ကိုယ်ပြုသည့်ကံ . . .

Type

 

 

မောင်သောမန

 

ယနေ့ကာလတွင် သူတစ်ပါးပိုင်၊  အများ ပြည်သူပိုင် နေအိမ်၊ ကျောင်း၊ အဆောက် အအုံတို့ကို  မသမာသူအဖျက်သမားတို့က မီးရှို့ဖျက်ဆီးခြင်း၊  ဗုံးခွဲတိုက်ခိုက်ခြင်း တို့အပြင်    “ငါနဲ့မတူ  ငါ့ရန်သူ”   အဖြစ် သတ်မှတ်ကာ     ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့   ပြုလုပ်ကြသည်ကို မြင်တွေ့ကြားသိနေရပါ၏။  ထိုသို့  မီးရှို့၊ ဗုံးခွဲ၊   သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများ၏     ထွက်ဆိုချက် များအရ NLD အစွန်းရောက်များ၊ CRPH နှင့် NUG ၊  ၎င်းတို့ကို  ထောက်ခံသူများ၊ PDF များ၊  ၎င်းတို့က   ငွေပေးစေခိုင်း သူများက   ပြုလုပ်ခဲ့ကြသည်ဟု   ထွက် ဆိုထားသည်။
မလွဲမသွေခံစား 
NLD ပါတီဝင်  အစွန်းရောက်များ၊  NLD ပါတီကို ထောက်ခံသူများ၊  ဝန်းရံသူ များနှင့် တပ်မတော်အပေါ်  အမြင်မကြည် လင်သူများ၊    မကျေနပ်သူများသည် အများပြည်သူဆိုင်ရာတို့ကို    ဗုံးခွဲ၊ မီးရှို့ဖျက်ဆီးမှုများအား    ၎င်းတို့၏ အားထုတ်မှုဖြစ်သော်လည်း    လုံခြုံရေး တပ်ဖွဲ့ဝင်များက        ပြုလုပ်သယောင် မဟုတ်မမှန်လုပ်ကြံစွပ်စွဲ    ပြောဆိုနေ ကြသည်ကို   လူမှုကွန်ရက်များပေါ်တွင် နေ့စဉ်မြင်တွေ့ကြားသိနေရသည်။
အဆိုပါ    ဗုံးခွဲ၊     မီးရှို့ဖျက်ဆီး၊ သတ်ဖြတ်မှုများကို     မိမိတို့ပြုလုပ် သည်ဟု  ရဲဝံ့စွာ  အသိပေးခြင်းမပြုလုပ် ဝံ့ဘဲ ခိုးကြောင်ခိုးဝှက်ပြုလုပ်ရုံသာမက သူတစ်ပါးအား အပြစ်ပုံချသော လုပ်ရပ် တို့သည်       သူရဲဘောကြောင်သည့် ယုတ်မာရက်စက်မှုသာ        ဖြစ်သည်။ မကောင်းမှုသည်  ဆိတ်ကွယ်ရာမရှိချေ။ ဥပဒေအရ ရှောင်တိမ်းမရသည်သာမက မိမိတို့ကျူးလွန်မှုတို့ကို  ကိုယ်စောင့်နတ်၊ လောကစောင့်နတ်တို့  သိကြပေသည်။ ဥပဒေအရ      မကောင်းမှုဟူသည် ပြေးလွတ်ရိုး  ထုံးစံမရှိပေ။  လောကတွင် မည်သည့်အမှုကို    ပြုလုပ်သည်ဖြစ်စေ ကောင်းကျိုး၊  ဆိုးကျိုးတို့ကို  အချိန်တန် လျှင်     မလွဲမသွေ   ခံစားကြရမည်ဖြစ် သည်။
ဤသို့မပြတ်ဖြစ်
တရားတော်တွင်     အခါတစ်ပါး၌ အရှင်မဟာမောဂ္ဂလာန်သည်   အရှင် လက္ခဏနှင့်အတူ    ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံကြွရန်       ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာသောအခါ ဒိဗ္ဗစက္ခုအဘိညာဉ် ဖြင့်   စပါးကြီးမြွေပြိတ္တာတစ်ကောင်ကို မြင်၍ ပြုံးတော်မူ၏။ အရှင်လက္ခဏက ပြုံးတော်မူသည်ကို      အမေးရှိသော် အရှင်မဟာမောဂ္ဂလာန်က  “မြတ်စွာ ဘုရားရှင်ထံသို့   ရောက်သော်   ငါ့ကို မေးလော့”  ဟုဆို၏။  ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံပြီး  မြတ်စွာဘုရားရှင်ထံ ရောက် သော်      အရှင်လက္ခဏက     မေးသဖြင့် အရှင်မဟာမောဂ္ဂလာန်က         “ငါ့ရှင် လက္ခဏ  ငါသည်   ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာသော်  မြွေပြိတ္တာတစ်ကောင်ကို မြင်ရ၍   ပြုံး၏။   ထိုပြိတ္တာ    ကိုယ်ကား  ၂၅ ယူဇနာ   ရှည်၏။   မီးလျှံတို့သည် အမြီးဖျားသို့    ရောက်သွားပြီး    တစ်ဖန် အမြီးဖျားမှထ၍  ဦးခေါင်းသို့သွားကုန်၏။ ဤသို့ မပြတ်ဖြစ်၏” ဟု  ဖြေကြား၏။
ထိုအခါ        မြတ်စွာဘုရားရှင်က “ရဟန်းတို့  ငါဘုရားသည်လည်း  ထိုမြွေ ပြိတ္တာကို    ဘုရားဖြစ်စ   ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ်ကပင်  မြင်ခဲ့၏။  သို့ရာတွင် ငါဘုရားက    ထိုပြိတ္တာ   အကြောင်းပြော၍ လူတို့   မယုံကြည်ခဲ့လျှင်   သူတို့အား  အကျိုးစီးပွားမဲ့       ဖြစ်ကြမည်ဖြစ်၍ ဟောတော်မမူခဲ့။ ယခုမှ အရှင်မောဂ္ဂလာန် ကို သက်သေအဖြစ်ရ၍ ဟောတော်မူရ၏” ဟု မိန့်တော်မူ၏။  ထိုအခါ  ရဟန်းတို့က မြတ်စွာဘုရားရှင်အား         ထိုစပါးကြီး မြွေပြိတ္တာ၏        မကောင်းမှုအကြောင်းကို မေးလျှောက်ကြ၏။
ဆင်းရဲကို ခံစားရ
မြတ်စွာဘုရားရှင်က    “ရဟန်းတို့ ထိုမြွေပြိတ္တာသည်       ကဿပဘုရားရှင် လက်ထက်က    ခိုးသူကြီး  ဖြစ်ခဲ့၏။ သူသည်  သုမင်္ဂလသူဌေးကြီးကို  ရန်ငြိုးဖွဲ့ ထားရှိ၍  သူဌေးကြီး၏အိမ်ကို   ခုနစ်ကြိမ် တိုင် မီးတိုက်ဖျက်ဆီးခဲ့၏။  သူဌေးကြီး၏ နွားခြံမှ    နွားတို့၏   ခြေထောက်များကို လည်း  ခုတ်ဖြတ်ခဲ့၏။   သူသည်   ထိုမျှနှင့် အားမရသေးဘဲ   မြတ်စွာဘုရားရှင်အတွက် ထိုသူဌေးကြီး ဆောက်လုပ်လှူဒါန်းထား သည့်   ဂန္ဓကုဋိတိုက်ကိုပင်    မြတ်စွာဘုရား ရှင်   ဆွမ်းခံကြွခိုက်   မီးတိုက်ဖျက်ဆီးခဲ့၏။ ဤမကောင်းမှုကံကြောင့်    ထိုခိုးသူကြီး သည်  သေသော် အဝီစိငရဲ၌  ကာလရှည်စွာ ကျခံခဲ့ရ၏။  ထို့နောက်  ထိုမကောင်းမှု၏ အကျိုးအကြွင်းအားဖြင့်    ယခုဤကဲ့သို့ မြွေပြိတ္တာကြီးဖြစ်၍  မီးဖြင့်  လောင်မြိုက် လျက် ပြင်းထန်သောဆင်းရဲကို ခံစားရ၏” ဟု မိန့်တော်မူ၏။
ပူလောင်ဆင်းရဲ
ထို့နောက်        မြတ်စွာဘုရားရှင်က “ရဟန်းတို့         လူမိုက်တို့မည်သည် မကောင်းမှုကံတို့ကို     ပြုကြစဉ်    (ငါ မကောင်းမှုကို ပြု၏ဟု)       မသိကြကုန်၊ နောင်အခါ၌  မိမိပြုသည့်  မကောင်းမှု ကံတို့ဖြင့်     လောင်ကျွမ်းရကုန်လျက် မိမိသည်ပင်   မိမိ၏   တောမီးနှင့်အတူ ဖြစ်ရကုန်၏” ဟု   မိန့်တော်မူပြီး  “အထ ပါပါနိ ကမ္မာနိ၊   ကရံ ဗာလော န ဗုဇ္ဈတိ။ သေတိ ကမ္မေဟိ ဒုမ္မေဓေါ   အဂ္ဂိ  ဍဎေုာဝ တပ္ပတိ” ဂါထာကို    ဟောတော်မူခဲ့၏။ (မြန်မာပြန်) လူမိုက်သည်  မကောင်းမှု ကံတို့ကို  ပြုစဉ်အခါ၌  (ငါမကောင်းမှုပြု ၏ဟု) မသိချေ။  ပညာမဲ့သူ ထိုလူမိုက်သည် မိမိပြုသည့်   ထိုမကောင်းမှုကံတို့ကြောင့် မီးဖြင့်လောင်သကဲ့သို့ ပူလောင်ဆင်းရဲရ ၏။ ဟု (ဓမ္မပဒ-၁၃၆) တွင်    ဖော်ပြထား သည်။
အတောမသတ်နိုင်
မည်သည့်  ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ မည်သည့်ခံယူချက်ဖြင့်ဖြစ်စေ၊   မည်သည့် အကြောင်းကြောင်းကြောင့်     ဖြစ်စေ အများပြည်သူပိုင်ဆိုင်ရာတို့ကို     ဖျက်ဆီး ခြင်း၊   သူတစ်ပါး      သူတစ်ဦးဦးအား အကြောင်းမဲ့သက်သက်   နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းသည်       မကောင်းမှု၊ အကုသိုလ်အမှု    ကျူးလွန်ခြင်းသာဖြစ် သည်။   တရားသောအမှုကို   ဆောင်ရွက် ခြင်းမဟုတ်ပေ။  ထိုအမှုတို့ကို  ကျူးလွန် ခြင်းသည်   လူဆိုးလူမိုက်တို့၏အလုပ်ကို ပြုလုပ်ခြင်းဖြစ်သည်။      ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝန်း၌    အများပြည်သူ ဆိုင်ရာတို့ကို  မီးရှို့၊  ဗုံးခွဲဖျက်ဆီးခြင်း၊ ပြည်သူတို့ကို    အကြောင်းမဲ့သက်သက် သတ်ဖြတ်ခြင်းတို့ကို    အတောမသတ် နိုင်အောင်     ပြုလုပ်နေသည်ကို     နေ့စဉ် တွေ့နေရသည်။ 
ဒုက္ခဆင်းရဲကြုံရ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ဇွန်လ ၁၀ ရက်နေ့အထိ  နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၆၈ မြို့နယ်တွင်  အများပြည်သူ တို့၏  လူနေအိမ်နှင့် ပစ္စည်း ၁၀၀ ကျော် ကို  ဆူပူအကြမ်းဖက်သောင်းကျန်းသူ တို့က မီးရှို့ဖျက်ဆီးခဲ့သည်။  မြို့နယ် ၁၃၇ မြို့နယ်တွင် ဌာနဆိုင်ရာရုံး၊   အဆောက် အအုံ ၂၆၀ ကျော်ကို     ဆူပူအကြမ်းဖက် သောင်းကျန်းသူများက   မီးရှို့ဖျက်ဆီးခဲ့ သည်။        အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ      လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ    သတ်ဖြတ်ခံရမှု များမှာ ရာနှင့်ချီ၍ ရှိလာပြီဖြစ်သည့်အပြင် မြို့ရွာများ        မတည်ငြိမ်မှုများကြောင့် ပြည်သူများ၏  လူနေမှုစီးပွားရေးဘဝများ အခက်အခဲများ  များစွာကြုံတွေ့နေကြရ သည်။  အကျိုးအကြောင်းမှာ ပြုသူအသစ်၊ ဖြစ်သူအဟောင်းကဲ့သို့     မှတ်ရမည်သာ ဖြစ်သည်။
အကုသိုလ်ကံခံရ
မကောင်းမှု     အကုသိုလ်အမှုများ ပြုလုပ်ခဲ့ကြခြင်းနှင့်ပတ်သက်၍  ရှင်မဟာ မောဂ္ဂလာန်သည် ရှေးက အမိကိုသတ်ခဲ့ဖူး သည်။ ရှင်မောဂ္ဂလာန်ဘဝ၌ ထိုကံအခွင့်ရ သဖြင့်  ခိုးသားငါးရာ၏  အသတ်ကိုခံခဲ့ရ ပြီးမှ  ပရိနိဗ္ဗာန်စံရသည်။  ဗိမ္ဗိသာရမင်း သည်  ရှေးက  ဘုရားရင်ပြင်တွင်  ဖိနပ်စီး ခဲ့ဖူး၏။  ဗိမ္ဗိသာရမင်းဘဝ၌   ထိုကံ အခွင့်ရသဖြင့်   ခြေဖဝါးကို   ဓားခွဲခံရပြီးမှ နတ်ရွာစံရသည်။   သာမာဝတီအမှူးရှိသော နန်းတွင်းသူတို့သည်  ရှေးက  ပစ္စေက ဗုဒ္ဓတို့       သမာပတ်ဝင်စားနေစဉ်    အလောင်းတော်ထင်၍      မီးရှို့ခဲ့ရာ  သမာပတ်မှ               ထသောအခါ   အသက်ရှိသေးကြောင်း   သိလျက်ပင် မိမိတို့  အမှုပေါ်မည်စိုး၍  ထပ်မံမီးတိုက်  ခဲ့ဖူးသည်။   ထိုကံ  အခွင့်ရသောအခါ  ၎င်းတို့အားလုံး         မီးလောင်၍       ဘဝဆုံးကြရသည်။           ဤကား      ရှေးဘဝကပြုခဲ့သော   အကုသိုလ်ကံ       အခွင့်ရသဖြင့်       ပြန်လည်အသက်      သေဆုံးရသောအဖြစ်များတည်း။
လတ်တလောသေရ 
ယခုဘဝမှာပင်   ဂုဏ်ကြီးသူများကို အကြီးအကျယ်စော်ကားမိ၍     ထိုကံက သတ်ဖြတ်သော    ဝတ္ထုများလည်း  ရှိသေးသည်။  “ဒုဿီ” အမည်ရသော  မာရ်နတ်သည်   ကဿပဘုရားရှင်၏  လက်ယာတော်ရံ  အဂ္ဂသာဝက အရှင်၏  ဦးခေါင်းတော်ကို   ကျောက်ခဲဖြင့်  ပေါက်လေသည်။   “နန္ဒ” မည်သော    နတ်ဘီလူးကား အရှင်သာရိပုတ္တရာ၏         ရိတ်ပြီးစ    ဦးခေါင်းပြောင်ပြောင်ကို  လက်ဖြင့် ခေါက်၏။    ကလာဗုသည်   အလောင်းတော်  ခန္တီဝါဒီရသေ့ကို      သေလောက်အောင်  နှိပ်စက်ခိုင်း၏။ ထိုနတ်၊  ဘီလူး၊   မင်းသားတို့     ထိုဘဝ၌ ပြုလုပ်သောကံသည်    ထိုဘဝမှာပင်  အခွင့်ရ၍    မြေမြိုစေလေသည်။ ဤသို့စသည်ဖြင့်    အမိ၊     အဖ၊ ဂုဏ်ကြီးသော    ဆရာသမားတို့ကို   စော်ကားသူတို့သည်   ထိုကံအတွက်     သက်တမ်းစေ့အောင်    မနေကြရဘဲ လတ်တလော သေရတတ်သည်။
မီးပုံထဲဆင်းလျှင်
သူတစ်ပါးတို့အား  ပျက်စီးအောင် သတ်ဖြတ်ဖျက်ဆီးခဲ့ကြသူများသည် ယခုဘဝ၌    အကျိုးပေးကံနည်းသေး၍ ကြီးကြီးမားမားမဖြစ်သေးသော်လည်း စဉ်းစားဆင်ခြင်ဉာဏ်     နည်းသူတို့ ကား        သေကျေပျက်စီးခြင်းသည် နှောင့်နှေးမည်မဟုတ်ပေ။   “အသက် ဉာဏ်စောင့်” ၊ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်မုဟုတ်” ၊ “ကျားရဲက ကြမ္မာ မယိုးသာ”     ဆိုသကဲ့သို့ပင် ကျားရှိနေသော     တောသို့သွားလျှင် ကျားကိုက်ခံရမည်မှာ  သေချာပါသည်။ မသွားသင့်သော     နေရာသို့သွား၍ ကျားကိုက်ခံရသည်မှာ  မိမိအသက်ကို ဉာဏ်မစောင့်သောကြောင့်   ဖြစ်သည်။ အခြားအကြောင်းကံကို ယိုးစွဲရန် မသင့် ပါပေ။    ကံယုံပြီး    မီးပုံထဲမဆင်းပါနှင့်၊ မီးပုံထဲဆင်းလျှင်   ကံကောင်းနေသော် လည်း    မီးလောင်သေဆုံးရမည်သာ တည်း။    ။