့ ဆက်သွယ် ရေးတာဝါတိုင်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက် ဖျက်ဆီးနေကြပါတယ်။ 
အခြေခံအဆောက်အအုံတွေ   ပျက်စီးသွားရင် ဒီဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေပဲ ထိခိုက် နစ်နာကြပါတယ်။ ဒေသခံပြည်သူတွေ လူမှုစီးပွား အဆင်ပြေစေရေးအတွက် တည်ဆောက်ပေးထား တဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေဟာ ပြည်သူ့ အကျိုးပြု  အဆောက်အအုံတွေ  ဖြစ်ပါတယ်။ သာရေး၊ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရောင်းဝယ်ဖောက်ကားရေး စတာတွေ ကို များစွာအထောက်အကူပြုပါတယ်။ ယခုအခါ တာဝါတိုင်တွေကို  ဖျက်ဆီးလိုက်တဲ့   ဒေသတွေ အဆိုပါကိစ္စတွေ   လုပ်ကိုင်နိုင်ရန်အတွက် အဆက် အသွယ်တွေ   ပြတ်တောက်သွားပါပြီ။   အခြေခံ အဆောက်အအုံတစ်ခုကို   ပြန်လည်ထူထောင် ဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။
ပြည်သူတွေထိခိုက်ဆုံးရှုံး
အကြမ်းဖက်သမား  NUG   ရဲ့   မြှောက်ပင့် သွေးထိုးပေးနိုင်အောင်         ပြည်ပမီဒီယာတွေ၊ ပြည်တွင်းအစွန်းရောက်တွေ   အသုံးချနေတာ ဟာ   ဒီဆက်သွယ်ရေးကွန်ရက်တွေပဲ  ဖြစ်ပါ တယ်။ ကွန်ရက်တွေ   ပြတ်တောက်သွားတဲ့အတွက် မြှောက်ပင့်သွေးထိုးမှုတွေ မရောက်နိုင်တော့ပါ ဘူး။ အသိအမြင်နည်းပါးရတဲ့အထဲ   မသိမမြင် ရတော့ ဆင်ကန်းတောတိုး ထင်ရာစိုင်းပြီး နိဂုံး ချုပ်သွားမှာဖြစ်ပါတယ်။ ကျေးလက်ပြည်သူတွေ ဟာ စာပေဖတ်ရှုခြင်း၊ ပညာလိုက်စားခြင်း အားနည်း တာကြောင့် လေလှိုင်းပေါ်က မမှန်စကားတွေကိုပဲ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ 
ဤအသိဉာဏ်နည်းပါး   မိုက်မဲမှုတွေဟာ ကောင်းကျိုးရော၊ ဆိုးကျိုးရော  ဆုံးရှုံးပျက်စီး သွားစေပါတယ်။ အသိဉာဏ်ပညာဗဟုသုတတွေ ကို ဖျက်ဆီးတဲ့လုပ်ရပ်တွေမှာ ဆက်သွယ်ရေး တာဝါတိုင်တွေ  ဖျက်ဆီးခံရခြင်းလည်း ပါဝင်ပါတယ်။ တာဝါတိုင် တွေ ဖျက်ဆီးခံလိုက်ရတာဟာ   ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေ   ဆုံးရှုံးတာသာမက အလှမ်းဝေးတဲ့  ကျေးလက်ဒေသတွေမှာ  လူမှုဘဝ ခံစားမှုတွေနဲ့ ဖြေဖျော်မျှဝေကျေနပ်ရတဲ့ အင်တာနက် လိုင်းတွေပါ ဆုံးရှုံးသွားပြီဖြစ်ပါတယ်။  
အကြမ်းဖက်သမား NLD ၊ CRPH ၊ NUG နဲ့ PDF တွေဟာ အစိုးရပြုတ်ကျရေး၊ အာဏာပြန်လည်ရရှိ ရေးအတွက် ပြည်သူလူထုအကျိုးစီးပွားကို မငဲ့ကွက် ဘဲ အဖျက်လုပ်ရပ်မှန်သမျှကို   တစိုက်မတ်မတ် လုပ်နေကြတာကို ပြည်တွင်းသာမက နိုင်ငံတကာ ကပါ သိရှိလာကြပြီဖြစ်ပါတယ်။ အုပ်ချုပ်သူတရားဝင် အသိအမှတ်ပြု     အစိုးရဆိုတာ     ပြည်သူလူထု  ကောင်းကျိုးစီးပွားဖြစ်ထွန်းရေးအတွက် မည်သည့် အခြေအနေတွင်မဆို  အစွမ်းကုန်ဖြည့်ဆည်းဆောင် ရွက်ပေးကြရပါတယ်။   ပြည်သူလူထု  အကျိုးစီးပွား ဖျက်ဆီးသူတွေကို  အစွမ်းကုန်   ရှင်းလင်းဖယ်ရှား ရမယ့် တာဝန်ရှိပါတယ်။ 
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် အကြောင်းကြောင်းကြောင့် တပ်မတော်ဟာ နိုင်ငံတော်ကို တာဝန်ယူစဉ်မှာလည်း ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသလို နိုင်ငံ့တာဝန်မယူဘဲ မူလတာဝန်ထမ်းဆောင်စဉ်မှာ လည်း  ပြည်သူလူထုအကျိုးစီးပွားကို   ကာကွယ် စောင့်ရှောက်ပေးလျက်ရှိပါတယ်။ ရှေးကာလက နိုင်ငံရေးပါတီတွေနဲ့အတူ NLD ပါတီကလည်း နိုင်ငံ့တာဝန်ယူခဲ့ဖူးပါတယ်။ တာဝန်ယူတဲ့အချိန် မှာလည်း ဖြစ်ဖြစ်မြောက်မြောက် တာဝန်မယူ နိုင်ဘဲ  တာဝန်မယူရတဲ့အချိန်မှာတော့ ဖျက်လို ဖျက်ဆီးလုပ်ကိုင်ခဲ့ကြတာကို   မြန်မာ့သမိုင်းမှာ တွေ့နိုင်ပါတယ်။ 
မြန်မာ့သမိုင်းကို ချုပ်ကြည့်မယ်ဆိုရင် နိုင်ငံရေး စင်မြင့်ပေါ်ကို ရောက်ရှိခဲ့တဲ့ နိုင်ငံရေးသမားတွေ ဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ စေတနာမမှန်တဲ့ နိုင်ငံရေးခံယူချက်နဲ့ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ကြတဲ့  မိုက်လုံးကြီးသူများ” လို့   ဆိုလိုက်ချင်ပါ တယ်။     ။