
နေပြည်တော် ဇွန် ၁၅
အကြမ်းဖက်အဖွဲ့များ ဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်နှင့် ပြည်သူလူထုတို့ ထိတ်လန့် မှုများဖြစ်စေရန် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးများ၏ အထွတ်အမြတ် ထားရာ သာသနာပိုင် အဆောက် အဦများ၊ ဘုန်းတော်ကြီးကျောင်း များ၊ ဌာနဆိုင်ရာ အဆောက်အဦ များ၊ လမ်းတံတားများနှင့် စာသင် ကျောင်းများအား အကြမ်းဖက် တိုက်ခိုက်ခြင်း၊ ရဟန်းသံဃာ တော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူ များအား ခြိမ်းခြောက်အကြပ်ကိုင် ခြင်း၊ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ် ဆောင် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့တွင်လည်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကရင် ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်အတွင်းသို့ မြို့၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်မှ လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် နယ်မြေခံတပ်ရင်း ဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သမားများသည် အရှေ့ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက် သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီးများသည် ရပ်ကွက်အတွင်းရှိ ဇောတိရာမ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းနှင့် ပင်မကျောင်းဆောင် ပေါ်သို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ကျောင်းဆောင်ပေါ်တွင် သီတင်းသုံးနေသည့် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ကောဝိဒတွင် လက်နက်ကြီး ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော်အား ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရ သည်။
ထိုသို့ အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ မြို့အတွင်း သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်