KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်    ဇူလိုင်    ၂၀
ကရင်ပြည်နယ်   ကော့ကရိတ်မြို့အတွင်းသို့ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ   အကြမ်းဖက်သမားများ က    ဇူလိုင် ၁၉ ရက်တွင်   လက်နက်ကြီးများဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူငါးဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက် နံနက် ၇  နာရီခွဲတွင် ကော့ကရိတ်မြို့၏  အရှေ့မြောက်ဘက်   မီတာ ၃၀၀၀ ခန့်အကွာမှ   မြို့အတွင်းသို့   လက်နက် ကြီးများဖြင့်      အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ပဒုမ္မာလမ်းတွင် တစ်လုံး၊  အမှတ် ၂ ရပ်ကွက်   မြို့တော်ဦး ရပ်ကွက်တွင် တစ်လုံးနှင့်   ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင်   တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး  အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားနှစ်ဦး၊  အမျိုးသမီးသုံးဦးတို့တွင် လက်နက် ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါ      ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့   ပြည်သူ့ဆေးရုံသို့    ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဗုံးသီးများကျရောက်ရာ ရပ်ကွက်အတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှု များကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး    လုံခြုံရေးတပ်ဖွဲ့ဝင်များက   စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေ ရပ်ကွက်များအတွင်းသို့   အကြောင်းမဲ့အကြမ်းဖက် တိုက်ခိုက်ခြင်းသည်     ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ   ဥပဒေတို့အရ   စစ်ရာဇဝတ်မှု (War Crime)ကို   ကျူးလွန်ခြင်းဖြစ်ပြီး   လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်  လိုအပ်သည့်  တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်