ကလေးကို ရိုက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရာက လူသတ်မှုဖြစ်

 

နေပြည်တော်  ဇန်နဝါရီ  ၁၆


ရန်ကုန်တိုင်းဒေသကြီး   ဒလမြို့နယ်၌  ဇန်နဝါရီ  ၁၄ ရက်က ကလေးကိုရိုက်သည့် ကိစ္စနှင့်ပတ်သက် ၍  စကားများရာမှ   လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ  ည  ၁၁  နာရီခွဲခန့်တွင်   ဒလမြို့နယ် စံပြကျေးရွာနေ ဒေါ်ခင်သီတာထွေး (၃၈)နှစ်နှင့် တစ်ရွာတည်းနေ ကျော်သူအောင်(ခ)ဘယ်ကျော်(၂၃)နှစ်၊ ဇော်ဇော်အောင်(၂၄)နှစ်တို့  ကလေးကိုရိုက် သည့်   ကိစ္စနှင့်ပတ်သက်၍  စကားများကြစဉ် ကျော်သူအောင်(ခ)ဘယ်ကျော်က ဒေါ်ခင်သီတာထွေး ကို အရှည် တစ် ပေခန့်ရှိ ဓားဖြင့်ထိုးခဲ့ရာ ဒေါ်ခင် သီတာထွေးတွင် လည်ပင်း၊ ရင်ညွန့်၊ ဝမ်းဗိုက်၊ ခြေထောက်ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိ သေဆုံးသွား သောကြောင့် ကျော်သူအောင် (ခ)ဘယ်ကျော်နှင့် ဇော်ဇော်အောင်တို့အား    ပျော်ဘွယ်ကြီးနယ်မြေရဲ စခန်းက  ရာဇသတ်ကြီး  ပုဒ်မ ၃၀၂/၁၁၄  ဖြင့်    အမှုဖွင့်အရေးယူထားကြောင်း       သတင်းရရှိ  သည်။  


ရဲပြန်ကြား