ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ကြက်‌ပေါင်ခြံရပ်ကွက်အတွင်း ရေဘေးသင့်မိသားစုများအား သွားရောက်တွေ့ဆုံအားပေး

 

မြစ်ကြီးနား    ဇွန်   ၁၉


ကချင်ပြည်နယ်အတွင်း      မိုး အဆက်မပြတ် ရွာသွန်းလျက်ရှိရာ ဧရာဝတီမြစ်ရေသည်  ယမန်နေ့ ညက စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီ မီတာအောက် ၉၆၀ စင်တီမီတာ အထိ         မြင့်တက်လာခဲ့သဖြင့် မြစ်ကြီးနားမြို့    မြေနိမ့်ပိုင်းဖြစ် သည့်      ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ (၈)နှင့်    နယ်မြေ (၉)တို့တွင်    ဧရာဝတီမြစ်ရေနှင့် မိုးရေများ    ဝင်ရောက်မှုကြောင့် အိမ်ထောင်စု  ၁၇ စု၊    လူဦးရေ ၈၉   ဦးတို့ကို     ရေဘေးလွတ်ရာ နေရာများတွင်  ခေတ္တရွှေ့ပြောင်း ထားရှိရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ဇွန် ၁၉ ရက် မွန်းလွဲ  ၂  နာရီခွဲတွင်    ရေဘေး သင့် မိသားစုများကို  သွားရောက် တွေ့ဆုံအားပေးထောက်ပံ့သည်။

 


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်သည်  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် အတူ      ကြက်ပေါင်ခြံရပ်ကွက်  နယ်မြေ (၈)၊ (၉)တို့မှ    ရေဘေးသင့် အိမ်ထောင်စုများ        ခေတ္တပြောင်းရွှေ့ နေရာချထားပေးသည့်          နေရာ များသို့ သွားရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က          နေထိုင် စားသောက်မှု  အဆင်ပြေစေရေး    တာဝန်ရှိသူများနှင့်    ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ      အိမ်ထောင်စု များအတွက် ပြည်နယ်အစိုးရ အဖွဲ့ က  ဆန်အိတ်၊  ကြက်ဥ၊  ခေါက်ဆွဲ ခြောက်ထုပ်များ၊             ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှု ဦးစီးဌာနက     ထောက်ပံ့ငွေများ ပေးအပ်သည်။

 


အဆိုပါ              ရေဘေးသင့် အိမ်ထောင်စု    ၁၇  စု၊      လူဦးရေ ၈၉    ဦးတို့ကို        ကချင်ပြည်နယ် အစိုးရအဖွဲ့က      စုစုပေါင်းတန်ဖိုး ငွေကျပ်    ၄၃၆၀၀၀   တန်ဖိုးရှိ ဆန်အိတ် ၁၀ အိတ်၊    ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ၊     ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဦးစီးဌာနက     စုစုပေါင်းတန်ဖိုး ငွေကျပ်   ၁၉၂၈၅၀ နှင့်   မြို့နယ် စည်ပင်သာယာရေး        အဖွဲ့က စုစုပေါင်း             တန်ဖိုးငွေကျပ် ၃၅၀၀၀၀ ရှိ  အခြေခံစားသောက် ကုန်များကို    ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)